Connect with us

International Organizations

အီရန်က ကမ္ဘာ့ဈေးကွက်တွင် လိုအပ်သော ရေနံများရောင်းချရန် အသင့်ရှိ

လတ်ဗီးယားနိုင်ငံ၊ ရီဂါမြို့ ရှိ စက်သုံးဆီဆိုင် ၁ ခု၌ လောင်စာဆီဈေးနှုန်းများအား ဖော်ပြထားသည်ကို ၂၀၂၂ ခုနှစ် မတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ မတ် ၁၂ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံသည် ကမ္ဘာ့ဈေးကွက်အတွက် လိုအပ်သောရေနံများကို ဈေးနှုန်းတည်တည်ငြိမ်ငြိမ် နှင့် ရောင်းချရန် အသင့်ရှိကြောင်း အီရန်အမျိုးသားရေနံကုမ္ပဏီ (NIOC) အကြီးအကဲက မတ် ၁၁ ရက်တွင် ပြောကြားခဲ့ကြောင်း အီရန် အစိုးရသတင်းဌာန IRNA က ဖော်ပြခဲ့သည်။ရေနံဈေးကွက်တွင် အီရန်နိုင်ငံ မှ ဈေးကွက်ဝေစုကို ပြန်လည်ရရှိရန် အီရန်အစိုးရအနေဖြင့် ကြိုးပမ်းအားထုတ်မှုတိုင်းကို ပြုလုပ်လျက်ရှိကြောင်း NIOC ၏ အမှုဆောင်အရာရှိချုပ် Mohsen Khojasteh Mehr က IRNA သို့ ပြောကြားခဲ့သည်။

“အီရန်အနေဖြင့် ကမ္ဘာ့ဈေးကွက်သို့ ပြန်လည်ဝင်ရောက်ရန် ပိတ်ဆို့အရေးယူမှုများကာလများနှင့် ပိတ်ဆို့အရေးယူမှု အလွန်ကာလအတွက် လိုအပ်သော ဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း’’ ၎င်းက ပြောကြားခဲ့သည်။

“ရေနံရောင်းချခြင်းဖြင့် ကမ္ဘာမှာ အီရန်ရဲ့နေရာရရှိတာက ထူးခြားကြောင်းနှင့် ဥရောပရေနံသန့်စင်သူများကလည်း အီရန်အနေဖြင့် ရေရှည်တည်တံ့သော စွမ်းအင်ပံ့ပိုးသူဖြစ်ခြင်းကို စိတ်ချယုံကြည်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“NIOC အနေနဲ့ တခြားကုမ္ပဏီတွေနဲ့အတူ ဥရောပကုမ္ပဏီတွေရဲ့ လိုအပ်ချက်တွေကို ကိုက်ညီစေဖို့ အဆင်သင့်ဖြစ်နေပါပြီ” ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

အီရန်နိုင်ငံအနေဖြင့် ကမ္ဘာ့ဈေးကွက်က အီရန်ထံမှ ရေနံလိုအပ်သမျှကို တင်ပို့ရောင်းချရန် အပြည့်အဝ ပြင်ဆင်ထားပြီးဖြစ်ကြောင်း Khojasteh Mehr က အလေးထားပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ သမ္မတဟောင်းက ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက်မှ အမေရိကန်ကို နုတ်ထွက်စေခဲ့ပြီးနောက် အီရန်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များ ပြန်လည်ပြုလုပ်ခဲ့ပြီးနောက် အီရန်၏ ရေနံလုပ်ငန်းနှင့် ပို့ကုန်များမှာ ၂၀၁၈ ခုနှစ် နွေရာသီမှစ၍ အမေရိကန်၏ တစ်ဖက်သိတ်ပိတ်ဆို့မှုများအောက်သို့ ရှိသွားခဲ့ကြောင်း သိရသည်။ (Xinhua)

————————–
(English Version)
Iran ready to supply required oil for world market: official

TEHRAN, March 11 (Xinhua) — The head of National Iranian Oil Company (NIOC) said Friday that Iran is ready to supply required oil for the world market and stabilize the prices, official news agency IRNA reported.

The Iranian government has made every effort to regain Iran’s oil share in the market and to increase it, Mohsen Khojasteh Mehr, the CEO of NIOC told IRNA.

“Necessary measures are being taken for the sanctions and post-sanctions time” for Iran to return to the world market, he was quoted as saying.

Iran’s position in supplying the world with oil is special, he said, adding that European refiners are confident that Iran is a sustainable supplier of energy.

“At the NIOC, we are ready to meet the needs of the European companies, along with other companies,” he noted.
Iran is fully prepared to supply whatever the market wants from Iran’s oil, Khojasteh Mehr stressed.

Iran’s oil industry and its exports have been under U.S. unilateral sanctions since summer 2018, after the former U.S. president withdrew Washington from the 2015 nuclear deal and reinstated new sanctions against the country. Enditem