Connect with us

Europe

ရုရှား နှင့် ယူကရိန်းတို့ အွန်လိုင်းဆွေးနွေးမှုများ ယနေ့ ပြုလုပ်မည်

ဘီလာရုဇ်-ပိုလန်နယ်စပ်ရှိ Belovezhskaya Pushcha သစ်တော၌ မတ် ၇ ရက်တွင် ပြုလုပ်သည့် ရုရှား နှင့် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့တို့အကြား ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုမြင်ကွင်းအား တွေ့ရစဉ်(ဓာတ်ပုံ- Belta news agency via Xinhua)

မော်စကို/ကိဗ် ၊ မတ် ၁၄ ရက်(ဆင်ဟွာ)
ရုရှား နှင့် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့တို့သည် ရုပ်သံလင့်ခ်မှတစ်ဆင့် ယနေ့ မတ် ၁၄ ရက်တွင် ဆွေးနွေးမှုများ ပြန်လည်ပြုလုပ်မည် ဖြစ်ကြောင်း ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က မတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။

“ဆွေးနွေးညှိနှိုင်းမှုတွေကို ဗီဒီယိုညှိနှိုင်းဆွေးနွေးမှုပုံစံနဲ့ သွားနေပါတယ်။အလုပ်အဖွဲ့တွေက ဆက်တိုက်လုပ်ဆောင်နေပါတယ်။ များပြားလှတဲ့ကိစ္စတွေက အမြဲတမ်းအထူးဂရုပြုဖို့လိုပါတယ်။တနင်္လာနေ့(မတ် ၁၄ ရက်)မှာ ပမာဏရလဒ်တွေကို အနှစ်ချုပ်ဖို့အတွက် ညှိနှိုင်းဆွေးနွေးပွဲတစ်ခု ကျင်းပသွားမှာ ဖြစ်ပါတယ်။”ဟု ယူကရိန်းသမ္မတရုံးအဖွဲ့ခေါင်းဆောင်၏ အထူးအကြံပေး Mykhailo Podoliak က မတ် ၁၃ ရက် ညပိုင်းတွင် တွစ်တာစာမျက်နှာတွေ ရေးသားခဲ့သည်။

ယူကရိန်း နှင့် ရုရှား ကိုယ်စားလှယ်အဖွဲ့တို့သည် ဖေဖော်ဝါရီ ၂၈ ရက်မှစတင်ကာ ဘီလာရုဇ်နိုင်ငံ၌ လူချင်းတွေ့ဆုံကာ ငြိမ်းချမ်းရေးဆွေးနွေးမှု သုံးကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သော်လည်း ဆွေးနွေးညှိနှိုင်းမှုများသည် သိသိသာသာအောင်မြင်မှု မရှိဘဲ ပြီးဆုံးခဲ့ရကြောင်း သိရသည်။ (Xinhua)

………………………
(English Version)
Russia, Ukraine to hold online negotiations on Monday
MOSCOW/KIEV, March 13 (Xinhua) — Russian and Ukrainian delegations will resume talks on Monday via video link, Kremlin spokesman Dmitry Peskov said on Sunday.
“Negotiations go non-stop in the format of video conferences. Working groups are constantly functioning. A large number of issues require constant attention. On Monday, March 14, a negotiating session will be held to sum up the preliminary results,” Mykhailo Podoliak, advisor to the Head of the President’s Office of Ukraine, tweeted on Sunday night.
Ukrainian and Russian delegations have held three rounds of peace talks in-person in Belarus since Feb. 28, though the negotiations ended without a significant breakthrough. ■
Photo – Photo taken on March 7, 2022 shows a view of the third round of talks between Russian and Ukrainian delegations at the Belovezhskaya Pushcha. (Belta news agency via Xinhua)