Connect with us

Europe

ယူကရိန်းနိုင်ငံအား ကူညီရေး ပိုမိုလုပ်ဆောင်ကြရန် အမေရိကန်နိုင်ငံကို ယူကရိန်းသမ္မတ တောင်းဆို

ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က ၂၀၂၁ ခုနှစ်၊ မေ ၂၀ ရက်တွင် ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့၌ ပြုလုပ်သော ၎င်း၏ သမ္မတသက်တမ်း ၂ နှစ်တာ ကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့မှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ မတ် ၁၇ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံက လက်ရှိလုပ်ဆောင်လျက်ရှိသော စစ်ဆင်ရေးအား ယူကရိန်းနိုင်ငံအနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ရာတွင် အမေရိကန်နိုင်ငံက အကူအညီများ တိုးမြှင့် ပံ့ပိုးပေးရန်အတွက် ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က မတ် ၁၆ ရက်တွင် တောင်းဆိုခဲ့ကြောင်း သိရသည်။

အမေရိကန်လွှတ်တော်သို့ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြောကြားသည့် မိန့်ခွန်းတွင် ယူကရိန်းနိုင်ငံ သမ္မတက အမေရိကန်အစိုးရအဖွဲ့အနေဖြင့် ယခုအထိ ပယ်ချထားသည့် ကိစ္စရပ်နှစ်ခုဖြစ်သည့် ယူကရိန်းနိုင်ငံအပေါ် လေယာဉ်မပျံသန်းရဇုန် ထူထောင်ရေး သို့မဟုတ် တစ်နည်းအားဖြင့် ယူကရိန်းနိုင်ငံအား တိုက်ခိုက်ရေးဂျက်လေယာဉ်များ ထောက်ပံ့ပေးရေး နှင့်ပတ်သက်၍လည်း အမေရိကန်နိုင်ငံအား တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။

အမေရိကန်ကုမ္ပဏီများအားလုံးအနေဖြင့် ရုရှားနိုင်ငံနှင့် စီးပွားရေး အပြန်အလှန်ဆက်သွယ်မှု အဆုံးသတ်ရန် နှင့် ရာထူးလက်ကိုင်ရှိနေပြီး ယူကရိန်းအား ဆန့်ကျင်သူများနှင့် ဆက်ဆံရေး မဖြတ်တောက်သည့် ရုရှားနိုင်ငံရေးသမားများအားလုံးကို အပြစ်ပေးအရေးယူခြင်း အပါအဝင် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူခြင်းနှင့် ပတ်သက်၍ နှစ်ဆတိုးချမှတ် လုပ်ဆောင်ရန် အမေရိကန်နိုင်ငံအား တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ (Xinhua)
………………………………….
(English Version)
Zelensky asks U.S. to “do more” to help Ukraine
WASHINGTON, March 16 (Xinhua) — Ukrainian President Volodymyr Zelensky on Wednesday asked the United States to “do more” to help Ukraine defend itself against the ongoing military operation by Russia.
In a speech delivered via videoconference to the U.S. Congress, he also asked the United States to champion the establishment of a no-fly zone over Ukraine, or, alternatively, to provide fighter jets to his country, requests that have both been rejected by the U.S. administration thus far.
Zelensky also called on the United States to double down on sanctions against Russia, including asking all American companies to end their business associations with Russia and punishing all Russian politicians “who remain in their offices and do not cut ties with those who are against Ukraine.” Enditem
Photo – Ukrainian President Volodymyr Zelensky attends a press conference devoted to his two years in office in Kiev, Ukraine, May 20, 2021. (Photo by Sergey Starostenko/Xinhua)