Connect with us

Media

တရုတ် ကုမ္ပဏီက အီတလီနိုင်ငံ၏ ကမ်းလွန် လေအားလျှပ်စစ်စက်ရုံတည်ဆောက်ရာတွင်ကူညီ

ရောမ၊ မတ် ၁၇ ရက် (ဆင်ဟွာ)
တစ်ချိန်က ဥရောပတိုက်၏ အကြီးဆုံး သံမဏိ အရည်ကျိုလုပ်ငန်းများတည်ရှိခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်ပွားခဲ့သည်ဟု ကျော်ကြားခဲ့သည့် အီတလီနိုင်ငံ တောင်ပိုင်း တာရန်တိုတွင် လေအားလျှပ်စစ်စက်ရုံတစ်ခုတည်ဆောက်ရန် တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခုက ကူညီပေးခဲ့ကြောင်းသိရသည်။
“ တာရန်တို ကမ်းလွန်လေအားလျှပ်စစ် စီမံကိန်း” တွင် လေဒလက်ကြီး စုစုပေါင်း ၁၀ ခု ပါဝင်ပြီး လေဒလက်ကြီး တစ်ခုလျှင်လျှပ်စစ်ဓါတ်အား ၃ မီဂါဝပ် အထိ ထုပ်လုပ်ပေးနိုင်သည်။ စီမံကိန်းတွင် လိုအပ်သည့် ကိရိယာအစိတ်အပိုင်းများကို တရုတ်နိုင်ငံ မှ Ming Yang Smart Energy Group Co.,Ltd မှ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းသိရသည်။
စက်ရုံကို အီတလီနိုင်ငံ၏ ဘွတ်ဖိနပ်သဏ္ဍာန် ကျွန်းဆွယ် ၏ အောက်ဘက်အစွန်းတွင် တည်ဆောက်နေခြင်းဖြစ်ပြီး မီးခိုးငွေ့ထုတ်လွှတ်မှု သုံညရာခိုင်နှုန်းနီးပါးဖြင့် အိမ်ထောင်စုပေါင်း ၁၈,၅၀၀ အတွက်လျှပ်စစ်ဓါတ်အားဖြန့်ဝေပေးနိုင်ရန်မျှော်လင့်ထားသည်။
Ming Yang Smart Energy Group Ltd မှ ဒုတိယ ဥက္ကဌ ဖြစ်သူ Ye Fan က
ကမ်းလွန်လေအားလျှပ်စစ် အသုံးပြုခြင်းကို စွမ်းအင်သစ် နယ်ပယ်မှာ “လပေါ်သို့ဆင်းသက်ခြင်းစီမံကိန်း” လို့လည်း သိရှိထားကြပါတယ်။ ဥရောပတိုက်ဟာ ကမ္ဘာပေါ်မှာ ကမ်းလွန်လေအားလျှပ်စစ်ဈေးကွက်ထဲမှာ အကြီးဆုံးနဲ့ သက်တမ်းအရင့်ဆုံး ဈေးကွက်ကို ပိုင်ဆိုင်ထားပါတယ်။ အီတလီနိုင်ငံမှာလုပ်နေတဲ့ အဲဒီစီမံကိန်းဟာ မြေထဲပင်လယ်ဒေသထဲမှာတော့ ပထမဆုံး ကမ်းလွန်လေအားလျှပ်စစ် စီမံကိန်းတစ်ခုဖြစ်ပါတယ်” ဟုဆိုသည်။
ဆင်ဟွာသတင်းထောက်များက ရောမ မြို့မှ သတင်းပေးပို့ခြင်းဖြစ်သည်။ (Xinhua)
…………………………..
(English Version)
Chinese company helps build wind plant in Italy
A Chinese company is helping build a wind power plant based in the southern Italian city of Taranto, once known for environmental woes tied to one of Europe’s largest steel smelters.

The “Taranto Off-Shore Project,” which includes 10 turbines producing 3 megawatts of power each, will be completed in part with Chinese equipment supplier Ming Yang Smart Energy Group Ltd.
The plant built on the heel of Italy’s boot-shaped peninsula is expected to provide electrical power to around 18,500 families with near-zero greenhouse gas emissions.
SOUNDBITE (Chinese): YE FAN, Vice president, Ming Yang Smart Energy Group Ltd.
“Utilization of offshore wind power is known as the ‘moon landing project’ in the new energy industry. Europe has the maturest and largest offshore wind power market in the world. This project in Italy is the first offshore wind power project in the Mediterranean region.”
Xinhua News Agency correspondents reporting from Rome.
(XHTV)