Connect with us

Europe

ယူကရိန်းနိုင်ငံရှိ နျူကလီးယားအဆောက်အအုံများ၏ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ပူပန်ကြောင်း တရုတ်သံတမန် ပြောကြား

ဗီယင်နာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်ဝမ်ချွင်အား ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်(ဆင်ဟွာ)

ဗီယင်နာ ၊ မတ် ၃ ရက် (ဆင်ဟွာ)

ဗီယင်နာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်ဝမ်ချွင်က ယူကရိန်းနိုင်ငံရှိ နျူကလီးယားအဆောက်အအုံများ၏ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ပူပန်ကြောင်း မတ် ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA)အား ၎င်းတို့ကို အပ်နှင်းသည့် လုပ်ပိုင်ခွင့်များနှင့်အညီ ၎င်းတို့၏ တာဝန်များအား ထမ်းဆောင်ရာတွင် အားပေးထောက်ခံကြောင်း ဝမ်က ယူကရိန်းနိုင်ငံရှိ အခြေအနေများအား ဆွေးနွေးရန် IAEA အုပ်ချုပ်ရေးဘုတ်အဖွဲ့က ခေါ်ယူကျင်းပသည့် အစည်းအဝေး၌ ပြောကြားခဲ့သည်။

“နျူကလီးယား ဘေးကင်းလုံခြုံမှုနဲ့ အာမခံချက်က အချုပ်အခြာအာဏာပိုင်နိုင်ငံတွေရဲ့ တာဝန်ဖြစ်ပါတယ်။”ဟု တရုတ်သံတမန်က ပြောကြားခဲ့သည်။ “ယူကရိန်းနိုင်ငံရဲ့ နျူကလီးယား ဘေးကင်းလုံခြုံမှုနဲ့အာမခံချက် အကြောင်းကိစ္စကို တည်ဆဲလုပ်ထုံးလုပ်နည်းတွေကနေတစ်ဆင့် ဖြေရှင်းသင့်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

သက်ဆိုင်ရာအဖွဲ့အစည်းများက ယင်းအကြောင်းကိစ္စအပေါ်တွင် ၎င်းတို့၏ တာဝန်များအား အလေးအနက်ထမ်းဆောင်ကြရန် ဝမ်က တိုက်တွန်းခဲ့ပြီး IAEA အနေဖြင့် ၎င်းတို့ကို တိကျစွာအပ်နှင်းသည့် လုပ်ပိုင်ခွင့်များနှင့်အညီ လိုအပ်သည့် အကူအညီများ ပေးအပ်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

“သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ မလိုလားအပ်တဲ့ နျူကလီးယား ဘေးကင်းမှုနဲ့ လုံခြုံရေးမတော်တဆဖြစ်မှုကို ရှောင်ရှားနိုင်ဖို့ ချင့်ချင့်ချိန်ချိန် လုပ်ဆောင်သင့်ပါတယ်။ IAEA က ယူကရိန်းနိုင်ငံရဲ့ လုံခြုံရေးအခြေအနေကို ထည့်သွင်းစဉ်းစားပြီးတော့ ယူကရိန်းနိုင်ငံရဲ့ နျူကလီးယားကာကွယ်ရေးကိစ္စကို မှန်မှန်ကန်ကန်ကိုင်တွယ်သင့်ပါတယ်။”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် IAEA ၏ လွတ်လပ်စွာ လှုပ်ရှားခွင့်နှင့် အခွင့်အာဏာလုပ်ပိုင်ခွင့်ကို လေးစားရန် နှင့် အေဂျင်စီ၏ အရေးကိစ္စအား နိုင်ငံရေးအမြတ်ထုတ်ခြင်းမှ ရှောင်ကြဉ်ရန် အမြဲတမ်းကိုယ်စားလှယ်ဝမ်ချွင်က တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။

တရုတ်နိုင်ငံသည် ယူကရိန်းနိုင်ငံ၌ ဖြစ်ပေါ်တိုးတက်မှုများအား အနီးကပ် ဆက်လက်စောင့်ကြည့်သွားမည် ဖြစ်ပြီး တင်းမာမှုများလျှော့ချရေး နှင့် နိုင်ငံရေးအရ ပြေလည်မှုရရှိစေသည့် ကြိုးပမ်းမှုများအားလုံးကို အားပေးထောက်ခံကြောင်း အမြဲတမ်းကိုယ်စားလှယ် ဝမ်ချွင်က ပြောကြားခဲ့သည်။ (Xinhua)

…………………..
(English Version)
China concerned for safety of Ukraine’s nuclear facilities: Chinese envoy
VIENNA, March 2 (Xinhua) — China’s Permanent Representative to the United Nations in Vienna Wang Qun on Wednesday expressed concerns for the safety of nuclear facilities in Ukraine.
China supports the International Atomic Energy Agency (IAEA) in performing its duties in accordance with its mandate, Wang said at a meeting convened by the IAEA Board of Governors to discuss the situation in Ukraine.
“Nuclear safety and security are responsibilities of sovereign states,” the Chinese envoy said. “The issue of Ukraine’s nuclear safety and security should be addressed through existing procedures.”
He urged relevant parties to earnestly perform their duties on this issue and called for the IAEA to provide necessary assistance in strict accordance with its mandate.
“Relevant parties should act prudently to avoid unintended nuclear safety and security accidents, and the IAEA should properly handle the issue of nuclear safeguards in Ukraine in consideration of the country’s security situation,” he added.
He also urged relevant parties to respect the independence and authority of the IAEA and avoid politicizing the agency’s affairs.
China will continue to closely monitor the developments in Ukraine and support all efforts conducive to de-escalation and political settlement, Wang said. ■
Photo – Wang Qun, Chinese envoy to the United Nations and other international organizations in Vienna, attends a press conference on the AUKUS nuclear submarine deal and related non-proliferation issues in Vienna, Austria, Nov. 26, 2021. (Xinhua/Guo Chen)