Connect with us

Asia

သီရိလင်္ကာနိုင်ငံတွင် လောင်စာဆီပြတ်လပ်မှုကြားမှ စက်သုံးဆီအရောင်းဆိုင်များတွင် စစ်တပ်က တပ်ဖြန့်ထား

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင် တစ်နိုင်ငံလုံး ၁၀ ရက်ကြာ ကွာရန်တင်းသတ်မှတ်ပြဋ္ဌာန်းကြောင်း ကြေညာခဲ့ပြီးနောက် ဆီဖြည့်ရန် စောင့်နေသူများအား ၂၀၂၁ ခုနှစ် ဩဂုတ် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ မတ် ၂၂ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံတွင် လောင်စာဆီပြတ်လပ်မှုကြောင့် ဝယ်ယူသူ လူတန်းရှည်ကြီးဖြစ်ပွားမှုအတွင်း အစိုးရပိုင် Ceylon Petroleum ကော်ပိုရေးရှင်းက လည်ပတ်နေသော စက်သုံးဆီအရောင်းဆိုင်များအားလုံးတွင် မတ် ၂၂ ရက်၌ စစ်တပ် တပ်ဖွဲ့ဝင်များ တပ်ဖြန့်ထားခဲ့ကြောင်း သိရသည်။စက်သုံးဆီအရောင်းဆိုင်များတွင် လောင်စာဆီဖြန့်ဖြူးပေးခြင်းကို စောင့်ကြည့်ရန်နှင့် ဝယ်ယူသူများအကြား ဥပဒေနှင့် ညွှန်ကြားချက်ကို ထိန်းသိမ်းရန် တပ်ဖွဲ့ဝင်များကို တပ်ဖြန့်ကျက်ထားခြင်းဖြစ်ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ Nilantha Premaratna က ပြောကြားခဲ့သည်။

ပြည်သူများအနေဖြင့် နာရီပေါင်းများစွာကြာ စောင့်ဆိုင်းနေရသဖြင့် လောင်စာဆီအရောင်းဆိုင်တိုင်းတွင် တပ်ဖွဲ့ဝင်နှစ်ဦးကို တာဝန်ဖြန့်ကျက်ထားကြောင်း ၎င်းက ဆိုသည်။

မကြာသေးမီရက်များက သီရိလင်္ကာနိုင်ငံရှိ မတူညီသောနေရာများတွင် လူ ၃ ဦးသေဆုံးခဲ့ရာတွင် ယင်းအနက် တစ်ဦးမှာ လောင်စာဆီတန်းစီစောင့်ဆိုင်းနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ပြီး ဒေသများစွာ၌ အခြေအနေတင်းမာမှုဆီ ဦးတည်လျက်ရှိကြောင်း သိရသည်။

အစိုးရအနေဖြင့် လောင်စာဆီများကို ထိထိရောက်ရောက် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်းနှင့် ယခုအခါ လိုအပ်သော လောင်စာဆီများသည် နိုင်ငံအတွင်းသို့ အနှောင့်အယှက်မရှိဘဲ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံသည် ချစ်ကြည်ရင်းနှီးသောနိုင်ငံများထံမှ စီးပွားရေးသက်သာရာကို ရှာဖွေခြင်းဖြင့် ဖြေရှင်းလျက်ရှိကြောင်း အစိုးရက ပြောကြားလျက် နိုင်ငံခြားငွေကြေးလဲလှယ်မှု အကျပ်အတည်းကြောင့် လောင်စာဆီပြတ်လပ်မှုနှင့် ရင်ဆိုင်နေရာခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
Sri Lanka deploys military at fuel stations amidst shortage
2022-03-22 14:14:41 Category:Society
COLOMBO, March 22 (Xinhua) — Army personnel were deployed at all fuel stations run by the state-owned Ceylon Petroleum Corporation in Sri Lanka on Tuesday amidst a shortage that led to long queues of consumers.
Military spokesman Nilantha Premaratna said that military personnel were deployed to monitor the distribution of fuel at the filling stations and maintain law and order among the consumers.
He said two military men were deployed at every fuel station as people had to stand in queues for as long as several hours. Three people died with one person killed in recent days while standing in the fuel queues in different parts of the country, leading to a tense situation in several areas.
The government has assured that fuel would be distributed sufficiently and the required stocks were now arriving without disruption in the country.
Sri Lanka is facing a fuel shortage due to a foreign exchange crisis which the government says is being resolved by seeking economic relief from friendly nations. Enditem

Photo : People line up to refuel at a gas station after Sri Lankan authority announced a 10-day nationwide quarantine curfew, in Colombo, Sri Lanka, on Aug. 20, 2021. A 10-day nationwide quarantine curfew will be imposed in Sri Lanka from Friday night in order to prevent a further spread of the COVID-19 virus, the country’s Army Commander and Head of the National Operations Center for Prevention of COVID-19 Outbreak, General Shavendra Silva said on Friday. (Photo by Ajith Perera/Xinhua)