Connect with us

INTERNATIONAL ORGANIZATION

သြစတြေးလျနိုင်ငံ မြို့တော်တွင် COVID-19 ကာကွယ်ဆေးစည်းမျဉ်းစည်းကမ်းများအား ထောင်နှင့်ချီသောပြည်သူများ ကန့်ကွက်ဆန္ဒပြ

ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့တွင် Pfizer's COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူနေသော သူနာပြု Maddy Williams အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကင်ဘာရာ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

ထောင်နှင့်ချီသော ဩစတြေးလျနိုင်ငံသားတို့သည် ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးဆိုင်ရာ ပြဋ္ဌာန်းချက်များအား ကန့်ကွက်ဆန္ဒပြရန် မြို့တော်တွင် စုဝေးရောက်ရှိလာခဲ့ကြသည်။အလုပ်သမားများအတွက် COVID-19 ကာကွယ်ဆေးမထိုးမနေရ ကျန်းမာရေးအမိန့်များအားလုံးကို ချက်ချင်းဖျက်သိမ်းရန် ဖက်ဒရယ်၊ ပြည်နယ်နှင့် နယ်မြေဆိုင်ရာ အစိုးရများအား တွန်းအားပေးရန် လွန်ခဲ့သည့်သီတင်းပတ်အတွင်း ကင်ဘာရာမြို့ရှိ လမ်းမများပေါ်သို့ လူ ၁၀,၀၀၀ ကျော် စုဝေးရောက်ရှိလာကြခြင်း ဖြစ်သည်။

ဆန္ဒပြသူများသည် ဇန်နဝါရီနှောင်းပိုင်းမှစ၍ Australian Capital Territory (ACT) တွင် စုဝေးရောက်ရှိနေခဲ့ခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် ဖေဖော်ဝါရီ ၁၂ ရက် စုဝေးမှုအတွက် “သိသာသောဝင်ရောက်မှု” ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း Australian Broadcasting Corporation (ABC) သတင်းအရ သိရသည်။

ဖေဖော်ဝါရီ ၁၂ ရက်က လူ ၃ ဦးကို ဖမ်းဆီးခဲ့ပြီး လူပေါင်း ၁၀၀ ကျော်က လွှတ်တော်အဆောက်အဦရှိ အတားအဆီးများကို ချိုးဖျက်ခဲ့သော်လည်း ရဲတပ်ဖွဲ့က ဆန္ဒပြသူများသည် ကောင်းစွာပြုမူခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၃ ရက်အထိ ၎င်းတို့ စုဝေးနေရာမှ ထွက်ခွာကြရန် သို့မဟုတ် ကျူးကျော်မှုဖြင့် ဖမ်းဆီးခံရခြင်းနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ကင်ဘာရာရှိ ပြခန်းဉယျာဉ်တွင် စခန်းချနေသည့် ဆန္ဒပြသူများအား ACT ရဲတပ်ဖွဲ့က သတိပေးထားသည်။

အစိုးရအဖွဲ့ဝင်များက စုဝေးသူများချိတ်ဆက်ပြီးနောက် ဆန္ဒပြသူအပေါ် ခိုင်မာသော ရပ်တည်ချက် ချမှတ်ရန် အတိုက်အခံ လေဘာပါတီက ၀န်ကြီးချုပ် Scott Morrison အား ဖေဖော်ဝါရီ ၁၃ ရက်၌ တိုက်တွန်းခဲ့သည်။

“ဒီဆန္ဒပြမှုမှာ ပါဝင်နေတဲ့ အကြမ်းဖက် အစွန်းရောက်တွေကို ရှုတ်ချပြီးတော့ သြစတြေးလျ ဒီမိုကရေစီမှာ ဒီလိုမျိုးအတွက် နေရာမရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဆောင်ရွက်သင့်တယ်” ဟု လေဘာပါတီ၏ ပြည်ထဲရေးရေးရာ ပြောရေးဆိုခွင့်ရှိသူ Kristina Keneally က ABC ရုပ်သံကို ဖေဖော်ဝါရီ ၁၃ ရက်၌ ပြောကြားခဲ့သည်။

ဆန္ဒပြသူများက “သူတို့ပြင်းထန်တဲ့ စိတ်ခံစားမှုတွေအတွက် ပြောနေကြတာပါ” ဟု Morrison က သတင်းထောက်များအား ဖေဖော်ဝါရီ ၁၂ ရက်က ပြောကြားခဲ့သည်။

“ဓနသဟာယအစိုးရဟာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဝန်ထမ်းများ၊ မသန်မစွမ်းအလုပ်သမားများနှင့် ကျန်းမာရေးစနစ်မှာ အန္တရာယ်များတဲ့ အခြေအနေများမှာ အလုပ်လုပ်ကိုင်နေသူတွေနဲ့ ဆက်စပ်တဲ့ မလုပ်မနေရစည်းကမ်းတွေကိုသာ ထောက်ခံပေးခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

“ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ အခြားလုပ်ပိုင်ခွင့်အားလုံးကို ပြည်နယ်အစိုးရတွေက တဖက်သတ်ချမှတ်ထားတာမျိုးဖြစ်တယ်”ဩစတေးလျနိုင်ငံတွင် ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် ကိုရိုနာဗိုင်းရပ်ကူးစက်မှုအသစ် ဖြစ်ပွားမှု ၂၀,၀၀၀ ကျော်နှင့် သေဆုံးသူ ၄၅ ဦးရှိခဲ့ကြောင်း၊ New South Wales တွင် ၂၂ ဦး၊ ဗစ်တိုးရီးယားတွင် ၁၈ ဦး၊ ကွင်းစ်လန်းတွင် လေးဦးနှင့် မြောက်ပိုင်းနယ်မြေတွင် တစ်ဦးတို့ အပါအဝင် ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………………………………

(EnglishVersion))

Thousands protest COVID-19 vaccine mandates in Australian capital
2022-02-13 11:18:39
CANBERRA, Feb. 13 (Xinhua) — Thousands of Australians have gathered in the nation’s capital to protest coronavirus vaccine mandates.

Up to 10,000 people during the weekend took to the streets of Canberra to urge the federal, state and territory governments to immediately abolish all health orders making COVID-19 vaccinations compulsory for workers.

Protesters have gathered in the Australian Capital Territory (ACT) since late January but police said there was a “significant influx” for Saturday’s rally, according to a report by the Australian Broadcasting Corporation (ABC).

Three people were arrested on Saturday and more than 100 breached barriers were erected at Parliament House but police said protesters were “generally well behaved.”

The ACT police have warned protesters camping at Canberra’s Exhibition Park that they have until Sunday to leave the site or face arrest for trespassing.

The Opposition Labor Party on Sunday urged Prime Minister Scott Morrison to take a stronger stance against the protesters after members of the government joined the rallies.

“He should stand up and condemn the violent extremists who are part of that protest, and he should make clear it has no place in Australian democracy,” Kristina Keneally, Labor’s Home Affairs spokesperson, told the ABC television on Sunday.

On Saturday, Morrison told reporters that the protesters were “speaking up for the things they feel strongly about.”
“The Commonwealth government has only ever supported mandates that relate to aged care workers, disability workers and those who are working in high-risk situations in the health system,” he said.

“All other mandates that relate to vaccines have been imposed unilaterally by state governments.”
Australia on Sunday morning reported more than 20,000 new coronavirus cases and 45 deaths – 22 in New South Wales, 18 in Victoria, four in Queensland and one in the Northern Territory. Enditem
Photo : Nurse Maddy Williams receives the Pfizer’s COVID-19 vaccine in Canberra, Australia on Feb. 22, 2021. (Photo by Chu Chen/Xinhua)