Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ၌ ကမ်းခြေဖြစ်ရိုးဖြစ်စဉ် မတော်တဆမှုကြောင့် လူ ၁၁ ဦး ပင်လယ်ထဲတွင်ရေနစ်သေဆုံး

အင်ဒိုနီးရှားနိုင်ငံ ၊ Kulon Progo ခရိုင်၊ ယိုဂျာကာတာမြို့ Congot ကမ်းခြေ တွင် သောင်တင်နေသော ဝေလငါးမန်းတစ်ကောင်အား ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ် တောင်ပိုင်းကမ်းရိုးတန်းတွင် ပင်လယ်မှ ရေလှိုင်းရိုက်ခတ်မှုကြောင့် ဖေဖော်ဝါရီ ၁၃ ရက်၌ လူ ၁၁ဦ သေဆုံးခဲ့ကြောင်း ဒေသခံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်ရပ်သည် Jember ခရိုင်၊ Payangan ကမ်းခြေတွင် ဖေဖော်ဝါရီ ၁၃ ရက် ဒေသစံတော်ချိန် ၀၀:၂၅ နာရီခန့်က ရိုးရာဓလေ့ထုံးတမ်းပွဲတစ်ခု၌ လူ ၂၃ ဦး ပါဝင်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အရှေ့ဂျာဗားရှိ သဘာဝဘေးစီမံခန့်ခွဲမှုနှင့် လျော့ပါးရေးအေဂျင်စီမှ စီမံခန့်ခွဲမှုဌာန၏ အကြီးအကဲဖြစ်သူ Budi Santosa က ပြောကြားခဲ့သည်။

“ရုတ်တရက် ဒီရေလှိုင်းတွေတက်လာပြီး ပင်လယ်ထဲကို မျောပါသွားတယ်။ အဲဒါကဂျာဗားကျွန်းရဲ့ တောင်ပိုင်းကမ်းရိုးတန်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လှိုင်းတွေက အရမ်းကြီးပါတယ်။ သူတို့တွေကို အဲဒီလို အပြုအမူတွေ မလုပ်ဖို့ ညွှန်ကြားထားပြီးသားပါ’’ ဟု ၎င်းက ဆင်ဟွာကို တယ်လီဖုန်းဖြင့် ဖြေကြားခဲ့သည်။ အခြား ၁၂ ဦးမှာ မတော်တဆမှုမှ အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

……………………………………………………………

(EnglishVersion))

Beach ritual accident leaves 11 drowned in sea in Indonesia

JAKARTA, Feb. 13 (Xinhua) — Eleven people were killed after being swept by tidal waves into the sea from the southern coast of Indonesia’s East Java province on Sunday, said a local disaster management official.

The accident occurred at about 00:25 a.m. local time on Sunday when 23 people were conducting a traditional ritual at the Payangan beach in Jember district, Head of Operation Unit of the Disaster Management and Mitigation Agency in East Java Budi Santosa said.

“Suddenly, tidal waves came and swept them into the sea. It was at the southern coast of Java island, and the waves are huge. They had been forbidden to do such activity,” he told Xinhua by phone.
Twelve others survived from the accident, he added. Enditem