Connect with us

Africa & Middle East

အာဖဂန် စက်မှုလုပ်ငန်းရှင်များက ဘိုင်ဒန်၏ ဆုံးဖြတ်ချက်မှာ တရားမျှတမှု မရှိဟုရှုတ်ချ၊ အမေရိကန်မှ ပိုင်ဆိုင်မှုများ ပြန်လည်ပေးအပ်ရန် တိုက်တွန်း

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်၌ ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအတွင်း အာဖဂန်နစ္စတန် စက်မှုလက်မှုနှင့် သတ္တုတွင်းလုပ်ငန်းရှင်များအသင်း ယာယီဥက္ကဋ္ဌ Al-Hajj Sakhi Ahmad Paiman (ယာ) အား တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ စက်မှုလက်မှုနှင့် သတ္တုတွင်းလုပ်ငန်းရှင်များအသင်းက အာဖဂန်နစ္စတန်၏ ပိုင်ဆိုင်မှုများအပေါ် ပိတ်ဆို့ထားရေး မကြာသေးမီက ချမှတ်လိုက်သော အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်၏ ဆုံးဖြတ်ချက်သည် တရားမျှတမှုမရှိကြောင်းပြောကြားခဲ့ပြီး ပိုင်ဆိုင်မှုများအား ပြန်လည်ပေးအပ်ရန် တောင်းဆိုလိုက်ကြောင်း သိရသည်။

“စက်ရုံပေါင်း ၅,၀၀၀ နှင့် သတ္တုတွင်းကုမ္ပဏီ ရာပေါင်းများစွာ ကိုယ်စား ကျွန်တော် ဒီကနေ့ ပြောကြားလိုတာကတော့ သမ္မတ ဘိုင်ဒန်ရဲ့ မကြာသေးမီက ဆုံးဖြတ်ချက်ဟာ တရားမျှတမှုမရှိပါဘူး။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေကို ခိုးယူနေတယ်။ ဒါကို ကျွန်တော်တို့ ရှုတ်ချပါတယ်” ဟု အသင်း၏ ယာယီဥက္ကဋ္ဌ Al-Hajj Sakhi Ahmad Paiman က သတင်းထောက်များအား ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ စက်မှုလုပ်ငန်းများနှင့် သတ္တုတွင်းလုပ်ငန်းရှင်များအသင်းမှ လည်ပတ်လျက်ရှိသော စက်ရုံများ၊ သတ္တုတွင်းများနှင့် စီးပွားရေးလုပ်ငန်းများတွင် ပြည်သူ ၄၀၀,၀၀၀ ခန့်က တိုက်ရိုက်အလုပ်လုပ်ကိုင်နေကြသလို အခြားသော ပြည်သူ ၁.၅ သန်းခန့်အား သွယ်ဝိုက်၍ လုပ်ကိုင်လျက်ရှိကြောင်း Paiman က ဆိုသည်။

ယမန်နှစ် ဩဂုတ်လက တပ်ဖွဲ့ဝင်များ အပြီးအစီးဆုတ်ခွာပြီးနောက် အမေရိကန်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံ ဗဟိုဘဏ်၏ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော်ကို ပိတ်ဆို့ထားခဲ့ကြောင်းနှင့် ယင်းမှာ စစ်ဒဏ်ခံစားနေရသော အာဖဂန်အား စီးပွားရေးအကျပ်အတည်းနှင့် ဆင်းရဲနွမ်းပါးမှုဆီ ဦးတည်စေခဲ့ကြောင်း သိရသည်။

အဆိုပါ ငွေကြေးများအနက် ဒေါ်လာ ၃.၅ ဘီလီယံကို ၉/၁၁ အကြမ်းဖက်တိုက်ခိုက်မှုတွင် နစ်နာခဲ့ရသူများအတွက် အသုံးပြုရန် ခွဲဝေသတ်မှတ်ကြောင်း အမိန့်တစ်ရပ်ကို ဖေဖော်ဝါရီ ၁၁ ရက်က ထုတ်ပြန်ခဲ့သည်။

“အမေရိကန်က သူကိုယ်တိုင်တော့ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို ကာကွယ်သူအဖြစ် ပြောနေတာပဲ။ အာဖဂန်နစ္စတန်ရဲ့ ပိုင်ဆိုင်မှုတွေကို ဆက်ပြီး ထိန်းသိမ်းထားတာ ဒါမှမဟုတ် ခိုးယူထားမယ်ဆိုရင် ပြည်တွင်းမှာရော ပြည်ပမှာပါ ဒီလိုပြောဆိုချက်က ဆက်ရှိနေမှာပါပဲ” ဟု Paiman က ဆိုသည်။

အာဖဂန်နိုင်ငံသား ထောင်ပေါင်းများစွာတို့သည် ဖေဖော်ဝါရီ ၁၅ ရက်က ဘိုင်ဒန်၏ ဆုံးဖြတ်ချက်အား ကန့်ကွက်ရှုတ်ချလျက်၊ စစ်ဒဏ်ဖိစီးနေသော နိုင်ငံ၏ ထိန်းချုပ်ထားသော ပိုင်ဆိုင်မှုများကို ပြန်လည်ပေးအပ်ရေး တောင်းဆိုလျက် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
Afghan industrialists denounce Biden’s decision as unjust, call for assets return from U.S.
Source: Xinhua
Editor: huaxia
2022-02-17 19:19:16
KABUL, Feb. 17 (Xinhua) — The Afghanistan Chamber of Industries and Mines has described the recent decision of U.S. President Joe Biden on Afghanistan’s frozen assets as unjust, and called for the return of the assets.
“On behalf of 5,000 factories and hundreds of mine extracting companies, I today describe the recent decision of President Biden as unjust and stealing our national assets and we denounce it,” acting chairman of the association Al-Hajj Sakhi Ahmad Paiman told reporters.
Paiman said some 400,000 people directly and around 1.5 million others indirectly are working for the factories, mines and businesses run by the Afghanistan Chamber of Industries and Mines.
The United States, following its completion of forces evacuation in August last year, has frozen more than 9 billion U.S. dollars assets of Afghanistan’s central bank, which led to economic crisis and poverty in the war-torn country.
Biden reportedly in a decree issued on Friday allocated 3.5 billion of the sum to the victims of the 9/11 terrorist attacks.
“America claims itself as a defender of human rights and freedom. The claim would be undermined at home and abroad if it continues to hold or steal Afghanistan’s assets under any pretext,” Paiman said.
On Tuesday, thousands of Afghans staged demonstrations, denouncing Biden’s decision and demanding the return of the frozen assets to the war-torn country. ■
Photo : Acting chairman of the Afghanistan Chamber of Industries and Mines Al-Hajj Sakhi Ahmad Paiman (R) speaks during a press conference in Kabul, capital of Afghanistan, on Feb. 17, 2022. The Afghanistan Chamber of Industries and Mines has described the recent decision of U.S. President Joe Biden on Afghanistan’s frozen assets as unjust, and called for the return of the assets. (Photo by Saifurahman Safi/Xinhua)