Connect with us

CHINA

ဟောင်ကောင်တွင် ပြည်မကြီးအကူအညီဖြင့် သီးသန့်ရောဂါကုသဆောင်တည်ဆောက်မှု တစ်ပတ်အတွင်း ပြီးစီး

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ၊ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းအား ဖေဖော်ဝါရီ ၂၈ ရက်က ဗီဒီယိုမိန့်ခွန်းပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ မတ် ၁ ရက် (ဆင်ဟွာ)

ဟောင်ကောင်ရှိ ချင်းရီးမြို့တွင် သီးသန့် ရောဂါကုသမှုအဆောက်အအုံအစု (CIF) တည်ဆောက်မှုအား ပြည်မကြီး၏ ပံ့ပိုးမှုအကူအညီဖြင့် အချိန်ကာလတစ်ပတ်အတွင်း ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂၈ ရက်၌ ပြီးစီးခဲ့ကြောင်း သိရသည်။ဖေဖော်ဝါရီ ၂၂ ရက်တွင် စတင်ခဲ့သော CIF တည်ဆောက်မှုသည် ကူးစက်ရောဂါ ပဉ္စမလှိုင်းဖြစ်ပွားချိန်မှစ၍ ပထမဆုံး တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်ပြီး စတင်အသုံးပြုပြီးနောက် လူနာအရေအတွက် ၃,၉၀၀ ကျော်ကို လက်ခံကုသပေးနိုင်မည်ဖြစ်သည်။

CIF သည် အပြောင်းအလဲပြုလုပ်နိုင်သည့် ကန့်ထားသောအခန်းငယ်လေးများအား ပေါင်းစပ်ထားခြင်းဖြစ်ပြီး အခန်းတိုင်းတွင် အခြေခံပရိဘောဂနှင့် ကုတင်များ၊ လေအေးပေးစက်၊ မီးခိုးသတိပေးစက်နှင့် မီးငြှိမ်းသတ်စနစ်များ ပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်၊ ချင်းရီးမြို့ရှိ သီးသန့်အဆောက်အအုံအစု တည်ဆောက်မှု လုပ်ငန်းခွင်အား ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ဆောက်လုပ်ရေးအဖွဲ့က ၇ ရက်အတွင်း ဟောင်ကောင်အတွက် အံ့ဖွယ်ဖန်တီးပေးလိုက်တာပဲဖြစ်ပါတယ်” ဟု ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) ၊ အမှုဆောင်အရာရှိချုပ် ကယ်ရီလမ်း (Carrie Lam) က CIF သို့ ဖေဖော်ဝါရီ ၂၈ ရက်က သွားရောက်စဉ် ပြောကြားခဲ့သည်။

“CIF တည်ဆောက်မှုက အရင်းအမြစ်ဖြန့်ကျက်မှုနဲ့ လျင်မြန်တဲ့ တည်ဆောက်နိုင်စွမ်းတွေအရ ကျွန်တော်တို့အဖွဲ့ကို စမ်းသပ်မှုတစ်ခုလည်း ဖြစ်ပါတယ်” ဟု ယာယီအဆောက်အအုံများ တည်ဆောက်မှုအတွက် ဆောက်လုပ်ရေးကန်ထရိုက်တာ China State Construction International Holdings လီမိတက်၊ တွဲဖက်ဥက္ကဋ္ဌ Zhang Ming က ပြောခဲ့သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်၊ ချင်းရီးမြို့ရှိ သီးသန့်အဆောက်အအုံအစု တည်ဆောက်မှု လုပ်ငန်းခွင်အား ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စီမံကိန်းတည်ဆောက်မှုအတွက် တရုတ်ပြည်မကြီးမှ အင်ဂျင်နီယာ ၁၅၀ ဦးနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း အမျိုးမျိုး အပါအဝင် ဖြစ်နိုင်သော အရင်းအမြစ်များအားလုံး ဟောင်ကောင်အတွက် စုစည်းခဲ့ခြင်းဖြစ်ကြောင်း Zhang က ဆိုသည်။

ဆောက်လုပ်ရေးအဖွဲ့အနေဖြင့် ဗဟိုအာဏာပိုင်များ၏ ပံ့ပိုးမှုအောက်တွင် ဟောင်ကောင်ရှိ ကျန်ရှိနေသေးသော သီးသန့်အဆောက်အအုံအစု ၇ ခု တည်ဆောက်ရေးတွင်လည်း အပြည့်အဝ ကြိုးပမ်းအားထုတ်သွားမည်ဟု Zhang က ကတိပြုခဲ့သည်။

ဟောင်ကောင်အနေဖြင့် တရုတ်နိုင်ငံမှ ခိုင်မာသောပံ့ပိုးကူညီမှုအရ ကူးစက်ရောဂါတိုက်ဖျက်ရေး တိုက်ပွဲကို အောင်နိုင်ရေးနှင့် ပုံမှန်အခြေအနေပြန်လည်ရောက်ရှိရေးမှာ သံသယဖြစ်ဖွယ်မရှိကြောင်း HKSAR အမှုဆောင်အရာရှိချုပ် လမ်းက ဖေဖော်ဝါရီ ၂၈ ရက် နံနက်အစောပိုင်း ဗီဒီယိုမိန့်၌ ထည့်သွင်းပြောကြားခဲ့သည်။

လမ်း၏ အဆိုအရ HKSAR အစိုးရသည် လက်ရှိ ကူးစက်ရောဂါတိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများ ချမှတ်သွားမည်ဖြစ်ကြောင်းနှင့် COVID-19 ဗိုင်းရပ်စ် ပျံ့နှံ့မှုကွင်းဆက်များ ဖြတ်တောက်ရန် အသေးစိတ်၊ လျင်လျင်မြန်မြန်၊ အစီအစဉ်ကျကျ ထိရောက်မှုရှိသော အပြုအမူဖြင့် မတ်လအတွင်း အားလုံးပါဝင်သော မလုပ်မနေရ ရောဂါစစ်ဆေးမှုအစီအစဉ် အသေးစိတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗဟိုအစိုးရက ဟောင်ကောင်၏ ဆေးကုသမှုစွမ်းဆောင်ရည်အား မြှင့်တင်ရန် Lok Ma Chau Loop ဧရိယာတွင် အရေးပေါ်အသုံးပြုရန် ဆေးရုံတစ်ရုံ တည်ဆောက်ရန် ပြည်မကြီးရှိ ဆောက်လုပ်ရေးအဖွဲ့ကို တာဝန်ပေးထားကြောင်းလည်း လမ်းက ဖြည့်စွက်ပြောခဲ့သည်။

“HKSAR အစိုးရအနေနဲ့ ရရှိနိုင်တဲ့ လူ့စွမ်းအား နဲ့ အရင်းအမြစ်တွေအားလုံးကို ဆက်လက်စုစည်းသွားမှာ ဖြစ်ပြီး ကူးစက်ရောဂါတိုက်ဖျက်ရေး လိုအပ်တဲ့ဆောင်ရွက်ချက်တွေ အားလုံးကို လက်ခံကျင့်သုံးသွားမှာပါ” ဟု ၎င်းက ဆိုသည်။ (Xinhua)

#China, #HongKong, #COVID_19, #CarrieLam, #Xinhua, #Myanmar, #XinhuaMyanmar, #တရုတ်, #ဟောင်ကောင်, #ကယ်ရီလမ်း, #သီသန့်အဆောက်အအုံ, #ဆင်ဟွာ, #မြန်မာ, #ဆင်ဟွာမြန်မာ

————————————-
(English Version)

Construction of mainland-aided isolation facility in Hong Kong completed in 1 week

HONG KONG, Feb. 28 (Xinhua) — The construction of a community isolation facility (CIF) located in Tsing Yi, Hong Kong, was completed on Monday with the support of the Chinese mainland in one week’s time.

Commenced on Feb. 22, the construction of the CIF is the first one to be completed since the fifth wave of the epidemic, able to accommodate over 3,900 patients after being put into use.

The CIF is a combination of modular cubicles, with basic furniture and bedding, air conditioner, smoke detector and fire extinguisher included in each room.

“The construction team has created a miracle for Hong Kong within seven days,” said Carrie Lam, chief executive of the Hong Kong Special Administrative Region (HKSAR), during her visit to the CIF on Monday afternoon.

“The construction of the CIF is a test to our team in terms of resource deployment and rapid construction capability,” said Zhang Ming, assistant president of China State Construction International Holdings Ltd., the construction contractor that is building the temporary facilities.

Zhang said that they have mobilized all possible resources to Hong Kong for the construction project, including sending 150 engineers and various construction supplies from the Chinese mainland.

Zhang pledged that the team will pay full effort in the construction of the remaining seven community isolation facilities in Hong Kong under the support of the central authorities.

Lam, the HKSAR chief executive, said in a video speech earlier on Monday that Hong Kong will undoubtedly win the battle against the epidemic and resume normal under the staunch support from the country.

According to Lam, the HKSAR government will step up existing anti-epidemic efforts and are currently refining the details of the compulsory universal testing to be launched within March, in order to cut COVID-19 virus transmission chains in a thorough, speedy, orderly and effective manner.

The central government has also assigned a mainland construction team to build a hospital for contingency use in the Lok Ma Chau Loop area to enhance Hong Kong’s treatment capability, Lam added.

“The HKSAR government will continue to mobilize all available manpower and resources, and adopt all necessary measures to fight the epidemic,” she said. ■

Photo 1 : Carrie Lam, chief executive of the Hong Kong Special Administrative Region (HKSAR), speaks in a video speech in south China’s Hong Kong, Feb. 28, 2022. Lam said that Hong Kong will undoubtedly win the battle against the epidemic and resume normal under the staunch support from the country. (Information Services Department of the Government of the HKSAR/Handout via Xinhua)

Photo 2 : Aerial photo taken on Feb. 26, 2022 shows the construction site of the community isolation facility (CIF) in Tsing Yi, south China’s Hong Kong. The construction was completed on Monday with the support of the Chinese mainland in one week’s time. Commenced on Feb. 22, the construction of the CIF is the first one to be completed since the fifth wave of the epidemic, able to accommodate over 3,900 patients after being put into use. (Xinhua)
Photo 3 : Aerial photo taken on Feb. 26, 2022 shows the construction site of the community isolation facility (CIF) in Tsing Yi, south China’s Hong Kong. The construction was completed on Monday with the support of the Chinese mainland in one week’s time. Commenced on Feb. 22, the construction of the CIF is the first one to be completed since the fifth wave of the epidemic, able to accommodate over 3,900 patients after being put into use. (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.