Connect with us

Europe

ရုရှားက ယူကရိန်းနိုင်ငံရှိ အမေရိကန်ငွေကြေးထောက်ပံ့ထားသည့် ဇီဝဓာတ်ခွဲခန်းများအား စိစစ်ရေးယန္တရားအတွက် တောင်းဆို

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov အား တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ မတ် ၁၆ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ယူကရိန်းနိုင်ငံရှိ အမေရိကန်နိုင်ငံက ငွေကြေးထောက်ပံ့ပေးထားသည့် ဇီဝဗေဒဆိုင်ရာဓာတ်ခွဲခန်းများသည် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေသည့်အတွက် စိစစ်ရေး ယန္တရားတစ်ခု ထူထောင်ရေးမှာ အရေးကြီးကြောင်း မတ် ၁၅ ရက်တွင် အလေးအနက်ပြောကြားခဲ့သည်။ယူကရိန်းနိုင်ငံရှိ အမေရိကန်နိုင်ငံက ငွေကြေးထောက်ပံ့ပေးထားသည့် ဇီဝဗေဒဆိုင်ရာဓာတ်ခွဲခန်းများ ကိစ္စသည် ဇီဝဗေဒ နှင့် အဆိပ်အတောက်လက်နက်များ သဘောတူညီချက် မူဘောင်အတွင်း ဖြေရှင်းရမည် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။

ဇီဝလက်နက်များ ပြုလုပ်ရန် အသုံးပြုနိုင်သည့် ဇီဝဗေဒပစ္စည်းများအပေါ် သဘောတူညီချက်မူဘောင်အောက်တွင် စိစစ်ရေးယန္တရားတစ်ခုလုပ်ဆောင်ခြင်း နှင့် ပတ်သက်၍ လွန်ခဲ့သော နှစ်ပေါင်း ၂၀ က ရုရှားနိုင်ငံ၏ အဆိုပြုချက်အား အမေရိကန်နိုင်ငံက ပိတ်ပင်ခဲ့ခြင်းအပေါ်သေချာခိုင်မာစေရန် နှစ်ဆတိုးကြိုးပမ်းအားထုတ်သွားရေးအတွက် ရုရှားနိုင်ငံက စီစဉ်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ၌ ဇီဝဓာတ်ခွဲခန်း ၃၀ ကျော်အပြင် အမေရိကန်နိုင်ငံသည် အခြားနိုင်ငံများတွင် ထိုကဲ့သို့သော ဓာတ်ခွဲခန်းများ ရာပေါင်းများစွာ ဖန်တီးထားကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးက “ဒီလိုလက်ခံနိုင်စရာမရှိတဲ့ လှုပ်ရှားဆောင်ရွက်မှုတွေဟာ လူပေါင်းများစွာ အသက်သေဆုံးစေနိုင်တဲ့အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းက မကြာမီ အခိုင်အမာယုံကြည်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။”ဟု ပြောကြားခဲ့သည်။

မတ်လ ၈ ရက်တွင် ပြုလုပ်သည့် ယူကရိန်းနိုင်ငံနှင့် ပတ်သက်၍ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ကြားနာပွဲမတိုင်မီ သက်သေထွက်ဆိုစဉ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဌာန၏ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Victoria Nuland က ယူကရိန်းနိုင်ငံ၌ ဇီဝဗေဒသုတေသနအဆောက်အအုံများ ရှိကြောင်း ဝန်ခံခဲ့သည်။

ယူကရိန်းနိုင်ငံ၌ အမေရိကန်၏ စစ်ဘက်ဆိုင်ရာဇီဝသုသေတနလုပ်ငန်းစွပ်စွဲချက်အား ဆွေးနွေးရန်အတွက် ရုရှားနိုင်ငံက တောင်းဆိုထားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတစ်ရပ်ကို မတ် ၁၂ ရက်တွင် ကျင်းပစဉ် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်အမြဲတမ်းကိုယ်စားလှယ် Linda Thomas-Greenfield က ယူကရိန်းနိုင်ငံသည် ဇီဝလက်နက်အစီအစဉ် မရှိကြောင်း ၊ ယူကရိန်း၌ အမေရိကန်နိုင်ငံက ထောက်ပံ့ပေးထားသော ဇီဝဗေဒလက်နက်ဓာတ်ခွဲခန်းများ မရှိကြောင်း ပြောကြားခဲ့သည်။
(Xinhua)

——————————
(English Version)

Russia calls for verification mechanism on U.S.-funded biolabs in Ukraine
MOSCOW, March 15 (Xinhua) — Russian Foreign Minister Sergei Lavrov on Tuesday stressed the importance of establishing a verification mechanism as U.S.-funded biological laboratories in Ukraine have caused concern.
The issue of U.S.-funded biological laboratories in Ukraine must be addressed within the framework of the Biological and Toxin Weapons Convention, Lavrov said during a briefing.
Moscow plans to redouble its efforts to ensure that the United States stops blocking Russia’s proposal made 20 years ago on the creation of a verification mechanism under the convention on biological agents that could be used to make bioweapons, he said.
In addition to over 30 biolabs in Ukraine, the United States has created “hundreds of such laboratories” in other countries, he noted.
“I believe that the international community will soon be convinced that such inadmissible activities are fraught with deadly risks for a huge number of people,” Lavrov said.
On March 8, while testifying before a Senate Foreign Relations Committee hearing on Ukraine, U.S. Undersecretary of State for Political Affairs Victoria Nuland admitted “Ukraine has biological research facilities.”
At a UN Security Council meeting called by Russia to discuss the United States’ alleged military biological research in Ukraine on Saturday, U.S. permanent representative to the United Nations, Linda Thomas-Greenfield, said, “Ukraine does not have a biological weapons program. There are no Ukrainian biological weapons laboratories supported by the United States.” ■
Photo – Xinhua file photo of Russian Foreign Minister Sergei Lavrov