Connect with us

Europe

ရုရှားနိုင်ငံ၏ လုံခြုံရေးစိုးရိမ်ပူပန်မှုနှင့် ပတ်သက်၍ လာ့ဗ်ရော့ဗ်နှင့် ဘလင်ကင် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာ့ဗ်ရော့ဗ် (Sergei Lavrov) နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာ့ဗ်ရော့ဗ် (Sergei Lavrov) နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) တို့သည် ဖေဖော်ဝါရီ ၁၅ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ရာ၌ ရုရှားနိုင်ငံ၏ လုံခြုံရေးစိုးရိမ်ပူပန်မှုများအပေါ် ဆွေးနွေးခဲ့ကြကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။အမေရိကန်နိုင်ငံနှင့် မြောက်အတ္တလန္တိတ်စာချုပ်ဝင်နိုင်ငံများအဖွဲ့ (NATO) တို့ထံ တင်သွင်းထားသော ရုရှားနိုင်ငံ၏ လုံခြုံရေး အဆိုပြုချက်များအား ပူးပေါင်းဆောင်ရွက်ရန် သမ္မတ ဗလာဒီမာပူတင်နှင့် သမ္မတ ဂျိုးဘိုင်ဒန်တို့ သဘောတူထားခဲ့သည့်အတိုင်း ကြိုးပမ်းအားထုတ်မှုများ ဆက်လက်လုပ်ဆောင်ရေး လိုအပ်ချက်အား လာ့ဗ်ရော့ဗ်က အလေးထားပြောခဲ့သည်။

ဝါရှင်တန်နှင့် မိတ်ဖက်များ၏ ရန်လိုသောပြောစကားများအား လက်ခံနိုင်ဖွယ်မရှိကြောင်း၊ အထူးသဖြင့် ခွဲခြား၍မရနိုင်သောလုံခြုံရေးအတွက် ရုရှားနိုင်ငံမှ တင်ပြထားသော ကိစ္စရပ်တစ်ခုလုံးကို လက်တွေ့ကျကျ ဆွေးနွေးညှိနှိုင်းမှုကိုလည်း တိုက်တွန်းပြောကြားခဲ့သည်။

အဆိုပါ ထိပ်တန်းသံတမန်နှစ်ဦးတို့သည် မကြာမီ ပြုလုပ်မည့် နယ်ပယ်စုံ၌ ဆွေးနွေးမှုများ စီစဉ်ထားမှုကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ (Xinhua)
—————————————————–
(English Version)

Lavrov, Blinken discuss Russia’s security concerns over phone

2022-02-16 06:06:33
MOSCOW, Feb. 15 (Xinhua) — Russian Foreign Minister Sergei Lavrov and U.S. Secretary of State Antony Blinken discussed Russia’s security concerns during a phone conversation on Tuesday, the Russian Foreign Ministry said in a statement.

Lavrov stressed the necessity of continuing the efforts, as agreed upon by President Vladimir Putin and President Joe Biden, to cooperate on Russia’s security proposals submitted to the United States and the North Atlantic Treaty Organization.

Lavrov underlined the unacceptability of the aggressive rhetoric by Washington and its allies, and called for a pragmatic dialogue on the entire range of issues raised by Russia, particularly the indivisibility of security.

The top diplomats also discussed the schedule for upcoming meetings at various levels. Enditem

Photo : Russian Foreign Minister Sergei Lavrov and U.S. Secretary of State Antony Blinken (Xinhua file photo)