Connect with us

International Organizations

လာမည့် ကုလအထွေထွေအတွင်းရေးမှူးချုပ်ရာထူးအတွက် အမျိုးသမီးဖြစ်သင့်ကြောင်း အထွေထွေညီလာခံဥက္ကဌပြော

နယူယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်၌ မတ် ၁၄ ရက်တွင် ကျင်းပခဲ့သည့် အမျိုးသမီးများ၏ အခြေအနေ ၆၆ ကြိမ်မြောက် ကော်မရှင်တွင် မိန့်ခွန်းပြောကြားနေသော အထွေထွေညီလာခံဥက္ကဌ Abd ulla Shahid (အောက်ပုံ) အား တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ မတ် ၁၅ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေညီလာခံဥက္ကဌ Abdulla Shahid က လာမည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရာထူးအတွက် အမျိုးသမီးတစ်ဦးဖြစ်သင့်ကြောင်း မတ် ၁၄ ရက်တွင် ပြောကြားလိုက်သည်။ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပပြီးစီးခဲ့သော ၇၆ ကြိမ်အတွင်း အမျိုးသမီးဥက္ကဌ ၄ ဦးကို ရွေးချယ်တင်မြှောက်နိုင်ခဲ့သော်လည်း အမျိုးသမီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရာထူးအတွက် တစ်ကြိမ်တစ်ခါမျှ ရွေးချယ်ခန့်အပ်နိုင်ခဲ့ခြင်းမရှိသေးကြောင်း သိရသည်။

နယူယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်၌ မတ် ၁၄ ရက်တွင် ကျင်းပခဲ့သည့် အမျိုးသမီးများ၏ အခြေအနေ ၆၆ ကြိမ်မြောက် ကော်မရှင်တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ် မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ထိုသို့အမျိုးသမီးကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရွေးချယ်ခန့်အပ်နိုင်ခြင်းမရှိသည့် ကိစ္စရပ်အား ပြင်ဆင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း အမေရိကန်နိုင်ငံ နယူယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်၌ မတ် ၁၄ ရက်တွင် ကျင်းပခဲ့သည့် အမျိုးသမီးများ၏ အခြေအနေ ၆၆ ကြိမ်မြောက် ကော်မရှင်တွင် မိန့်ခွန်းပြောကြားစဉ် အထွေထွေညီလာခံဥက္ကဌ Shahid က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျားမတန်းတူညီမျှမှု နဲ့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်အပေါ် စိုးရိမ်ပူပန်မှု ရှိနေသေးတယ်ဆိုရင်တော့ ကမ္ဘာတစ်ဝှမ်းလုံးမှာ ရွှေစံချိန်စံညွှန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ ကမ္ဘာ့ ကုလသမဂ္ဂအနေနဲ့ တောင်းဆိုနိုင်မှာ မဟုတ်သလို အိမ်တွေမှာလည်း အဲဒီစံနှုန်းတွေကို အကောင်အထည်မဖော်ကြပါဘူး ” ဟု ၎င်းကဆိုသည်။ “ ကျွန်တော့်ပုဂ္ဂိုလ်ရေးတစ်ဦးချင်းအမြင်နဲ့ပြောရမယ်ဆိုရင် လာမယ့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟာ အမျိုးသမီးတစ်ဦးဖြစ်သင့်ပါတယ် ၊ ဒီလိုရိုးရှင်းတဲ့တောင်းဆိုမှုမှာ ကျွန်တော်နဲ့ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ၎င်းက ဆိုသည်။

လွန်ခဲ့သော နှစ်ပေါင်း ၇၆ နှစ်တာ ကာလအတွင်း အမျိုးသား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ၉ ဦးဖြစ်သော နော်ဝေနိုင်ငံမှ ထရီဗီလီ ၊ ဆွီဒင်နိုင်ငံမှ ဒက်ဟမ်းမားရှိုး ၊ မြန်မာနိုင်ငံမှ ဦးသန့် ၊ ဩစတြီးယားနိုင်ငံမှ ကွတ်ဝေါလ်ဟိုင်း ၊ ပီရူးနိုင်ငံမှ ပဲရက်စ်ဒီကွေးလျား ၊ အီဂျစ်နိုင်ငံမှ ဘူးထရို့ဘူးထရို့ဂါလီ ၊ ဂါနာနိုင်ငံမှ ကိုဖီအာနန် ၊ တောင်ကိုရီးယားနိုင်ငံမှ ဘန်ကီမွန်း နှင့် ပေါ်တူဂီနိုင်ငံမှ ဂူတာရက်စ်တို့ တို့ကို အသီးသီး ခန့်အပ်တင်မြှောက်နိုင်ခဲ့သည်။ လက်ရှိ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဖြစ်သော အန်တိုနီယိုဂူတာရက်စ်သည် ၎င်း၏ အတွင်းရေးမှူးချုပ်ရာထူး ဒုတိယသက်တမ်း၏ ပထမဆုံးနှစ်အတွက် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။(Xinhua)

—————————–
(English Version)

Next UN secretary-general should be female: General Assembly president

UNITED NATIONS, March 14 (Xinhua) — UN General Assembly President Abdulla Shahid said Monday that the next UN secretary-general should be female.
Just four women have been elected president of the General Assembly in its 76 sessions. However, no woman has ever been chosen as the secretary-general. This needs to be corrected, Shahid told the opening of the 66th session of the Commission on the Status of Women.

“The UN cannot call for the implementation of gold standards throughout the world as far as gender equality and women’s empowerment is concerned, but not implement this standard at home,” he said. “I personally would lead from the front calling for the next secretary-general to be a woman. Join me in this clarion call,” he said.
In the past 76 years, all the nine UN secretaries-general have been male. The current secretary-general, Antonio Guterres, is in the first year of his second five-year term.

Photo(1) UN General Assembly President Abdulla Shahid (bottom) addresses the opening of the 66th session of the Commission on the Status of Women at the UN Headquarters in New York on March 14, 2022. (Eskinder Debebe/UN Photo/Handout via Xinhua)

Photo(2) UN Secretary-General Antonio Guterres (at the podium and on screens) addresses the opening of the 66th session of the Commission on the Status of Women at the UN Headquarters in New York on March 14, 2022. (Eskinder Debebe/UN Photo/Handout via Xinhua)