Connect with us

Africa & Middle East

ဟစ်ဇ်ဘိုလာ၏ ကြေညာချက်ထွက်ပေါ်လာပြီးနောက် ဘေရွတ်မြို့ပေါ်တွင် အစ္စရေးဂျက်လေယာဉ်များ ဝေဟင်အနိမ့်ပျံသန်း

အစ္စရေးနိုင်ငံ တောင်ပိုင်း Beer Sheva မြို့အနီး Hatzerim အခြေစိုက်စခန်းတွင် အစ္စရေးလေတပ် လေယာဉ်မှူးများ ဘွဲ့နှင်းသဘင်အခမ်းအနားအတွင်း အစ္စရေးလေတပ်မှ ပါဝင်တင်ဆက်နေသည်ကို ၂၀၂၁ ခုနှစ် ဇွန် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံနှင့် အစ္စရေးနိုင်ငံကြား ထိပ်တိုက်တွေ့ဆုံမှုအသစ်ကြောင့် နိုင်ငံသားများအကြား ထိတ်လန့်ကြောက်ရွံ့မှုများ မြင့်တက်နေသည့်ကြားမှ အစ္စရေးစစ်လေယာဉ်များသည် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၊ Mount Lebanon တောင်နှင့် တောင်ပိုင်းရှိမြို့များအပေါ် ဖေဖော်ဝါရီ ၁၈ ရက်က ဝေဟင်အနိမ့်ပျံသန်းခဲ့ကြောင်း သိရသည်။

ဟစ်ဇ်ဘိုလာက ယင်းနေ့အစောပိုင်း၌ ပါလက်စတိုင်းပိုင်နယ်မြေများပေါ်သို့ ကင်းထောက်မစ်ရှင်အတွက် ဒရုန်းတစ်စင်း ပျံသန်းခဲ့ကြောင်း ကြေညာချက်ထုတ်ပြန်ပြီး မိနစ်အနည်းငယ်အကြာ၌ အစ္စရေးဂျက်လေယာဉ်များက ဘေရွတ်မြို့ပေါ် ပျံသန်းခဲ့ခြင်းဖြစ်သည်။

ဟစ်ဇ်ဘိုလာက ပါလက်စတိုင်းပိုင် နယ်မြေများအတွင်းသို့ “Hassan” ဒရုန်းတစ်စင်းအား မိနစ် ၄၀ ခန့် လွှတ်တင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ရေဒီယိုထိန်းချုပ်စနစ်လေယာဉ်က လက်ဘနွန်မှ အစ္စရေးသို့ ဖြတ်သန်းလာပြီးနောက် အစ္စရေး လေကြောင်းကာကွယ်မှုများ စတင်ဆောင်ရွက်ခဲ့သလို တိုက်ခိုက်ရေးဂျက်လေယာဉ်များကလည်း စတင်ပျံတက်ခဲ့ကြောင်း အစ္စရေး စစ်တပ်က ယင်းနေ့အစောပိုင်း၌ ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(English Version)
Israeli jets fly low over Beirut after Hezbollah’s announcement
2022-02-19 00:37:12
BEIRUT, Feb. 18 (Xinhua) — Israeli warplanes on Friday flew at a very low altitude over Beirut, Mount Lebanon and southern cities, raising fears among citizens of a new confrontation between Lebanon and Israel.
Israel’s jets flew over Beirut a few minutes after an announcement by Hezbollah that it has sent, earlier in the day, a drone over the occupied Palestinian territories on a reconnaissance mission.
Hezbollah said in a statement that the group launched a “Hassan” drone into the occupied Palestinian territories for 40 minutes.
Israel’s military said earlier in the day that Israeli aerial defenses were triggered and fighter jets scrambled after a radio-controlled aircraft crossed into Israel from Lebanon. Enditem

Photo : Israeli Air Force performs during a graduation ceremony of Israeli Air Force pilots at the Hatzerim base near the southern Israeli city of Beer Sheva on June 24, 2021. (Xinhua/Gil Cohen Magen)