Connect with us

Europe

အစွန်းရောက်ဝါဒကြောင့် Facebook နှင့် Instagram အား ရုရှားနိုင်ငံက တားမြစ်ပိတ်ပင်

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ Capitol Hill ရှိ အမေရိကန်အောက်လွှတ်တော် ဘဏ္ဍာရေးဝန်ဆောင်မှုကော်မတီ ရှေ့မှောက်တွင် သက်သေထွက်ဆိုနေသည့် Mark Zuckerberg အား ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ မတ် ၂၂ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ၌ Facebook နှင့် Instagram အား တားမြစ်ပိတ်ပင်ရန် မတ် ၂၁ ရက်တွင် မော်စကိုတရားရုံးက အမိန့်ချမှတ်ခဲ့ပြီး ယင်းလူမှုကွန်ရက်နှစ်ခု၏ ပင်မကုမ္ပဏီ Meta Platforms Inc. အား အစွန်းရောက်ဝါဒ ဟု တံဆိပ်ကပ်လိုက်ကြောင်း သိရသည်။ရုရှားနိုင်ငံအစိုးရရှေ့နေချုပ်ရုံးက ယင်းလုပ်ဆောင်ချက်သည် ရုရှားနိုင်ငံသားများအား ၎င်းတို့၏ အခွင့်အရေးများ ချိုးဖောက်ခံရခြင်းမှ ကာကွယ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဒေသတွင်းမီဒီယာများ၏ ဖော်ပြမှုအရ သိရသည်။
Meta သည် ရုရှားစစ်တပ်အပေါ် ရက်စက်ကြမ်းကြုတ်သောစကားများနှင့် ပို့စ် တင်ခွင့်ပြုခြင်းဖြင့် ၎င်းတို့၏ ကိုယ်ပိုင်စည်းမျဉ်းများအား ချိုးဖောက်ခဲ့ကြောင်း ၊ ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေးနှင့် ပတ်သက်၍ သတင်းအချက်အလက် အတုအယောင်များအား ဖယ်ရှားရန် တောင်းဆိုချက် ၄,၅၀၀ ကျော်ကို လျစ်လျူရှုခဲ့သလို ခွင့်ပြုချက်မရှိသော စည်းရုံးလှုံ့ဆော်မှုများအတွက် သွေးထိုးလှုံ့ဆော်ခဲ့ကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

တရားရုံးပြဌာန်းချက်သည် ချက်ချင်းအသက်ဝင်လာမည် ဖြစ်သော်လည်း WhatsApp messenger ကို သက်ရောက်မည် မဟုတ်ကြောင်း သိရသည်။

ရုရှားနိုင်ငံ၏ အစိုးရရှေ့နေချုပ်ရုံး နှင့် ဖက်ဒရယ်လုံခြုံရေးဌာနက အမေရိကန် လုပ်ငန်းကြီးအား ရုရှားနိုင်ငံ နှင့် ၎င်းတို့၏ စစ်တပ်အပေါ် ဆန့်ကျင်မှုလုပ်နေသည့် စွပ်စွဲချက်ဖြင့် ရုရှားနိုင်ငံ၌ Meta အား စီးပွားရေးလုပ်ကိုင်ခွင့် တားမြစ်ပိတ်ပင်ခဲ့ကြောင်းလည်း သိရသည်။ (Xinhua)

————————–
(English Version)

Russia bans Facebook, Instagram for “extremism”

MOSCOW, March 21 (Xinhua) — A Moscow court ruled on Monday to ban Facebook and Instagram in Russia, labeling the parent company of the two social networks Meta Platforms Inc. “extremist.”

The Prosecutor General’s Office of Russia said that the lawsuit was aimed at protecting Russians from “a violation of their rights,” according to local media.

Meta has violated its own rules by allowing posts with violent speeches towards the Russian military and has ignored more than 4,500 requests to remove fake information on Russia’s special military operation and calls for unauthorized rallies, the prosecutors said.

The court ruling will come into effect immediately but will not affect WhatsApp messenger.

Meta is also banned from doing business in Russia as the Prosecutor General’s Office and Russia’s Federal Security Service accused the U.S. giant of acting against Russia and its armed forces. ■

Photo – Mark Zuckerberg testifies before the U.S. House Financial Services Committee on Capitol Hill in Washington D.C., the United States, on Oct. 23, 2019. (Xinhua/Liu Jie)a