Connect with us

Europe

NATO အကြီးအကဲက ယူကရိန်းအကျပ်အတည်းတွင် သံတမန်နည်းလမ်းကို ရွေးချယ်ရန် ရုရှားအား တိုက်တွန်း

NATO အတွင်းရေးမှူးချုပ် Jens Stoltenberg က ဘရပ်ဆဲလ်မြို့ရှိ NATO ရုံးချုပ်၌ ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြုလုပ်သော NATO - ယူကရိန်း ကော်မရှင်၏ အထူးအစည်းအဝေးအပြီး မီဒီယာများအား ရှင်းလင်းပြောကြားနေစဉ်(ဆင်ဟွာ)

ဘရပ်ဆဲလ် ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO)၏ အကြီးအကဲက ရုရှားနိုင်ငံအား ယူကရိန်းနိုင်ငံနှင့် ပဋိပက္ခအတွင်း သံခင်းတမန်ခင်းလမ်းကြောင်းအား ရွေးချယ်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။“ဒါက ဥရောပလုံခြုံရေးမှာ မျိုးဆက်တစ်ခုအတွက် အန္တရာယ်အရှိဆုံးအချိန် ဖြစ်ပါတယ်။”ဟု NATO အတွင်းရေးမှူးချုပ် Jens Stoltenberg က ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြုလုပ်သည့် NATO – ယူကရိန်း ကော်မရှင်၏ အထူးအစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။
“ဥရောပနဲ့မြောက်အမေရိကတို့ဟာ NATO မှာ အတူတကွအခိုင်အမာ ဆက်လက်ရပ်တည်သွားမှာ ဖြစ်ပြီးတော့ တစ်ဦးကိုတစ်ဦး ခုခံကာကွယ်ပေးဖို့ ကတိပြုထားပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

NATO သည် ၎င်းတို့၏ တုန့်ပြန်ရေးတပ်ဖွဲ့များအား ပြီးခဲ့သော ရက်သတ္တပတ်များတွင် အသင့်အနေအထား အမြင့်ဆုံးတပ်လှန့်မှုဖြင့် ဂျက်လေယာဉ် အစီး ၁၀၀ အား မြင့်မားသည့်သတိပေးချက် ပြုလုပ်ထားကြောင်း နှင့် ပင်လယ်ပြင်၌ သင်္ဘော အစင်း ၁၂၀ ရှိကြောင်း NATO အထွေထွေအတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်။

သို့သော် NATO အတွင်းရေးမှူးချုပ်က ရုရှားနိုင်ငံအား ပဋိပက္ခအား နိုင်ငံရေးအရ အဖြေရှာရေး ဆွေးနွေးမှုများတွင် ပါဝင်ရန် တိုက်တွန်းပြီး တိုက်ခိုက်မည့်အစား သံခင်းတမန်ခင်းလမ်းကြောင်းအား ရွေးချယ်ရန် နောက်ကျလိမ့်မည် မဟုတ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။

NATO အတွင်းရေးမှူးချုပ်က NATO မဟာမိတ်အများစု၏ စီးပွားရေးဒဏ်ခတ်အရေးယူမှုများ ကြေညာခဲ့ခြင်း နှင့် Nord Stream 2 ပိုက်လိုင်းအား ရပ်ဆိုင်းထားမည့် ဂျာမနီအစိုးရ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့သည်။

ရုရှားနိုင်ငံက ခွဲထွက်နယ်မြေနှစ်ခုအား သီးခြားလွတ်လပ်သည့် နိုင်ငံများအဖြစ် အသိအမှတ်ပြုခဲ့ပြီးနောက် ယူကရိန်းနိုင်ငံပေါ် အလားအလာရှိသော တိုက်ခိုက်မှုအတွက် ရုရှားတပ်ဖွဲ့ဝင်များက ဆက်လက်ပြင်ဆင်နေကြောင်း NATO အတွင်းရေးမှူးချုပ်က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်သည် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်နိုင်ငံများအဖြစ် Lugansk ပြည်သူ့သမ္မတနိုင်ငံ (LPR) နှင့် Donetsk ပြည်သူ့သမ္မတနိုင်ငံ (DPR)တို့ကို အသိအမှတ်ပြုကြောင်း အမိန့်ဒီဂရီ နှစ်ရပ်ကို ဖေဖော်ဝါရီ ၂၁ ရက်တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က ဥရောပလုံခြုံရေးအကျပ်အတည်းသည် NATO ၏ အရှေ့ဘက်သို့ဦးတည်သောတိုးချဲ့မှုကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပြီး ယင်းမှာ အပြန်အလှန်ယုံကြည်မှုဆုံးရှုံးခြင်းအား ဦးတည်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

ယင်းမှာ ယူကရိန်းနိုင်ငံအား နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် လက်ခံပြီးနောက် ရုရှားနိုင်ငံအား စစ်ရေးခြိမ်းခြောက်မှုအဆင့်ကို ကြီးမားစွာ မြင့်တက်စေမည့် ၎င်းတို့၏ ပိုင်နက်နယ်မြေပေါ်တွင် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ရန် NATO အတွက်သာ ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ (Xinhua)

………………………………..
(English Version)

NATO chief urges Russia to choose diplomacy in Ukraine crisis

BRUSSELS, Feb. 22 (Xinhua) — The chief of the North Atlantic Treaty Organization (NATO) has urged Russia to “choose the path of diplomacy” in the conflict with Ukraine.

“This is the most dangerous moment in European security for a generation,” NATO Secretary General Jens Stoltenberg said at the conclusion of an extraordinary meeting of the NATO-Ukraine Commission here on Tuesday.

“Europe and North America continue to stand strong together in NATO, committed to defend and protect each other,” he said.
He said NATO put its Response Force on higher readiness several weeks ago and has 100 jets on high alert and 120 ships at sea.
However, he stressed that it was not late to choose the path of diplomacy rather than attack as he called on Russia to engage in talks to find a political solution to the conflict.

He welcomed the economic sanctions announced by many NATO allies and the decision by the German government that it cannot certify the Nord Stream 2 pipeline.

Stoltenberg also said that Russian forces continue to prepare for a potential attack on Ukraine after Moscow recognized two separatist regions as independent.

Russian President Vladimir Putin on Monday signed two decrees recognizing the “Lugansk People’s Republic (LPR)” and the “Donetsk People’s Republic (DPR)” as independent and sovereign states.

The European security crisis was caused by NATO’s eastward expansion, which has led to the loss of mutual trust, Putin said on Monday.
He said it was just for NATO to accept Ukraine as a member state and then build facilities on its territory, which would dramatically raise the level of military threats to Russia. ■

Photo – NATO Secretary General Jens Stoltenberg speaks to the media following an extraordinary meeting of the NATO-Ukraine Commission at NATO headquarters in Brussels, Belgium, on Feb. 22, 2022. The chief of the North Atlantic Treaty Organization (NATO) has urged Russia to “choose the path of diplomacy” in the conflict with Ukraine. (Xinhua/Zheng Huansong)