Connect with us

International Organizations

ကုလသမဂ္ဂအထွေထွေညီလာခံက ယူကရိန်းနိုင်ငံနှင့်ပတ်သက်၍ ထပ်မံမဲခွဲမည်

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ယူကရိန်းနိုင်ငံနှင့်ပတ်သက်၍ အရေးပေါ်အထူးအစည်းအဝေးတစ်ခုကျင်းပစဥ် ယူကရိန်းနိုင်ငံနှင့်ပတ်သက်၍ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်မူကြမ်းမဲပေးမှုရလဒ်များအား မတ် ၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ မတ် ၂၂ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA)က ယူကရိန်းနိုင်ငံနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကို မတ် ၂၃ ရက်တွင် မဲခွဲဆုံးဖြတ်ကြမည် ဖြစ်ပြီး ယူကရိန်းနိုင်ငံ၌ ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေး စတင်ချိန်မှစ၍ ဒုတိယမြောက် မဲခွဲဆုံးဖြတ်မှုဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။UNGA ဥက္ကဋ္ဌ Abdulla Shahid က အစည်းအဝေးပြန်လည်စတင်ရန် တောင်းဆိုချက် စာတစ်စောင် လက်ခံရရှိပြီးနောက် အထွေထွေညီလာခံ၏ ၁၁ ကြိမ်မြောက် အရေးပေါ် အထူးအစည်းအဝေးအား ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း UNGA ဥက္ကဋ္ဌ၏ ပြောရေးဆိုခွင့်ရှိသူ Paulina Kubiak က အီးမေးလ်တစ်စောင်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

“ယူကရိန်းနိုင်ငံ နဲ့ အခြားအဖွဲ့ဝင်နိုင်ငံတွေက အဆိုတင်သွင်းထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းတစ်ခုကိုတင်ပြပြီး ဆက်လက်ဆောင်ရွက်နေပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

သံတမန်သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ UNGA ဆုံးဖြတ်ချက်မူကြမ်းအသစ်သည် အရပ်သားများ ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ၊ ကူညီပေးသည့် လုပ်သားများ ၊ သတင်းထောက်များ ၊ ဆေးရုံများ နှင့် တစ်ခြား အရပ်ဘက်အဆောက်အအုံများအား ကာကွယ်ရေးအတွက် တောင်းဆိုထားပြီး လူသားချင်းစာနာထောက်ထားမှုအခြေအနေအပေါ် အဓိကထားကြောင်း သိရသည်။ (Xinhua)

————————-
(English Version)
UN General Assembly to vote again on Ukraine: spokesperson
UNITED NATIONS, March 21 (Xinhua) — The UN General Assembly (UNGA) will vote Wednesday on a draft resolution on Ukraine, the second such resolution since the start of Russia’s special military operation in Ukraine, a spokesperson said Monday.
The 11th Emergency Special Session of the General Assembly will be held after a letter requesting the resumption was received by UNGA President Abdulla Shahid, his spokesperson Paulina Kubiak told reporters in an email.
“A draft resolution sponsored by Ukraine and other member states has been submitted and is being processed,” she said.
According to diplomatic sources, the new UNGA draft resolution focuses on the humanitarian situation, calling for the protection of civilians, medical personnel, aid workers, journalists, hospitals, and other civilian infrastructure. ■
Photo – Photo taken on March 2, 2022 shows the voting result of a United Nations General Assembly draft resolution on Ukraine, during an emergency special session on Ukraine at the UN headquarters in New York. (Xinhua/Wang Ying)