Connect with us

Europe

ရုရှားနိုင်ငံက စီးပွားရေးတည်ငြိမ်မှုအာမခံရန် အသုံးစရိတ်ရန်ပုံငွေ တိုးမြှင့်ထား

ရုရှားနိုင်ငံ မော်စကိုမြို့၌ ရုရှား ရူဘယ်ငွေစက္ကူများအားတွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဧပြီ ၁၁ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံအစိုးရသည် ပြည်ပဒဏ်ခတ်ပိတ်ဆို့မှုများရင်ဆိုင်ကြုံတွေ့နေရချိန်တွင် တိုင်းပြည်၏ စီးပွားရေးတည်ငြိမ်မှု အာမခံနိုင်ရန်အတွက် ၎င်း၏ အရန်ငွေကြေး ရန်ပုံငွေကို ရူဘယ် ၂၇၃.၄ ဘီလီယံ(အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံ) အထိတိုးမြှင့်ထားလိုက်ပြီးဖြစ်ကြောင်း သိရသည်။

တိုးမြှင့်ခြင်း အကြီးဆုံးအရင်းအမြစ် သို့မဟုတ် ရူဘယ်ငွေ ၂၇၁.၆ ဘီလီယံသည် ၂၀၂၂ ခုနှစ် ပထမ လေးလပတ်အတွင်း နောက်ထပ်ရရှိသော ရေနံ နှင့် သဘာဝဓာတ်ငွေ့ဝင်ငွေမှ ဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံ၏ အရန်ငွေကြေး ရန်ပုံငွေသည် ဖက်ဒရယ်ဘတ်ဂျက်အသုံးစရိတ်ဖြင့် အကြုံးဝင်မှုမရှိသော အရေးကြီး လုပ်ငန်းအစီအမံများ နှင့် မြင်နိုင်စွမ်းမရှိသော အသုံးစရိတ်များအတွက် ငွေကြေးထောက်ပံ့ပေးရန် ဖန်တီးထားခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………….
(English Version)
Russia increases spending fund to ensure economic stability
MOSCOW, April 10 (Xinhua) — The Russian government said Sunday that it has raised its reserve fund by 273.4 billion rubles (3.4 billion U.S. dollars) to ensure economic stability in the face of external sanctions.
The largest source of the increase, or 271.6 billion rubles, was additional oil and gas revenues received in the first quarter of 2022, the government said in a statement.
Russia’s reserve fund was created to finance unforeseen expenses and significant measures not covered by the federal budget.

Photo taken on March 24, 2022 shows ruble banknotes and coins in Moscow, capital of Russia. (Xinhua/Bai Xueqi)