Connect with us

Europe

ပူတင်နှင့် မက်ခရွန်တို့ ယူကရိန်းအခြေအနေအား တယ်လီဖုန်းဖြင့်ဆွေးနွေး

ရုရှားနိုင်ငံ သမ္မတဗလာတီမာပူတင်နှင့် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ်မက်ခရွန် အားတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မတ် ၁၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင် (Vladimir Putin) နှင့် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ်မက်ခရွန် (Emmanuel Macron) တို့သည် မတ် ၁၈ ရက်တွင်တယ်လီဖုန်းပြောဆိုစဉ် ယူကရိန်း၌ဖြစ်ပွားနေသည့် အခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြင်သစ်သမ္မတ၏ စိုးရိမ်ပူပန်မှုများအပေါ် တုံ့ပြန်ရာတွင် ရုရှား လက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် အရပ်သားများ၏ အသက်အား ကယ်တင်ရန် နှင့် အရပ်သားများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရန်အတွက် လူသားချင်းစာနာထောက်ထားမှု စင်္ကြံများ ဖွင့်လှစ်ရေး လုပ်ဆောင်နိုင်မည့်အရာများအားလုံးကို ဆောင်ရွက်လျက်ရှိကြောင်း ရုရှားသမ္မတက ပြန်လည်ဖြေကြားခဲ့သည်။

ခေါင်းဆောင်နှစ်ဦးတို့သည် လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့်ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများအား ဆွေးနွေးခဲ့ကြပြီး သဘောတူညီချက် ရရှိနိုင်မှုများအပေါ် ရုရှားနိုင်ငံ၏ ချဉ်းကပ်ကိုင်တွယ်ဖြေရှင်းမှုကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြင်သစ်နိုင်ငံ သမ္မတအနေဖြင့် Mariupol မြို့၌ ဖြစ်ပွားလျက်ရှိသည့် အခြေအနေအပေါ် စိုးရိမ်မိကြောင်း ပြောကြားခဲ့ပြီး ချက်ချင်းအပစ်အခတ်ရပ်စဲရန် တောင်းဆိုခဲ့ကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။ (Xinhua)

 

…………………………………………
(English version)
Putin, Macron discuss situation in Ukraine over phone
MOSCOW, March 18 (Xinhua) — Russian President Vladimir Putin discussed the situation in Ukraine during a telephone call with his French counterpart Emmanuel Macron on Friday.
The Russian president explained that the country’s armed forces were doing everything possible to save civilian lives and open humanitarian corridors for the safe evacuation of the population, in response to concerns raised by the French leader.
The leaders also talked about the developments with regard to the ongoing peace negotiations, and discussed Russia’s approach toward possible agreements.
The French leader expressed concern over the situation in Mariupol, and called for an immediate ceasefire, local media reported. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.