Connect with us

Asia

အိန္ဒိယနိုင်ငံ ဒေလီမြို့၌ မီးလောင်မှုတွင် လူ ၇ ဦး သေဆုံး

ဒေလီမြို့ အရှေ့မြောက်ပိုင်း Gokalpur ကျေးရွာအနီး မီးလောင်မှု ဖြစ်ပွားပြီးနောက် လူနေတဲအိပ်တစ်လုံး၏ အပြင်ဘက်တွင် ထိုင်နေသော အမျိုးသမီးတစ်ဦးအား မတ် ၁၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ မတ် ၁၃ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဒေလီမြို့၌ မတ် ၁၂ ရက် နံနက်အစောပိုင်းတွင် မီးလောင်မှုတစ်ခု ဖြစ်ပွားပြီးနောက် လူ ၇ ဦးထက်မနည်း မီးလောင်ကျွမ်းသေဆုံးသွားခဲ့ကြောင်း ဒေလီမီးသတ်ဌာန အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

ဒေလီမြို့ အရှေ့မြောက်ပိုင်း Gokalpur ကျေးရွာအနီး မီးလောင်မှု ဖြစ်ပွားပြီးနောက် မီးလောင်ကျွမ်းသွားသည့် လူနေတဲအိမ်များအား မတ် ၁၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဒေလီမြို့ အရှေ့မြောက်ပိုင်း Gokalpur ကျေးရွာအနီး မီးလောင်မှု ဖြစ်ပွားပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များက ရေပက်ဖျန်းနေသည်ကို မတ် ၁၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဒေလီမြို့ အရှေ့မြောက်ပိုင်း Gokalpur ကျေးရွာအနီးရှိ တဲအိမ် ၆၀ ခန့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ယင်းတာဝန်ရှိသူက ပြောကြားခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မီးငြှိမ်းသတ်ရန် မီးသတ်ယာဉ် ၁၃ စီး စေလွှတ်ခဲ့ကြောင်း သိရသည်။
“တဲအိမ် အလုံး ၆၀ လောက် မီးပျံနှံ့လောင်ကျွမ်းသွားခဲ့ပါတယ်။အခုချိန်ထိ မီးလောင်ကျွမ်းထားတဲ့ ရုပ်အလောင်း ၇ လောင်း ရှာဖွေတွေ့ရှိထားပါတယ်။”ဟု ဒေလီမီးသတ်ဌာနအကြီးအကဲ Atul Garg က တယ်လီဖုန်းဖြင့် ဖြေကြားခဲ့သည်။ (Xinhua)

———————-
(English Version)
Fire in India’s Delhi claims 7 lives
NEW DELHI, March 13 (Xinhua) — At least seven people were charred to death after a major fire broke out in Delhi, India in the early hours of Saturday, a senior Delhi Fire Services official confirmed.
According to the official, the fire broke out in as many as 60 huts located near Gokalpur village in northeast Delhi. Rescue and relief work is still on, he added.
As many as 13 fire tenders were sent to douse the fire.
“Fire had spread to around 60 huts. So far seven charred dead bodies have been recovered,” Delhi Fire Services chief Atul Garg said over phone. ■
Photo 1 – A woman sits outside a burnt residential hut after a major fire broke out near Gokalpur village in northeast Delhi, India, March 12, 2022. At least seven people were charred to death after a major fire broke out in Delhi, India in the early hours of Saturday, a senior Delhi Fire Services official confirmed. (Str/Xinhua)
Photo 2 – Photo taken on March 12, 2022 shows burnt residential huts after a major fire broke out near Gokalpur village in northeast Delhi, India. At least seven people were charred to death after a major fire broke out in Delhi, India in the early hours of Saturday, a senior Delhi Fire Services official confirmed. (Str/Xinhua)
Photo 3 – Fire brigade members spray water after a major fire broke out near Gokalpur village in northeast Delhi, India, March 12, 2022. At least seven people were charred to death after a major fire broke out in Delhi, India in the early hours of Saturday, a senior Delhi Fire Services official confirmed.