Connect with us

Africa & Middle East

ဟစ်ဇ်ဘိုလာတို့က ပစ်မှတ်အားတိကျမှန်ကန်သော ဒုံးကျည်များ နှင့် ဒရုန်းများကို ထုတ်လုပ်နိုင်စွမ်းရှိကြောင်း ခေါင်းဆောင်ဖြစ်သူ ပြော

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တောင်ပိုင်းရပ်ကွက်၌ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ဟစ်ဇ်ဘိုလာခေါင်းဆောင် Hassan Nasrallah က ရုပ်သံမှတဆင့် မိန့်ခွန်းပြောကြားနေသည်ကိုတွေ့ရစဉ်(ဆင်ဟွာ)

ဘေရွတ် ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)

ဟစ်ဇ်ဘိုလာခေါင်းဆောင် Sayyed Hassan Nasrallah က ပထမဆုံးအကြိမ်အဖြစ်လူမြင်ကွင်းထွက်၍ ရုပ်သံမှတဆင့်မိန့်ခွန်းပြောကြားရာတွင် ၎င်း၏ တပ်ဖွဲ့အနေဖြင့် ထောင်ပေါင်းများစွာသော ဒုံးပျံများကို တိကျမှန်ကန်သော ဒုံးကျည်ထိပ်ဖူးများအဖြစ်ပြောင်းလဲပစ်နိုင်စွမ်းရှိကြောင်း နှင့် လက်ဘနွန်နိုင်ငံအတွင်း ဒရုန်းများ(မောင်းသူမဲ့လေယာဉ်ငယ်များ) ကို ထုတ်လုပ်နိုင်စွမ်းရှိကြောင်း ဖေဖော်ဝါရီ ၁၆ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။“ ကျွန်တော်တို့က လက်ဘနွန်နိုင်ငံထဲမှာ ဒရုန်းတွေ ထုတ်လုပ်နေခဲ့တာ အချိန်အတော်ကြာပါပြီ ၊ အဲဒီဒရုန်းတွေကို ဘယ်သူတွေ ဝယ်ချင်လဲ ၊ အမှာစာပေးပို့ပြီး ဝယ်ယူလို့ရတယ်” ဟု Nasrallah က ရုပ်သံမှတဆင့် မိန်းခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

အီရန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက ဒုံးပျံများကို ပစ်မှတ်အားတိကျမှန်ကန်သော ဒုံးကျည်ထိပ်ဖူးများအဖြစ် အသွင်ပြောင်း အသုံးပြုရန် ဟစ်ဇ်ဘိုလာအဖွဲ့ကို အကူအညီပေးခဲ့ကြောင်း Nasrallah က ဆိုသည်။ အစ္စရေးမောင်းသူမဲ့ဒရုန်းများ ဖြတ်ကျော်ပျံသန်းနေခြင်းကို လျော့နည်းသွားအောင် တားဆီးရန် ရည်ရွယ်ဦးတည်၍ ၎င်း၏ ဟစ်ဇ်ဘိုလာအဖွဲ့အနေဖြင့် ဒရုန်းဖျက် (anti-drone) လက်နက်စွမ်းပကား မြင့်တက်လာအောင် အရှိန်အဟုန်မြင့် လုပ်ဆောင်လျက်ရှိကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်။

ယခုလအစောပိုင်းတွင် အစ္စရေးကာကွယ်ရေးဝန်ကြီး Benny Gantz က ပစ်မှတ်ကို တိကျမှန်ကန်စွာ ပစ်ခတ်နိုင်သည့် ဒုံးကျည်များ ထုတ်လုပ်ရန် ဟစ်ဇ်ဘိုလာအဖွဲ့အား ပစ္စည်းကိရိယာများထောက်ပံ့ပေးနေကြောင်း စွပ်စွဲချက်ဖြင့် လက်ဘနွန်ကုမ္ပဏီ သုံးခုကို စီးနင်းဖမ်းဆီးမှုပြုလုပ်ရန် အုပ်ချုပ်ရေးအမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
တစ်ချိန်တည်းမှာပင် အစ္စရေးကာကွယ်ရေးဝန်ကြီး Gantz က လက်ဘနွန်နိုင်ငံ ဗဟိုချက်မ နေရာမှ နေ၍ အီရန်နည်းပညာဖြင့် ပစ်မှတ်တိကျမှန်ကန်သော ဒုံးကျည်ထုတ်လုပ်ရေး စီမံကိန်းအား ရင်ဆိုင်လုပ်ဆောင်နေစဉ် အတွင်း လက်ဘနွန်နိုင်ငံသားများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြု ပြောကြားခဲ့သည်။(Xinhua)

——————————————-
(English Version)

Hezbollah can produce precision missiles, drones: Leader

BEIRUT, Feb. 16 (Xinhua) — Lebanon’s Hezbollah leader Sayyed Hassan Nasrallah said Wednesday that for the first time, his group has the ability to turn thousands of rockets into precision missiles and produce drones inside Lebanon.

“We have been producing drones in Lebanon for a long time, and whoever wants to buy them, submit an order,” Nasrallah said in a televised speech.

Iranian experts helped Hezbollah to transform rockets into precision missiles, Nasrallah said, adding that his group has also increased its anti-drone capabilities which led to a decline in Israeli drone overflights.

Earlier this month, Israeli Defense Minister Benny Gantz signed an administrative order to seize the assets of three Lebanese companies that allegedly supplied materials to Hezbollah on manufacturing precision missiles.

Meanwhile, Gantz vowed to continue offering humanitarian assistance to Lebanese citizens while acting resolutely in the face of the Iranian precision missile project operating from the heart of Lebanon.

Hezbollah leader Hassan Nasrallah delivers a televised speech during a ceremony organized by Hezbollah in the southern suburb of Beirut, Lebanon, on Feb. 16, 2020. (Photo by Bilal Jawich/Xinhua)