Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံ၏ ၂၃ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် Shahbaz Sharif က ကျမ်းသစ္စာကျိန်ဆို

ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် Shahbaz Sharif က ကျမ်းသစ္စာကျိန်ဆိုခြင်းအား ပါကစ္စတန်နိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ Senate Sadiq Sanjrani က စီမံဆောင်ရွက်ပေးနေသည်ကို ဧပြီ ၁၁ ရက်တွင် တွေ့ရစဉ်(PID/Handout via Xinhua)

အစ္စလာမ်မာဘတ် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ၏ ၂၃ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် Shahbaz Sharif သည် ဧပြီ ၁၁ ရက် ညပိုင်းတွင် သမ္မတအိမ်တော်၌ ကျင်းပသည့် အခမ်းအနားတစ်ခုတွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။ပါကစ္စတန်နိုင်ငံ သမ္မတ Arif Alvi က စိတ်မသက်မသာစောဒက တက်မှုရှိလင့်ကစား ပါကစ္စတန်နိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ Senate Sadiq Sanjrani က အသစ်ရွေးချယ်ခဲ့သည့် ဝန်ကြီးချုပ်အား ကျမ်းသစ္စာကျိန်ဆိုခြင်းကို စီမံဆောင်ရွက်ပေးခဲ့ကြောင်း သမ္မတ၏ တရားဝင် တွစ်တာအကောင့်တွင် ရေးသားဖော်ပြမှုအရ သိရသည်။

ဧပြီ ၁၁ ရက် မွန်းလွဲပိုင်းတွင် ပါကစ္စတန်နိုင်ငံ၏ ဝန်ကြီးချုပ်အသစ်အတွက် ရွေးကောက်ပွဲပြုလုပ်ရန် အမျိုးသားလွှတ်တော်အစည်းအဝေးအတွင်း Pakistan Muslim League-Nawaz ပါတီ၏ ဥက္ကဋ္ဌဖြစ်သူ Sharif သည် အဖွဲ့ဝင် ၃၄၂ ဦးရှိသော လွှတ်တော်၌ ထောက်ခံမဲ ၁၇၄ မဲဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အတိုက်အခံမဟာမိတ်များက အဆိုပြုခဲ့သည့် အယုံအကြည်မရှိသော လှုပ်ရှားမှုတစ်ရပ်မှတစ်ဆင့် ဖြုတ်ချခံခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်း Imran Khan ပြီးနောက် Sharif သည် အာဏာရရှိလာခဲ့သည်။

ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရပြီးနောက် အမျိုးသားလွှတ်တော်သို့ ပြောကြားခဲ့သည့် ပွဲဦးထွက်မိန့်ခွန်းတွင် Sharif က ၎င်းအနေဖြင့် အနောက်နိုင်ငံများ နှင့် အိမ်နီးချင်းနိုင်ငံများအားလုံး နှင့်အတူ ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေး ထားရှိရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Sharif က ၎င်း၏ ဝန်ကြီးချုပ်ရာထူးသက်တမ်းအတွင်း တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံမူဘောင်အောက်တွင် စီမံကိန်းများ ပြီးစီးရေးနှင့်ပတ်သက်၍ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း Nawaz Sharif ၏ ညီတစ်ဦးအနေဖြင့် Sharif သည် နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်၏ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် သုံးကြိမ်တိုင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————–
(English Version)

Shahbaz Sharif takes oath as 23rd prime minister of Pakistan

ISLAMABAD, April 12 (Xinhua) — Shahbaz Sharif took the oath as the 23rd Prime Minister of Pakistan during a ceremony held at the President House Monday night.

Chairman of Pakistan’s Senate Sadiq Sanjrani administered the oath of office to the newly-elected prime minister as Pakistani President Arif Alvi “complained of discomfort,” according to the president’s official Twitter account.

During the National Assembly session to conduct the election for the Asian country’s new prime minister Monday afternoon, Sharif, president of the Pakistan Muslim League-Nawaz, won 174 votes in the 342-member house.
Sharif came to power after former Prime Minister Imran Khan was ousted through a no-confidence motion moved by an opposition alliance.

In his maiden address to the National Assembly after being elected as the prime minister, Sharif said he is looking forward to having friendly relations with all neighboring countries and Western countries.

He also said that during his term, he will work on the completion of the projects under the framework of the China-Pakistan Economic Corridor.
As a brother of former Pakistani Prime Minister Nawaz Sharif, Shahbaz served as the chief minister of the country’s eastern Punjab province three times. ■

Photo – Chairman of Pakistan’s Senate Sadiq Sanjrani administers the oath of office to Shahbaz Sharif (R) as Prime Minister of Pakistan in Islamabad, capital of Pakistan on April 11, 2022. (PID/Handout via Xinhua)