Connect with us

CHINA

ဟောင်ကောင်သို့ ဗိုင်းရပ်စ်တိုက်ဖျက်ရေးပစ္စည်းကိရိယာများကို ရထားဖြင့် တင်ပို့

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် Shenzhen မှ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသသို့ ဆေးဘက်ဆိုင်ရာအကူအညီများ သယ်ဆောင်လာသည့် ကုန်စည်ရထားကြီးအား မတ် ၂ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

SHENZHEN/ဟောင်ကောင် ၊ မတ် ၃ ရက်(ဆင်ဟွာ)

ဟောင်ကောင်ဒေသတွင် COVID-19 ရောဂါထိန်းချုပ်ရေးကူညီရန် ဗဟိုအစိုးရအာဏာပိုင်များ၏ ရည်မှန်းချက်ဖြင့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေ(HKSAR)အတွက် COVID-19 ရောဂါတိုက်ဖျက်ရေး အထောက်အပံ့ပစ္စည်းများတင်ဆောင်လာသော ကုန်တိန်နာအတွဲပေါင်း ၁၈ တွဲပါရှိသည့် ကုန်တင်ရထားကြီးသည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် SHENZHEN မှ မတ် ၂ ရက်တွင် ထွက်ခွာလာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် Shenzhen မှ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသသို့ ဆေးဘက်ဆိုင်ရာအကူအညီများ သယ်ဆောင်လာသည့် ကုန်စည်ရထားကြီးအား မတ် ၂ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

SHENZHEN -ဟောင်ကောင် ကုန်စည်ရထားကြီးသည် လက်ရှိအခြေအနေတွင် တစ်ရက်လျှင် တစ်ခေါက်သာ ပြေးဆွဲပေးသွားမည်ဖြစ်သော်လည်း ဟောင်ကောင်၏ လိုအပ်ချက်အရ ပြေးဆွဲမှု အခေါက်ရေးကို တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မတ် ၂ ရက် တွင်ပြေးဆွဲသော ကုန်ရထားကြီးသည် နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ဆေးဘက်ဆိုင်ရာ ကုန်စည်တန်ချိန် ၅၀ တင်ဆောင်လာခဲ့ပြီး မိနစ် ၄၀ ခန့်အကြာတွင် ဟောင်ကောင်သို့ ဆိုက်ရောက်လာခဲ့ခြင်းဖြစ်သည်။

ယင်းကုန်စည်များထဲတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ်စစ်ဆေးရန် test kits အခုရေ ၁.၁ သန်း နှင့် တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ အစုံ ၂၀,၀၀၀ နှင့် အခြားဆေးဝါးပစ္စည်းများ ပါဝင်ကြောင်း သိရသည်။ ယင်းဆေးဘက်ဆိုင်ရာအကူအညီပစ္စည်းများကို ယင်းနေ့မှာပင် ရှေ့တန်း၌ ကိုဗစ်တိုက်ဖျက်ရေးဆောင်ရွက်နေသူများထံ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးဘက်ဆိုင်ရာအကူအညီပေးအပ်ခြင်းသည် ဟောင်ကောင်သို့ တရုတ်နိုင်ငံပြည်မကြီးမှ ရထားပို့ဆောင်ရေး ခရီးစဉ်ပြန်လည်ပြေးဆွဲခြင်းဖြစ်လုပ်ဆောင်ခဲ့သည်။ ဆယ်စုနှစ်များစွာကြာအောင် ဟောင်ကောင်သို့ လတ်ဆတ်သော အစားအသောက်များ ပုံမှန်ပို့ဆောင်ပေးနေသည့် ရထားခရီးစဉ်သည် အမြန်လမ်း သယ်ယူပို့ဆောင်ရေးစနစ် တိုးတက်လာချိန်တွင် ရပ်တန့်ထားခဲ့ပြီးနောက် ၁၅ နှစ်အကြာတွင် ယခုကဲ့သို့ ပြန်လည်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။
” ဒီနေ့မှာတော့ ပြည်မကြီးဆီကနေ ဟောင်ကောင်ကို ကုန်စည်ရထားလာနေတာကို ကျွန်မတို့တွေ့မြင်နေရပါပြီ” ဟု ကုန်စည်ရထားကြီးအား ဘူတာရုံတွင်သွားရောက်ကြိုဆိုခဲ့သည့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအုပ်ချုပ်ရေးမှူး ကယ်ရီလမ်းကဆိုသည်။ ” အဲဒါဟာ ဗဟိုအစိုးရအနေနဲ့ ကပ်ရောဂါတိုက်ဖျက်ရေးမှာ ဘက်စုံကဏ္ဍစုံ ၊ ခိုင်ခိုင်မာမာ နဲ့ မြန်မြန်ဆန်ဆန် ဟောင်ကောင်ကို ထောက်ပံ့ကူညီပေးခြင်းဖြစ်ပါတယ်” ဟု ကြိုဆိုပွဲတွင် ၎င်းက ပြောကြားခဲ့သည်။

ဘက်စုံအကူအညီပံ့ပိုးပေးခဲ့သည့် ဗဟိုအစိုးရအား ဟောင်ကောင် (HKSAR) အစိုးရ နှင့် ဟောင်ကောင်ဒေသခံများကိုယ်စား ကျေးဇူးတင်ရှိကြောင်းလည်း လမ်းက လှိုက်လှိုက်လှဲလှဲကျေးဇူးတင် စကားဆိုခဲ့သည်။

ကွမ်တုံ မှ ဟောင်ကောင်သို့ ရေလမ်းခရီးပို့ဆောင်ရေးကို မကြာသေးခင်က ဖွင့်လှစ်ခဲ့ပြီး ယင်းလမ်းကြောင်းမှာ အဆင်ပြေချောမွေ့စွာ လည်ပတ်နေပြီဖြစ်သည်။ ယခုအခါ ဗိုင်းရပ်စ်တိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများကို ဟောင်ကောင်သို့ ကုန်လမ်း ၊ ရေလမ်း နှင့် ရထားလမ်းတို့မှတဆင့် ပေးပို့ နိုင်ပြီဖြစ်ကြောင်း သိရသည်။(Xinhua)

…………………………….
(English Version)
Freight train sends anti-virus materials to Hong Kong

SHENZHEN/HONG KONG, March 3 (Xinhua) — A freight train loaded with anti-COVID-19 supplies in 18 containers left Shenzhen on Wednesday for the Hong Kong Special Administrative Region (HKSAR), amid the central authorities’ efforts to help Hong Kong combat COVID-19.
The Shenzhen-Hong Kong freight train runs once a day at the current stage, and its frequency may be increased according to the needs of Hong Kong.
Wednesday’s train, departing at around 11:40 a.m. with around 50 tonnes of medical supplies, arrived in Hong Kong after about 40 minutes.
The goods include 1.1 million COVID-9 virus test kits and 20,000 pieces of protective clothing and other medical supplies. The materials will be distributed to the anti-epidemic front on the same day.
The move marks the resumption of railway transportation of mainland supplies to Hong Kong, 15 years after the decades-old regular service of sending fresh food to Hong Kong by rolling stock ended amid the rapid development of highway transportation.
“Today, we witness a freight train coming to Hong Kong from the mainland again,” said Chief Executive of HKSAR Carrie Lam, who greeted the arrival of the train. “It signifies that the central government’s assistance to Hong Kong in the fight against the epidemic is comprehensive, strong and fast.”
Lam also expressed heartfelt thanks to the central government for the comprehensive assistance on behalf of the government and citizens of the HKSAR.
Waterborne transportation from Guangdong to Hong Kong was opened recently, and it is operating smoothly. Anti-virus materials can now be sent from the mainland to the HKSAR by land, water and railway.

PhotosA freight train loaded with anti-COVID-19 supplies departs for Hong Kong from Shenzhen, south China’s Guangdong Province, March 2, 2022