Connect with us

Asia

သီရိလင်္ကာနိုင်ငံ ဓာတ်ငွေ့ကုမ္ပဏီများ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်း

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် သီရိင်္လကာနိုင်ငံအလံရှေ့ ဖြတ်လျှောက်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ မတ် ၁၆ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၏ ဓာတ်ငွေ့ကုမ္ပဏီ နှစ်ခုဖြစ်သော Litro Gas နှင့် Laugfs Gas တို့သည် ဓာတ်ငွေ့ပေးပို့မှုများ မရရှိသည့်အတွက်ကြောင့် ထုတ်လုပ်မှု နှင့် ဖြန့်ဖြူးမှုများ ရပ်ဆိုင်းသွားပြီ ဖြစ်ကြောင်း မတ် ၁၆ ရက်တွင် ကြေညာခဲ့သည်။စိုးရိမ်ရသည့် နိုင်ငံခြားငွေကြေး ပြတ်လပ်မှုကြောင့် သီရိလင်္ကာနိုင်ငံ၌ ပြီးခဲ့သောရက်သတ္တပတ်အနည်းငယ်အတွင်း ဓာတ်ငွေ့ပြတ်လပ်မှုများကြုံတွေ့နေရသဖြင့် ဓာတ်ငွေ့ဖြန့်ဖြူးရေးစင်တာများ၏ အပြင်ဘက်တွင် လူအတန်းရှည်ကြီးက တန်းစီစောင့်ဆိုင်းနေရသည့်မြင်ကွင်းမှာ အမြဲလိုလို ဖြစ်နေကြောင်း သိရသည်။

Laugfs Gas ကုမ္ပဏီသည် ဘဏ်များက အကြွေးဝယ်ခွင့် ဆိုင်းငံ့လိုက်သဖြင့် ဓာတ်ငွေ့များ အချိန်အတန်ကြာတင်သွင်းနိုင်တော့မည် မဟုတ်ကြောင်း အစောပိုင်းတွင် ကြေညာခဲ့သည်။

ကာတာ နှင့် အိုမန်နိုင်ငံတို့မှ လစဉ် ဓာတ်ငွေ့ တန်ချိန် ၁၅,၀၀၀ ခန့် မှာယူလေ့ရှိကြောင်း ယင်းကုမ္ပဏီက ပြောကြားခဲ့သည်။ အဆိုပါပေးပို့မှုများသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့် ရှိကြောင်း သိရသည်။

နိုင်ငံပိုင် Litro Gas ကုမ္ပဏီက ၎င်းတို့ သိုလှောင်ထားသော ဓာတ်ငွေ့များကုန်ဆုံးသွားပြီဖြစ်ကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သည်။ (Xinhua)

—————————–
(English Version)

Sri Lankan gas companies stop operations

COLOMBO, March 16 (Xinhua) — Sri Lanka’s two gas companies, Litro Gas and Laugfs Gas, on Wednesday announced that they have halted the production and distribution as they had not received gas consignments.

Long queues of people waiting outside gas distribution centers have become a common sight in Sri Lanka as the country has been facing gas shortages for the last few weeks, caused by serious foreign exchange shortages.

Earlier, Laugfs Gas announced that they could no longer import gas because banks were declining to open letters of credit.

The company said it usually orders about 15,000 tons of gas monthly from Qatar and Oman. The consignments are worth about 50 million U.S. dollars.
State-run Litro Gas earlier said that their gas stocks ran out. ■

Photo – People walk past a Sri Lankan national flag in Colombo, Sri Lanka on Feb. 4, 2021. Sri Lanka celebrated its 73rd Independence Day on Thursday with a parade held at Independence Square in the capital city of Colombo. (Xinhua/Tang Lu)