Connect with us

Africa & Middle East

အာဏာသိမ်းဒုဗိုလ်မှူးကြီး ဒမ်မီဘာက ဘာကီးနားဖားဆို နိုင်ငံသမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆို

ဘာကီးနားဖားဆို နိုင်ငံ Ouagadougou မြို့၌ ကျင်းပပြုလုပ်သည့် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲတွင် ဒုတိယဗိုလ်မှူးကြီး ဒမ်မီဘာ( ခုံပေါ်ထိုင်နေသူ) အားတွေ့ရစဉ်(ဆင်ဟွာ)

Ouagadougou ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)

ဘာကီးနားဖားဆို နိုင်ငံမှ စစ်အာဏာသိမ်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး ပေါလ်-ဟန်ရီ ဆန်ဒိုဂို ဒမ်မီဘာ (Lt. Col. Paul-Henri Sandaogo Damiba ) က နိုင်ငံ၏ သမ္မတသစ်အဖြစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။အဆိုပါ ကျမ်းကျိန်ပွဲအခမ်းအနားကို ဘာကီးနားဖားဆို နိုင်ငံ၏ ပြည်သူ့ရုပ်သံလွှင့်ဌာန(RTB) က တိုက်ရိုက်(Live) ထုတ်လွှင့်ပြသခဲ့သည်။ မျိုးချစ် ကာကွယ်စောင့်ရှောက်ရေး နှင့် ပြန်လည်ထူထောင်ရေး လှုပ်ရှားမှု(MPSR) ခေါင်းဆောင်ဖြစ်သူ ဒမ်မီဘာက ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီရှေ့မှောက်တွင် နိုင်ငံအား “ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ အခြေခံစည်းမျဉ်းစည်းကမ်းဥပဒေသ နှင့် ပြဌာန်းဥပဒေများကို ထိန်းသိမ်းခြင်း ၊ လေးစားခြင်း ၊ ကျင့်သုံးခြင်း နှင့် ကာကွယ်ခြင်း ” တို့ကို ပြုမူဆောင်ရွက်သွားမည်ဟု ကတိကဝတ်ပြု ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

ဘာကီးနားဖားဆို နိုင်ငံ Ouagadougou မြို့၌ ကျင်းပပြုလုပ်သည့် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲတွင် ဒုတိယဗိုလ်မှူးကြီး ဒမ်မီဘာ(အလယ်) အားတွေ့ရစဉ်(ဆင်ဟွာ)

ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီ၏ ယာယီသမ္မတ Boureima Cisse က ဒမ်မီဘာအနေဖြင့် အသွင်ကူးပြောင်းရေး ပဋိညာဉ်စာတမ်းက သတ်မှတ်ပြဌာန်းပေးသည့် ကာလအတွင်းဘာကီးနားဖားဆိုနိုင်ငံသမ္မတအဖြစ် တိုင်းပြည်ကို စီမံအုပ်ချုပ်သွားမည်ဖြစ်ကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

အချိန်ကာလ သက်တမ်းနှစ်ပတ်တာအတွက် ပဋိညာဉ်စာတမ်းတစ်ခုကို ရေးဆွဲသွားရန် ဖေဖော်ဝါရီ ၉ ရက်တွင် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော ကော်မရှင်တစ်ခုကို ဖွဲ့စည်းခဲ့သည်။ဒမ်မီဘာအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး နှင့် နိုင်ငံသားများ၏ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ကို ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ဆောင်သွားမည်ဟူ၍လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီက ဆိုသည်။

ဘာကီးနားဖားဆိုနိုင်ငံတွင် သမ္မတ Roch Marc Christian Kabore ၏ အစိုးရအုပ်ချုပ်ရေးယန္တရားများကို ၎င်းတို့က အဆုံးသတ်လိုက်ပြီးဖြစ်ကြောင်း နှင့် အရပ်သားအစိုးရထံမှ တိုင်းပြည်အာဏာကို MPSR ဟူခေါ်သည့် မျိုးချစ်ကာကွယ်စောင့်ရှောက်ရေး နှင့် ပြန်လည်ထူထောင်ရေး လှုပ်ရှားမှုက လွှဲပြောင်းရယူလိုက်ပြီဖြစ်ကြောင်း စစ်တပ်က ဇန်နဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။(Xinhua)

 

…………………………..
(English Version)

Lt.Col. Damiba sworn in as Burkina Faso’s new president

OUAGADOUGOU, Feb. 16 (Xinhua) — Lt. Col. Paul-Henri Sandaogo Damiba was sworn in as the new president of Burkina Faso on Wednesday.
The swearing-in ceremony was broadcast live on Burkina Faso’s public television RTB.
Damiba, head of the Patriotic Movement for Safeguard and Restoration (MPSR), took his oath in front of the Constitutional Council to “preserve, respect, uphold and defend the Constitution, the fundamental act and the laws.”

Interim President of the Constitutional Council Boureima Cisse said that Damiba will exercise his functions as president of Burkina Faso for the duration which will be fixed by the Transition Charter.
A commission of 15 members was set up on Feb. 9 to draw up the Charter for a period of two weeks.
The Constitutional Council also asked Damiba to intensify the fight against terrorism and to work to preserve citizens’ freedom of expression.
On Jan. 24, the military announced that they had put an end to the functions of then President Roch Marc Christian Kabore and that the MPSR took power from the civilian government.

Photo(1) – Lt. Col. Paul-Henri Sandaogo Damiba (R) attends his swearing-in ceremony in Ouagadougou, Burkina Faso, Feb. 16, 2022. (Burkina Faso’s Presidency/Handout via Xinhua
Photo(2) Lt. Col. Paul-Henri Sandaogo Damiba (C) attends his swearing-in ceremony in Ouagadougou, Burkina Faso, Feb. 16, 2022. (Burkina Faso’s Presidency/Handout via Xinhua)