Connect with us

Europe

ဒွန်ဘတ်စ်နှင့် ရုရှားအား တိုက်ခိုက်ရန် အမေရိကန်နိုင်ငံက ရန်ပုံငွေပံ့ပိုးထားသော ဇီဝဓာတ်ခွဲခန်းများကို အသုံးပြုကြောင်း အထောက်အထားသစ်က ဖော်ပြနေ

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်အား မတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

ဒွန်ဘတ်စ်ဒေသနှင့် ရုရှားနိုင်ငံရှိ နေထိုင်သူများအား တိုက်ခိုက်ရန် ပင်တဂွန်က ရန်ပုံငွေထောက်ပံ့ထားသော ဇီဝဗေဒဆိုင်ရာ ဓာတ်ခွဲခန်းများ၌ ထုတ်လုပ်ထားသည့် လူကိုသေစေနိုင်သောရောဂါပစ္စည်းများကို အသုံးပြုရန် ကိဗ်က စီစဉ်ထားကြောင်း ဖော်ပြထားသည့် အထောက်အထားသက်သေကို ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက တွေ့ရှိထားကြောင်း RT ရုပ်သံကွန်ရက်ထုတ်ဆောင်းပါးအရ သိရသည်။

ယူကရိန်းနိုင်ငံ၏ ရည်ရွယ်ချက်နှင့်အတူ ယင်းနိုင်ငံရှိ ဇီဝလက်နက်များထုတ်လုပ်မှုတွင် အမေရိကန် တာဝန်ရှိသူများ ပါဝင်ပတ်သက်မှုရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက စွပ်စွဲထားသည်။

အဆိုပါ တာဝန်ရှိသူများမှာ “အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သူ့ရဲ့ အဓိကစာချုပ်ချုပ်ဆိုထားတဲ့ အဖွဲ့တွေရဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ ဝန်ထမ်းတွေပါပဲ” ဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က သတင်း၌ ပြောကြားထားသည်။

လက်ရှိ အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်၏ သားဖြစ်သူ Hunter Biden သည် အဆိုပါ ဆောင်ရွက်ချက်များ၌ တိုက်ရိုက်ပါဝင်ပတ်သက်မှုရှိကြောင်း Konashenkov က ဆိုပြီး Hunter Biden သည် ပင်တဂွန်နှင့် စာချုပ်ချုပ်ဆိုထားသော ဇီဝလက်နက် ဖော်ထုတ်ရန် အသုံးပြုနိုင်သည့် လူကိုသေစေနိုင်သော ရောဂါပစ္စည်းများ သုတေသန အထူးကျွမ်းကျင်သည့် Metabiota နှင့် အနီးကပ်အလုပ်လုပ်ကိုင်လျက်ရှိကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
New evidence shows U.S.-funded biolabs used to attack Donbass, Russia: RT

MOSCOW, April 2 (Xinhua) — Russia’s Defense Ministry has found evidence suggesting Kiev was planning to use pathogens developed in Pentagon-funded biological laboratories against the population of Donbass and Russia, according to an article published on RT.

Alongside Kiev’s intent, the defense ministry allegedly identified concrete U.S. officials involved in developing biological weapons in Ukraine.

These officials were “the heads of divisions and employees of the U.S. Department of Defense, as well as its main contractors,” said the report, citing Russian Defense Ministry spokesman Igor Konashenkov.

Hunter Biden, the son of the current U.S. president Joe Biden, was directly involved in these campaigns, Konashenkov said, citing investigations by Western media, adding Hunter Biden has worked closely with Pentagon contractor Metabiota, which specializes in research on pathogens that can be used to develop biological weapons. ■
Photo : Photo taken on March 10, 2022 shows the Kremlin in Moscow, Russia. (Xinhua/Bai Xueqi)