Connect with us

North America

အမေရိကန်နိုင်ငံ ပစ်တ်စ်ဘာ့ဂ်မြို့တွင် ပါတီအတွင်း သေနတ်ပစ်ခတ်မှုကြောင့် လူ ၂ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ

အမေရိကန်နိုင်ငံ ပစ်တ်စ်ဘာ့ခ်မြို့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားသည့်နေရာ၌ ရဲတပ်ဖွဲ့ဝင်များအား ဧပြီ ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Pittsburgh Public Safety/Handout via Xinhua)

ဝါရှင်တန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် ပစ်တ်စ်ဘာ့ခ်မြို့ရှိ နေအိမ်တစ်ခု၌ ဧပြီ ၁၇ ရက် အစောပိုင်းက ပါတီပွဲကျင်းပခဲ့ရာ သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အရွယ်မရောက်သေးသူ ၂ ဦး သေဆုံးခဲ့ပြီး အခြားသူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ငှားရမ်းထားသော အဆောက်အဦတစ်ခုအတွင်း လူပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့သော ညသန်းခေါင်ယံပါတီကျင်းပြီးနောက် မကြာမီတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ပါတီတက်ရောက်သူများ၌ အသက်မပြည့်သေးသောသူများစွာ ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

အရွယ်မရောက်သေးသူများဖြစ်ကြသော အမျိုးသားနှစ်ဦးလုံးသည် ဆေးရုံ၌ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းနှင့် နောက်ထပ်လူ ၈ ဦးမှာလည်း သေနတ်ဒဏ်ရာများကြောင့် ဆေးကုသမှုခံယူလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။

ရဲတပ်ဖွဲ့၏ ကနဦးထုတ်ပြန်ချက်တွင် လူ ၉ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသော်လည်း ပစ်တ်စ်ဘာ့ခ် ရဲချုပ် Scott Schubert ကမူ နောက်ပိုင်းစိစစ်ထားသော အရေအတွက်ကို ဧပြီ ၁၇ ရက် မွန်းလွဲပိုင်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

ကနဦးစုံစမ်းစစ်ဆေးမှုအရ နေအိမ်အတွင်း သေနတ် အချက် ၅၀ ကျော်ပစ်ခတ်ခဲ့ကြကြောင်း၊ ပါတီတက်ရောက်အချို့က ပြတင်းပေါက်များမှ ခုန်ချခဲ့ကြကြောင်းနှင့် နေအိမ်အပြင်ဘက်တွင်လည်း သေနတ် အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံတွင် နေ့စဉ် သေနတ်ပစ်ခတ်မှုမျိုးရှိနေသဖြင့် လူအများက သေနတ်ပစ်ခတ်မှုကို ကြားနိုင်ခဲ့ဖွယ်မရှိကြောင်း သေနတ်ဖြင့် အကြမ်းဖက်မှု အဆုံးသတ်ရေးဆိုင်ရာ ရှေ့နေနှင့် တရားလွှတ်တော်ရှေ့နေ Andrew Weinstein က တွစ်တာပေါ်၌ ရေးသားခဲ့သည်။

“လွန်ခဲ့တဲ့ကာလရှည်ကလည်း ဒီလိုဖြစ်ရပ်မျိုးတွေ ရှိခဲ့တာပဲ” ဟု Weinstein က ဖြည့်စွက်ပြောခဲ့သည်။

ပစ်တ်စ်ဘာ့ခ်ပါတီ ပစ်ခတ်မှုသည် အမေရိကန်နိုင်ငံတစ်ဝန်း သီတင်းပတ်ကုန်အတွင်း ဖြစ်ပွားခဲ့သော လူထုအတွင်း သေနတ်ပစ်ခတ်မှုများစွာအနက် တစ်ခုပင်ဖြစ်သည်။

တောင်ကယ်ရိုလိုင်းနားပြည်နယ်တွင်လည်း ဧပြီ ၁၆ ရက် မွန်းလွဲပိုင်းနှင့် ဧပြီ ၁၇ ရက် အစောပိုင်းတို့၌ လူထုအတွင်း သေနတ်ပစ်ခတ်မှု နှစ်ခုဖြစ်ပွားခဲ့ကာ စုစုပေါင်း လူ ၂၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နယူးယောက်ပြည်နယ် Syracuse မြို့ရှိ မြို့လယ်နေရာ၌ ဧပြီ ၁၆ ရက် အစောပိုင်းက လူငါးဦး သေနတ်ပစ်ခံခဲ့ရပြီး အမျိုးသားတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်ရပ်မှာ လူမှုအသိုင်းအဝိုင်းအတွင်း စိတ်ပျက်စရာဖြစ်ကြောင်း Syracuse မြို့တော်ဝန် Ben Walsh က သတင်းထောက်များအား ပြောကြားခဲ့သည်။

“ကျွန်တော် စိုးရိမ်ပူပန်နေတဲ့ လူပေါင်းများစွာဆီကနေ ကြားခဲ့ရပါတယ်။ လူတိုင်းက မြို့ထဲကိုသွားနေကြတာပဲ။ ဒီလိုဆက်စပ်တဲ့ကိစ္စတွေက လူတိုင်းမှာဖြစ်လာနိုင်တယ်။ အဲဒီမတော်တဆမှုဖြစ်ပွားခဲ့တဲ့နေရာမှာပဲ လူတိုင်းက ရပ်နေခဲ့ကြတာပဲလေ” ဟု Walsh က ပြောခဲ့သည်။

အမေရိကန်နိုင်ငံတွင် ယခုနှစ်အတွင်း သေနတ်နှင့်ဆက်စပ်သော ဖြစ်ရပ်များကြောင့် ပြည်သူ ၂၂,၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း Gun Violence Archive အကျိုးအမြတ်မယူသော သုတေသနအဖွဲ့မှ ပြုစုထားသော အချက်အလက်အရ သိရသည်။

အမေရိကန်နိုင်ငံအနီးရှိ မြို့များစွာတွင် “သေနတ်ပစ်ခတ်မှုများနှင့် လူသတ်မှုများ သိသိသာသာ များပြားစွာ တိုးပွားလာသည်ကို” တွေ့ရှိခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် နွေဦးရာသီတွင် စတင်လာသည့် ရေစီးကြောင်းတစ်ခုလည်းဖြစ်ကြောင်း နယူးယောက်ရှိ John Jay College of Criminal Justice လက်ထောက်ပါမောက္ခ၊ ပြစ်မှုများ အထူးပြုလေ့လာဆန်းစစ်သူ Christopher Herrmann က ပြောကြားခဲ့သည်။ (Xinhua)

————————–
(English Version)

2 dead, 8 injured at party shooting in U.S. city Pittsburgh
Source: XinhuaEditor: huaxia2022-04-18 10:25:33

WASHINGTON, April 17 (Xinhua) — Two minors died and eight more people were injured after shots were fired at a house party in Pittsburgh, a major city in the U.S. state of Pennsylvania, early Sunday morning.

The shooting took place shortly after midnight during a party at a rental property, with as many as 200 people in attendance, many of them underage, according to police.

Two male victims — both juveniles — died at the hospital, police said, and eight more people were being treated for gunshot wounds.

A police release initially said nine others were injured, but Pittsburgh Police Chief Scott Schubert told reporters on Sunday noon that the number was later revised.

Police also said initial investigation revealed as many as 50 rounds were fired inside, prompting some party-goers to jump out of the windows, and several more shots were fired outside the home.

The investigation is ongoing.

Andrew Weinstein, an attorney and advocate for ending gun violence, tweeted on Sunday that people might not have heard about the shooting “because it’s the sort of thing that happens every single day in America.”

“It’s long past time we did something about that,” Weinstein added.

The Pittsburgh party shooting was only one of several mass shootings that have been reported across the United States over the weekend.

In the state of South Carolina, two separate mass shootings on Saturday afternoon and early Sunday have left at least 23 people injured in total.

In Syracuse in the state of New York, five people were shot, including one man fatally, in a commercial area early Saturday.

Syracuse Mayor Ben Walsh told reporters that this incident touched a nerve in this community.

“I’ve heard from a lot of people who are concerned,” Walsh said. “Everybody goes downtown. Everybody can relate to that. Everybody has stood where this incident has occurred.”

Over 22,000 people have died or been injured due to gun-related incidents in the United States this year, according to a database run by the nonprofit research group Gun Violence Archive.

Many cities around the United States have been experiencing “a pretty significant increase in shootings and homicides,” a trend that started in the spring of 2020, according to Christopher Herrmann, assistant professor at the John Jay College of Criminal Justice in New York, specializing in crime analysis.■
Photo : Police work at the scene of a shooting in Pittsburgh, the United States, on April 17, 2022. (Pittsburgh Public Safety/Handout via Xinhua)