Connect with us

Science & Technology

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းကုမ္ပဏီ ၅ ခုထဲတွင် တရုတ်နိုင်ငံထုတ်ဖုန်း တံဆိပ် ၃ ခုပါဝင်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်၊ ဆန်းကျန့်မြို့တွင် 5G ဖုန်းကို လေ့လာနေသော ဧည့်သည်တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်စမတ်ဖုန်းအမှတ်တံဆိပ်များဖြစ်သော Xiaomi၊ Oppo နှင့် Vivo တို့သည် ယမန်နှစ်က တင်ပို့ရောင်းချမှုအရ ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ်ငါးခုတွင် ပါဝင်ခဲ့ကြောင်း နည်းပညာဈေးကွက်သုတေသနကုမ္ပဏီလုပ်ငန်း Canalys ၏ အစီရင်ခံစာအရ သိရသည်။Xiaomi တံဆိပ်သည် ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းတံဆိပ်ထဲတွင် တတိယ နေရာကို ရယူထားပြီး ၂၀၂၁ ခုနှစ်တွင် တင်ပို့ရောင်းချမှု၏ ၂၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဖုန်းအလုံးရေ ၁၉၁.၂သန်း ရှိခဲ့ကြောင်း သိရသည်။

Oppo က ဖုန်းအလုံးရေ ၁၄၅.၁ သန်းရောင်းရပြီး ယမန်နှစ်ကထက် ၂၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သလို Vivo သည်လည်း ၂၀၂၁ ခုနှစ်တွင် အလုံးရေ ၁၂၉.၉သန်း တင်ပို့ရောင်းချခဲ့ခြင်းဖြင့် ပဉ္စမနေရာတွင် ရပ်တည်ခဲ့ကြောင်း သိရသည်။

Samsung သည် ယမန်နှစ်က စမတ်ဖုန်းအလုံးရေ ၂၇၅ သန်းနီးပါး တင်ပို့ရောင်းချနိုင်ခဲ့ခြင်းကြောင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့ကာ Apple ကမူ ဖုန်းအလုံးရေ သန်း ၂၃၀ ရောင်းခဲ့ရကာ ဒုတိယနေရာတွင် ရပ်တည်ခဲ့ကြောင်း သိရသည်။

မိုဘိုင်းဖုန်းရောင်းချသူများသည် ကမ္ဘာတစ်ဝန်း စမတ်ဖုန်းအလုံးရေ ၁.၃၅ ဘီလီယံ တင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၇ ရာခိုင်နှုန်း တိုးလာကာ ၂၀၁၉ ခုနှစ်က ရောင်းချခဲ့သော ဖုန်းအလုံးရေ ၁.၃၇ ဘီလီယံနီးပါးအထိရှိခဲ့ကြောင်း Canalys ၏ အချက်အလက်များအရ သိရသည်။ (Xinhua)

———————————————
(English Versin)
3 Chinese brands among top 5 global smartphone companies
BEIJING, Feb. 13 (Xinhua) — Chinese smartphone brands Xiaomi, Oppo and Vivo were among the top five global smartphone brands in terms of shipments last year, according to a report by the technology market research firm Canalys.
Xiaomi grabbed the third spot, with its shipment in 2021 surging 28 percent year on year to 191.2 million units.
It was followed by Oppo with 145.1 million units, up 22 percent year on year, while Vivo was placed fifth with a shipment of 129.9 million units in 2021.
Samsung topped the list with shipments of nearly 275 million smartphones last year, while Apple grabbed the second spot with 230 million units.
Mobile phone vendors shipped 1.35 billion units of smartphones globally, expanding 7 percent year on year, close to the 1.37 billion units for the year 2019, Canalys data showed. Enditem