Connect with us

Africa & Middle East

အာဖဂန်နစ္စတန်၏ ဆိုးဝါးသည့် အခြေအနေက တရုတ်နိုင်ငံ၏ကူညီပံ့ပိုးမှုကြောင့် သက်သာရာရစေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ အရာရှိတစ်ဦး ပြောကြား

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် တရုတ်နိုင်ငံမှလှူဒါန်းသော ထောက်ပံ့ရေးပစ္စည်းများအား အာဖဂန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဝမ်ယွီက အာဖဂန်ကြက်ခြေနီအသင်း(ARCS) အထွေထွေအတွင်းရေးမှူး Mawlawi Matiul Haq Khalisအား လွှဲပြောင်းပေးနေသည်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက အာဖဂန်နစ္စတန်သို့ ပံ့ပိုးပေးသော အရင်းအမြစ်များသည် အာဖဂန် ပြည်တွင်းအိုးမဲ့အိမ်မဲ့များ အေးခဲသည့်ဆောင်းရာသီနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြီးကို ကျော်ဖြတ်ရာတွင် အကူအညီဖြစ်စေသလို နိုင်ငံရေးအလွှာမှ တရုတ်နိုင်ငံ၏ပါဝင်က ရေရှည်ဖြေရှင်းရေးအတွက် ‌အထောက်အပံ့ဖြစ်စေကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည့် အာဖဂန်ပြည်သူ ၃.၅ သန်းခန့် ရှိနေဆဲဖြစ်ရာ ၎င်းတို့အနက် ၈၀ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့်ကလေးငယ်များဖြစ်ပြီး ၎င်းတို့သည် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အားထား၍ အသက်ဆက်နေရကြောင်း ဘန်ကောက် အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) အာရှ-ပစိဖိတ်ဒေသ ညွှန်ကြားရေးမှူး Indrika Ratwatteက ဆိုသည်။

ဘန်ကောက်အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) အာရှ-ပစိဖိတ် ညွှန်ကြားရေးမှူး Indrika Ratwatteအား တွေ့ရစဉ်(ဓါတ်ပုံ-UNHCR)

အာဖဂန်နစ္စတန်နိုင်ငံ Faryabပြည်နယ် မြို့တော် Maimanaတွင် တရုတ်နိုင်ငံမှလှူဒါန်းသော ကူညီထောက်ပံ့ရေးပစ္စည်းများ ဝေပေးနေသည်ကို ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ Faryabပြည်နယ် မြို့တော် Maimanaတွင် တရုတ်နိုင်ငံမှလှူဒါန်းသော ကူညီထောက်ပံ့ရေးပစ္စည်းများ ဝေပေးနေသည်ကို ဇန်နဝါရီ ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

“လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်မှုကိုပဲပြောမယ်ဆိုရင် အလွန့်အလွန်ကို ဆိုးဝါးတဲ့ အခြေအနေပါပဲ”ဟု ၎င်းက ဆင်ဟွာ၏ ယခုကာလ သီးသန့်တွေ့ဆုံမေးမြန်မှုတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှစပြီး အိုးမဲ့အိမ်မဲ့ အာဖဂန်ပြည်သူများက အေးခဲ့သည့်ဆောင်ရာသီ၏ဒဏ်ကို ခံနေရခြင်းဖြစ်ကာ ယင်းအခြေအနေမှာ ဖေဖော်ဝါရီလကုန် သို့မဟုတ် မတ်လဆန်းအထိ ကြာနိုင်သည်ဟု ခန့်မှန်းရကြောင်း ၊ “နှင်းတွေအရည်ပျော်သွားရင်တောင် အပူချိန်က တစ်ချို့နေရာတွေမှာ – ၂၀ က -၂၅ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်သေးတယ်”ဟု ၎င်းက ဆိုသည်။

ကိုဗစ်-၁၉ ကပ်ရောဂါအတွက်လည်း စိန်ခေါ်မှု များစွာ ရှိနေကြောင်း၊ အာဖဂန်လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကသာ ကာကွယ်ဆေးအပြည့်အဝထိုးထားခြင်းကြောင့် တရုတ်နိုင်ငံက လှူဒါန်းသည့် ဆေးထိုးအပ်နှင့်ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများက အလွန်အကူအညီဖြစ်စေကြောင်း ပြောကြားခဲ့သည်။

ဗွီဒီယို အင်တာဗျူးတွင် Ratwatteက အာဖဂန် ကျန်းမာရေးအခြေခံအဆောက်အအုံအားနည်းသည့် ကျေးလက်တောရွာများအတွက် စိုးရိမ်ပူပန်မှုရှိရာ ယခုလိုလှူဒါန်းမှုက လူထုကိုယ်ခံအားစနစ်တည်ဆောက်ရာတွင် အရေးပါကြောင်း ဆိုသည်။

“ကျွန်တော်တို့ သိကြတဲ့အတိုင်းပဲ၊ ဗိုင်းရပ်စ်မျိုးကွဲသစ်က ပျံ့နှံ့နေတယ်၊ လူတိုင်းကာကွယ်ဆေးမထိုးဘူးဆိုရင် ၊ ဘယ်သူကမှ လုံခြုံမှမဟုတ်ဘူး”ဟု ၎င်းက ပြောကြား သည်။ တရုတ်နိုင်ငံက ပြည်တွင်းမှာ ကာကွယ်ဆေးထိုးမှုကို ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်စွာ လုပ်ဆောင်နေကြောင်း သူက ဖြည့်စွက်ပြောကြားခဲ့သည်။

UNHCRက အာဖဂန်အတွက် ပိုအားစိုက်ပြီးလုပ်နေသော်လည်း တုန့်ပြန်ရေးယန္တရားဖိအား များလာသည်နှင့်အညီ အကူအညီများ ပိုမို လိုအပ်နေဆဲဖြစ်ကြောင်း Ratwatte ဆိုသည်။

ဇန်နဝါရီလတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက အာဖဂန်နစ္စတန်အတွက် အကြီးမားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံ တန်ဖိုးရှိ အကူအညီ တောင်းခံခဲ့ကြောင်း Ratwatte၏ ပြောကြားချက်အရသိရသည်။

တရုတ်နိုင်ငံသည် နှစ်ဖက်နှင့်ဘက်ပေါင်းစုံလမ်းကြောင်းများတစ်ဆင့် UNHCRနှင့် အခြားသော ကူညီကယ်ဆယ်ရေးအဖွဲ့များအား ကူညီလှူဒါန်းပေးသည့်အတွက် အထူးကြိုဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

UNHCR အချက်အလက်များအရ တရုတ်နိုင်ငံသည် ပြည်သူ့ကဏ္ဍပံ့ပိုးလှူဒါန်းမှုများတွင် ပါဝင်သည့် နိုင်ငံဖြစ်ပြီး ၂၀၂၁ ခုနှစ် လှူဒါန်းမှုသည် ၂၀၂၀ ပြည့်နှစ်ကထက် အနည်းဆုံး ၂၀ ရာခိုင်နှုန်းပို၍ များကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁.၇၇ သန်း ပံ့ပိုးကူညီခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅.၃၃ သန်းထိ တိုးမြင့်ကူညီခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် UNHCRနှင့်ပူးပေါင်းဆောင်ရွက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများပူးပေါင်းဆောင်ရွက်မှုကူညီပံ့ပိုးရေးရန်ပုံငွေမှတစ်ဆင့် ကပ်ဘေးကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းများကို အာဖဂန်သို့ ပြီးခဲ့သည်နှစ် နိုဝင်ဘာလက ပေးပို့ခဲ့ရာ အာဖဂန် အိုးအိမ်စွန့်ခွာရသူများ၊ နေရပ်သို့ပြန်လာသူများ၊ ထိန်းသိမ်းရေးစခန်းများတွင် ဆိုးဝါးသည့်ဆောင်းဒဏ်ကို ဖြတ်သန်းနိုင်ရန် ကူညီခဲ့သည်။

“UNHCRမှာ တရုတ်အစိုးရရဲ့ ကူညီပံ့ပိုးမှုတိုးလာတဲ့အတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်”၊ “တရုတ်အစိုးရက UNHRCကို ဘက်ပေါင်းစုံ အားပေးဖို့နဲ့ နှစ်ဖက်အထောက်အပံ့များ ဆက်လက် ပံ့ပိုးပေးဖို့ စဉ်းစားတဲ့အတွက် ကျွန်တော်တို့က ကြိုဆိုလိုက်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက အာဖဂန်အခြေအနေတိုးတက်မှုရှိအောင် ကူညီရာတွင် ဆေးဝါးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရင်းအမြစ်တွေသာမကကြောင်း၊ Ratwatteက ထောက်ပြ ပြောကြားခဲ့သည်။”အရင်းအမြစ်အထောက်အပံ့တွေသာမကဘူး၊ နိုင်ငံရေးအဆင့်တွင် အာဖဂန်အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုတွေအားလုံးကိုလည်း ကျွန်တော်တို့ တန်ဖိုးထားပါတယ်”ဟု ၎င်းက ဆိုသည်။

“အရင်းအမြစ်ပံ့ပိုးမှုက အရေးကြီးပေမယ့် နိုင်ငံရေးအဆင့်မှ ဒုက္ခသည်အရေးကို ဖြေရှင်းဖို့က ပိုပြီး တန်ဖိုးထိုက်တယ်၊ ဒါကလည်း ကျွန်တော်တို့ နောက်ဆုံးမျှော်လင့်ရာဖြစ်တယ်”ဟု ဆိုသည်။

Ratwatteက လက်ရှိ အရေးကြီးသည့်ကိစ္စမှာ အာဖဂန်ပြည်သူ ၃၈ သန်း အရေးပေါ်အကူအညီရရှိပြီး သူတို့နေထိုင်မှုဘဝနှင့်ပြန်လည်ရှင်သန်ရေးအတွက် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့အတွက် ပြည်သူ့ဝန်ဆောင်မှု၊ ကျန်းမာရေးနှင့် ပညာရေးအထောက်အပံ့များအပါအဝင် အာဖဂန်ပြည်သူများ ကြုံတွေ့နေရသည့် အဓိကပြဿနာဖြစ်သည့် နိုင်ငံရေးဆန္ဒနှင့်စွမ်းရည်ကို ဖြေရှင်းပေးရန် နိုင်ငံတကာအသိုက်အဝန်းကြိုးပမ်းပေးကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

“ဒီအကြောင်းအရာများကို နိုင်ငံရေးအဆင့်က ဖြေရှင်းဖို့ အလွန်အရေးကြီးပါတယ်၊ အရင်းအမြစ်တွေ ရင်းနှီးမြှုပ်နှံဖို့လိုအပ်တယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

……………………………….
(English Version)
UN refugee agency official says China’s contribution helps alleviate dire situation in Afghanistan
2022-02-12 09:49:32
Chinese Ambassador to Afghanistan Wang Yu (L, front) and Secretary General of the Afghan Red Crescent Society (ARCS) Mawlawi Matiul Haq Khalis (R, front) attend a handover ceremony for China-donated supplies in Kabul, capital of Afghanistan, Dec. 21, 2021. (Photo by Saifurahman Safi/Xinhua)
Indrika Ratwatte, UNHCR director for Asia and the Pacific, said China’s increasing support and contribution to the UNHCR and other relief efforts through both bilateral and multilateral avenues are much welcomed.
BANGKOK, Feb. 12 (Xinhua) — The resources provided by China to Afghanistan are helping the internally displaced Afghans to weather the harsh winter and COVID-19 pandemic, while China’s engagement at political levels would facilitate a long-term solution in the country, a senior official of the UN refugee agency has said.
Some 3.5 million Afghan people remain displaced by conflict, 80 percent of whom are women and children that have been dependent on life-saving humanitarian aids, said Indrika Ratwatte, director for Asia and the Pacific of the United Nations High Commissioner for Refugees (UNHCR) based in Bangkok.
“It’s a very, very dire situation in terms of the humanitarian needs,” he told Xinhua in an exclusive interview recently.
File Photo of Indrika Ratwatte, director for Asia and the Pacific of United Nations High Commissioner for Refugees (UNHCR) based in Bangkok, Thailand. (Photo credit: UNHCR)
The displaced population are facing a harsh winter in Afghanistan since November last year which is expected to last till late February or early March. “Even when the snow starts melting, temperature in some areas could go as low as minus 20 to 25 degrees Celsius,” he said.
There are also challenges from the COVID-19 pandemic, as only 10 percent of the Afghan population have been fully vaccinated, which means vaccines, syringes and protecting equipment donated by the Chinese government were “very helpful”.
In the interview via video link, Ratwatte expressed concerns over the poor health infrastructure in the country’s rural areas, making such donations fundamental to the immunizations of the population.
“As we all know, with the new variant keeps spreading around, unless everybody is inoculated, nobody is actually safe,” he said, adding that China has rolled out vaccination domestically in a successful manner.
Ratwatte said the UNHCR has put in extra efforts for Afghanistan, but as the coping mechanisms are being stressed out, more assistance is needed.
In January, the UN refugee agency launched a 4.4-billion-U.S.-dollar aid appeal for Afghanistan in its largest-ever humanitarian appeal for a country, according to Ratwatte.
People receive relief assistance donated by China in Maimana, capital of Faryab province, Afghanistan, Jan. 10, 2022. (Photo by Qamaruddin Poya/Xinhua)
He said China’s increasing support and contribution to the UNHCR and other relief efforts through both bilateral and multilateral avenues are much welcomed.
According to the UNHCR data, China has been one of the public sector donors contributing at least 20 percent above the 2020 levels during 2021. The country’s contribution raised from 1.77 million U.S. dollars in 2020 to 5.33 million dollars in 2021.
China donated a batch of core relief supplies through the South-South Cooperation Assistance Fund in cooperation with UNHCR, which arrived in Afghanistan in November last year and helped the displaced people, returnees and host communities in Afghanistan brace the harsh winter.
“We do appreciate the increase in the Chinese government’s contribution to UNHCR,” he said. “We would obviously welcome the Chinese government to consider its multilateral support as well for UNHCR and continuing its bilateral support.”
People receive relief assistance donated by China in Maimana, capital of Faryab province, Afghanistan, Jan. 10, 2022. (Photo by Qamaruddin Poya/Xinhua)
Ratwatte also pointed out China’s contribution to improving the situation in Afghanistan went beyond providing medical and humanitarian resources. “We do appreciate very much what China has done, not just in terms of resources, but also trying to engage at the political level in Afghanistan to find solutions,” he said.
“While resources are very important, obviously the engagement at a political level is appreciated to find solutions for refugees because that’s what we all want to have at the end of the day,” he said.
Ratwatte noted that priorities remain to ensure the 38 million people in Afghanistan to get dire support so that they could have a life, dignity and resilience. He called for the international community to come together and demonstrate the political will and ability to address key issues facing the Afghan people, including the funding of public services, health care and education.
“These are also very important things to be unblocked at a political level, and require resources to be devoted,” he said. ■