Connect with us

Europe

West Bank ဒေသ၌ အစ္စရေးစစ်သားများကြောင့် ပါလက်စတိုင်းဆယ်ကျော်သက်တစ်ဦး သေဆုံး

West Bank ရှိ Nablus မြို့အရှေ့ဘက်ခြမ်း Beit Dajan ရွာတွင် ဂျူးအခြေချနေထိုင်မှုများ တိုးချဲ့လာမှုကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် ပဋိပက္ခဖြစ်ပွားခဲ့ရာ ပါလက်စတိုင်းဆန္ဒပြသူတစ်ဦးအား အစ္စရေးစစ်သားတစ်ဦးက သေနတ်ဖြင့်ချိန်ရွယ်ထားသည်ကို ၂၀၂၁၊ ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရာမလာ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

West Bank မြောက်ပိုင်းတွင် ဖေဖော်ဝါရီ ၁၃ ရက်နှောင်းပိုင်းက ပဋိပက္ခဖြစ်ပွားမှုအတွင်း အစ္စရေးစစ်သားများကြောင့် အသက် ၁၇ နှစ်အရွယ် ပါလက်စတိုင်း လူငယ်လေးတစ်ဦး သေဆုံးကာ အခြား ၁၅ ဦး ထိခိုက်ဒဏ်ရာရရရှိခဲ့ပြီး ၎င်းတို့အနက် သုံးဦးမှာ ပြင်းထန်ကြောင်း ပါလက်စတိုင်း ဆေးပညာရှင်များနှင့် မျက်မြင်သက်သေများက ပြောကြားခဲ့သည်။လွန်ခဲ့သည့် ရက်သတ္တပတ်များစွာက အစ္စရေးနိုင်ငံအား ဆန့်ကျင်တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ဖမ်းဆီးခံရသော ပါလက်စတိုင်းနိုင်ငံသား Mahmoud Jaradat ၏ နေအိမ်အား ဖြိုချရန် ဖေဖော်ဝါရီ ၁၃ ရက် ညပိုင်းက West Bank ဒေသ၊ Jenin မြို့ အနောက်ဘက်ရှိ Silat al-Harithiya မြို့အား အစ္စရေးစစ်တပ်မှ ဝင်ရောက်စီးနင်းရာတွင် အဆိုပါ ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပါလက်စတိုင်းမျက်မြင်သက်သေများက ပြောခဲ့သည်။

ဒါဇင်နှင့် ချီသော ပါလက်စတိုင်းများက သေနတ်ဖြင့်ပစ်ခတ်ခဲ့သော အစ္စရေးစစ်သားများအား ခဲများနှင့် ပစ်ပေါက်ခဲ့ကြောင်း သိရသည်။အစ္စရေးစစ်တပ်က ပါလက်စတိုင်းအိမ်လေးလုံးကို ဖြိုချဖျက်ဆီးရန်အတွက် မြို့တွင်းကို ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် မြို့တွင်းရှိ ဒေသခံသူများနှင့် အစ္စရေးစစ်သားများအကြား ပြင်းထန်သောအပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တနင်္လာနေ့ညတွင် ပါလက်စတိုင်း သေနတ်သမားများက Jenin မြို့ အနောက်ဘက်ရှိ အစ္စရေးစစ်တပ် စစ်ဆေးရေးဂိတ်အား ပစ်ခတ်ခဲ့ရာ စစ်သားများကလည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ယင်းပစ်ခတ်မှုအတွင်း စစ်သားများအကြား ထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း အစ္စရေးစစ်တပ်ရေဒီယို၏အဆိုအရ သိရသည်။ ထုတ်ပြန်ခဲ့သည်။ (Xinhua)

———————————————
(English Versin)

Palestinian teenager killed by Israeli soldiers in West Bank: medics

RAMALLAH, Feb. 13 (Xinhua) — A 17-year-old Palestinian boy was killed and 15 others were injured, three of them seriously, late on Sunday by Israeli soldiers during clashes in northern West Bank, Palestinian medics and eyewitnesses said.

Palestinian eyewitnesses said the clashes broke out when an Israeli army force broke into Silat al-Harithiya, a town west of the West Bank city of Jenin, on Sunday night to demolish the house of Mahmoud Jaradat, a Palestinian who was arrested several weeks ago for carrying out attacks against Israel.

Dozens of Palestinians threw stones at the Israeli soldiers, who fired back.
Israeli media reported that the Israeli army forces stormed the town to demolish four Palestinian houses, adding that fierce clashes broke out between the town’s residents and the Israeli soldiers.

Also on Sunday night, according to Israel’s Army Radio, Palestinian gunmen opened fire at an Israeli army checkpoint west of Jenin, and the soldiers fired back. No injuries were reported among the soldiers. Enditem