Connect with us

Europe

ယူကရိန်းသမ္မတ နှင့် ရုရှားသမ္မတတို့ လာမည့်ရက်များတွင် ဆွေးနွေးဖွယ်ရှိကြောင်း ယူကရိန်းသမ္မတအကြံပေး ပြောကြား

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင် နှင့် ယူကရိန်းနိုင်ငံသမ္မတဇယ်လန်းစကီး တို့အားတွေ့ရစဉ်(ဆင်ဟွာ)

ကိဗ် ၊ မတ် ၁၇ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံသမ္မတဇယ်လန်းစကီး နှင့် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်တို့ သည် လာမည့်ရက်များတွင် ဆွေးနွေးဖွယ်ရှိကြောင်း ယူကရိန်းသမ္မတအကြံပေး Mykhailo Podolyak ၏ ပြောကြားချက်ကို ကိုးကား၍ ယူကရိန်းနိုင်ငံပိုင် Ukrinform သတင်းအေဂျင်စီက မတ် ၁၆ ရက်၌ သတင်းဖော်ပြခဲ့သည်။“ သိပ်ကိုသိသာထင်ရှားပါတယ်။ ဒီစစ်ပွဲကြီးအဆုံးသတ်ဖို့ တစ်ခုတည်းသောနည်းလမ်းဟာ နှစ်နိုင်ငံသမ္မတတွေအကြား တိုက်ရိုက်ဆွေးနွေးမှုတွေ လုပ်ကြဖို့ပဲဖြစ်ပါတယ် ။ အဲဒါဟာ အခုလက်ရှိဆွေးနွေးပွဲတွေမှာ ကျွန်တော်တို့ ကြိုးပမ်းလုပ်ဆောင်နေတဲ့အရာတွေပဲဖြစ်ပါတယ်” ဟု ရုရှားနှင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် ယူကရိန်းကိုယ်စားလှယ်အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သူ Podolyak ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။

လိုအပ်သော စာရွက်စာတမ်းများပြင်ဆင်ရန် လုပ်ကိုင်ဆောင်ရွက်နေဆဲဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးပွဲအတွင်း လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိကြောင်း အဆိုပါ အရာရှိကြီးက ဆိုသည်။

သိပ်မကြာမီကာလတွင် အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရန် ယူကရိန်းနိုင်ငံဘက်က အမြင့်ဆုံးမျှော်လင့်ထားကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ယူကရိန်း နှင့် ရုရှား ကိုယ်စားလှယ်များအကြား ၄ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို မတ်လ ၁၄ ရက်မှစတင်ကာ ဗီဒီယိုလင့်ခ်ဖြင့်ပြုလုပ်ခဲ့ပြီး မတ် ၁၆ ရက်အထိ ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။(Xinhua)
#Ukraine, #Russia, #president, #phone, #xinhua, #xinhuamyanmar, #
ယူကရိန်း,ရုရှား,ဖုန်း,သမ္မတ,ဆင်ဟွာ,ဆင်ဟွာမြန်မာ
—————————
(English Version)

Ukrainian, Russian presidents may hold talks in coming days: Ukrainian presidential advisor

KIEV, March 16 (Xinhua) — Ukrainian President Volodymyr Zelensky may hold talks with his Russian counterpart Vladimir Putin in the coming days, the Ukrainian government-run Ukrinform news agency reported on Wednesday, citing Ukrainian Presidential Advisor Mykhailo Podolyak.

“Obviously, the only way to end this war is direct talks between the two presidents, and this is what we are working on in the current talks,” Podolyak, also a member of the Ukrainian delegation to the peace talks with Russia, was quoted as saying.

Work is underway to prepare the documents that could be signed during the meeting of the two leaders, the official said.

The Ukrainian side has high hopes that ceasefire will be achieved in the near future, he added.

The fourth round of negotiations between Ukrainian and Russian delegations started on Monday via video link and continued into Wednesday.
Xinhua file photos of Russian President Vladimir Putin and Ukrainian President Volodymyr Zelensky