Connect with us

International Organizations

စင်ကာပူနိုင်ငံက အစ္စရေးနိုင်ငံတွင် သံရုံးဖွင့်လှစ်ရန် ရည်ရွယ်ထား

စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်အား ကုလသမဂ္ဂ အထွေထွေညီလာခံ ၇၆ ကြိမ်မြောက် အစည်းအဝေး၌ မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Cia Pak/UN Photo/Handout via Xinhua)

ဂျေရုဆလမ်၊ မတ် ၂၂ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံက အစ္စရေးနိုင်ငံတွင် ပထမဆုံး သံရုံးဖွင့်လှစ်ရန် ရည်ရွယ်ထားသည်ဟု စင်ကာပူနိုင်ငံခြားရေး ဗီဗီယန် ဘာလာခရစ်ရှ်နန် (Vivian Balakrishnan) က မတ် ၂၁ ရက်တွင် ပြောကြားခဲ့ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနအရ သိရသည်။
ပထမဆုံးအကြိမ် နှစ်နိုင်ငံဝန်ကြီးများအကြား တွေ့ဆုံခြင်းအဖြစ် အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Yair Lapid နှင့် တွေ့ဆုံစဉ် ဘာလာခရစ်ရှ်နန်က ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

စင်ကာပူနိုင်ငံသည် “ဆက်ဆံရေးထူထောင်ချိန်မှစ၍ ပထမဆုံးအကြိမ်အနေနဲ့ အစ္စရေးနိုင်ငံမှာ သံရုံးဖွင့်ဖို့ ရည်ရွယ်ထားပါ” ဟု ဘာလာခရစ်ရှ်နန်က Lapid အား ပြောကြားခဲ့ကြောင်း ဝန်ကြီးဌာနထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အစ္စရေးနိုင်ငံ၏ ဝန်ကြီးချုပ်၏ကိုယ်စားအဖြစ် တာဝန်ထမ်းဆောင်နေသော Lapid က ယင်းကြေညာချက်ကို ကြိုဆိုခဲ့သည်။ “ဒါဟာ နှစ်နိုင်ငံကြားက ကောင်းမွန်တဲ့ အထူးဆက်ဆံရေးရဲ့ နောက်ထပ်သက်သေပဲဖြစ်ပါတယ်” ဟု ၎င်းက တွစ်တာ၌ ရေးသားထားသည်။

အဆိုပါ သံရုံးသစ်အား Tel Aviv မြို့၌ တည်ရှိမည်ဖြစ်ကြောင်းနှင့် အလားအလာရှိသော အစ္စရေးမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရန် စိတ်ဝင်စားသော စင်ကာပူကုမ္ပဏီများအား အဓိကအချက်နှင့် ပံ့ပိုးမှု ဆောင်ရွက်ချက်အဖြစ် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးရုံးက သီးခြားထုတ်ပြန်ချက်၌ ပြောကြားထားသည်။

ဘာလာခရစ်ရှ်နန်သည် ဘာရိန်းနှင့် ပါလက်စတိုင်း ခရီးစဉ်များလည်း ပါဝင်သော အရှေ့အလယ်ပိုင်ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးနိုင်ငံသို့ ရောက်ရှိနေခြင်းဖြစ်သည်။

အစ္စရေးနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သည် ၁၉၆၅ ခုနှစ်က အပြည့်အဝသံတမန်ဆက်ဆံရေး ထူထောင်ခဲ့ကြသည်။ စင်ကာပူနိုင်ငံတွင် အစ္စရေးသံရုံးကို ထားရှိခဲ့သော်လည်း စင်ကာပူနိုင်ငံကမူ အပြန်အလှန်ဆောင်ရွက်မှုမျိုးကို ရှောင်ရှားခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………

(English Version)

Singapore intends to open embassy in Israel: ministry

Singapore intends to open embassy in Israel: ministry
Source: Xinhua| 2022-03-21 23:55:16|Editor: huaxia
JERUSALEM, March 21 (Xinhua) — Singaporean Foreign Minister Vivian Balakrishnan said on Sunday that his country intends to open its first embassy in Israel, according to Israel’s foreign ministry.

Balakrishnan made the announcement in a meeting with his Israeli counterpart Yair Lapid, the first meeting between the two ministers, the Israeli ministry said in a statement.

Singapore “intends to open an embassy in Israel for the first time since the establishment of the relations,” Balakrishnan told Lapid, according to the ministry statement.

Lapid, who also serves as Israel’s alternate prime minister, welcomed the announcement. “This is further evidence of the good and special relations between the two countries,” he wrote on Twitter.

Singapore’s foreign office said in a separate statement that the new embassy will be located in Tel Aviv and will “serve as a focal point and support Singapore companies seeking to expand their collaboration with potential Israeli partners.”

Balakrishnan visited Israel as part of his Middle East trip that also covers Bahrain and Palestine.

Israel and Singapore established full diplomatic ties in 1965. Israel has an embassy in Singapore but Singapore has so far refrained from a reciprocal move. ■

Photo : 210926) — UNITED NATIONS, Sept. 26, 2021 (Xinhua) — Singapore’s Minister for Foreign Affairs Vivian Balakrishnan addresses the general debate of the 76th session of the United Nations General Assembly (UNGA) at the UN headquarters in New York, Sept. 25, 2021. The general debate of the 76th session of the UNGA entered its fifth day. (Cia Pak/UN Photo/Handout via Xinhua)