Connect with us

Europe

၂၀၂၂ ခုနှစ်တွင် မော်လ်တာ-တရုတ် ဆက်ဆံရေး တိုးမြှင့်ရန် မျှော်လင့်ကြောင်း မော်လ်တာသမ္မတက ပြောကြား

မော်လ်တာသမ္မတ George Vella (ယာ) နှင့် တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ၏ နိုင်ငံခြားရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ တို့ မော်လ်တာနိုင်ငံ၊ ဗလက်ဒါမြို့ ၌ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်တွင် တွေ့ဆုခဲ့စဉ် (ဆင်ဟွာ)

ဗလက်ဒါ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)
မော်လ်တာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် မကြာသေးမီနှစ်များအတွင်း စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံမှုများ အားကောင်းလျက်ရှိကြောင်းနှင့် ဆက်ဆံရေး ဆက်လက်မြှင့်တင်ရန် မျှော်လင့်ထားကြောင်း မော်လ်တာ သမ္မတ George Vella က ဖေဖော်ဝါရီ ၁၁ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။

နှစ်နိုင်ငံတို့သည် နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းထားပြီး ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအားဆက်လက်တိုးမြှင့်ရန် မျှော်လင့်ကြောင်း တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်ပွဲတစ်ခု၌ မော်လ်တာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Yu Dunhai နှင့် တွေ့ဆုံစဉ် Vella က ပြောကြားခဲ့သည်။
ကမ္ဘာကြီး၏ မတူညီသောနေရာများ၌ တည်ရှိနေပြီး ပထဝီဝင်အနေအထား အရွယ်အစား၊ ဂျီဒီပီနှင့် လူဦးရေအရ ကြီးမားသော ကွဲပြားမှုရှိနေလင့်ကစား မော်လ်တာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် “တစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ယဉ်ကျေးမှုကို တစ်နိုင်ငံက လေးစားလိုက်နာရန် အမြဲတမ်း ကတိကဝတ်ပြုထားပြီး၊ သည်းခံခြင်း နှင့် ငြိမ်းချမ်းရေး စံနှုန်းများကို အပြည့်အဝ လေးစားလိုက်နာပြီး ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများ၊ အလေ့အကျင့် ကောင်းများအား ဖလှယ်ရန် အမြဲအတူတကွရှိခဲ့ကြောင်း’’ ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မောလ်တာလူမျိုးများနှင့် တရုတ်လူမျိုးများသည် ၂၀၂၂ ခုနှစ်အတွင်း အပြန်အလှန် ထိတွေ့ဆက်ဆံရန်၊ သင်ယူရန် အခွင့်အလမ်းများ တိုးပွားလာမည်ဟု ၎င်းအနေဖြင့် ယုံကြည်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယခုနှစ်နှောင်းပိုင်းတွင် တရုတ်နိုင်ငံသို့ အလည်အပတ်လာရောက်မည်ဖြစ်ကြောင်း Vella မှ ပြောကြားခဲ့ပြီး ယင်းခရီးစဉ်သည် “ နှစ်နိုင်ငံကြား နည်းပညာ၊ သံတမန်ရေးရာနှင့် ကူးသန်းရောင်းဝယ်မှု ဆက်ဆံရေးကို တိုးမြှင့်ရန်အတွက် အထောက်အကူတစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း’’ ဖြည့်စွက် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် မော်လ်တာနိုင်ငံတို့သည် လွန်ခဲ့သည့်နှစ်အတွင်း မကြာခဏ အဆင့်မြင့် ဖလှယ်မှုများ ပြုလုပ်ခဲ့ကြပြီး နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုလည်း ပိုမိုအားကောင်းလာခဲ့ကြောင်း တရုတ်သံအမတ်ကြီးက ဆိုသည်။

ကပ်ရောဂါကို တိုက်ဖျက်ရေးတွင် နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးတက်မှုအား နှစ်နိုင်မြင်တွေ့ခဲ့ရပြီး ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်အောက်တွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သလို ပိုမိုနက်ရှိုင်းသော ယဉ်ကျေးမှုဖလှယ်ခြင်းတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Yu က ဖြည့်စွက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ်သည် အစဉ်အလာမပျက် ချစ်ကြည်ရင်းနှီးမှု အားကောင်းမှုရှိစေရန် စတင်မှတ်အဖြစ် ဆောင်ရွက်ရန်၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန်နှင့် တရုတ်-မော်လ်တာ ဆက်ဆံရေး အဆင့်သစ်သို့ မြှင့်တင်ရန် အဆင်သင့်ရှိကြောင်း Yu က ဆိုသည်။ (Xinhua)

………………………………..
(English Version)
Malta-China ties expected to be enhanced in 2022, says Maltese president
VALLETTA, Feb. 11 (Xinhua) — Malta and China have strengthened economic and cultural ties in recent years, and the relations are expected to be enhanced, said Maltese President George Vella here on Friday evening.
The two countries continue to sustain close cooperation and look forward to increased dialogue and collaboration, Vella said while meeting the Chinese Ambassador to Malta Yu Dunhai in an event celebrating the Chinese Lunar New Year.
Although situated in different parts of the globe, and presenting huge differences in terms of geographical size, GDP and population, Malta and China have always been “committed to respecting each other’s sovereignty, and culture, whilst exchanging best practices in full respect of universally shared values of tolerance and peace,” he added.
He believed that Maltese and Chinese peoples will have increased opportunities to interact, meet and learn from one another in the year 2022.
Vella said he will visit China later this year, adding that this visit will act as “a catalyst to enhance technical, diplomatic and commercial relations between our two countries.”
For his part, the Chinese ambassador said that over the past year, China and Malta conducted frequent high-level exchanges and political mutual trust became stronger.
Yu added that the two sides have witnessed the growth of bilateral trade against the pandemic, further cooperation under the “Belt and Road” Initiative, and deeper cultural exchanges.
China is ready to take the 50th anniversary of the establishment of diplomatic ties between the two countries as a new starting point to strengthen traditional friendship, expand multilateral and bilateral cooperation and promote the China-Malta relations to a new level, said Yu. Enditem
Photo-Maltese President George Vella (R) meets with Yang Jiechi, a member of the Political Bureau of the Communist Party of China (CPC) Central Committee and the director of the Office of the Foreign Affairs Commission of the CPC Central Committee, in Valletta, Malta, Dec. 7, 2021. (Xinhua/Liu Yongqiu)