Connect with us

Environment, Disasters & Accidents

ပျက်ကျသွားသည့် ခရီးသည်တင်လေယာဉ်၏ Black Boxes များအတွက် ရှာဖွေမှုများ အစွမ်းကုန် ဆက်လက်လုပ်ဆောင်နေ

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထိန်ရှန့်ခရိုင်အတွင်း လေယာဉ်ပျက်ကျသွားသည့်နေရာ၌ Black Boxes များအား ရှာဖွေနေသည့် ကယ်ဆယ်ရေးသမားများအား မတ် ၂၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

နန်နင်း ၊ မတ် ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ မတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် ပျက်ကျသွားသည့် လူပေါင်း ၁၃၂ ဦး လိုက်ပါလာသော ခရီးသည်တင်လေယာဉ်၏ ပျံသန်းမှုခရီးစဉ် အသေးစိတ်အကြောင်းအရာကို အလိုအလျောက် မှတ်တမ်းတင်ပေးသည့် စက်ကိရိယာ(Black Boxes)များအား ပြန်လည်ရယူရန် ကယ်ဆယ်ရေးသမားများက အစွမ်းကုန်ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း မြို့ပြလေကြောင်းဦးစီးဌာန (CAAC)မှ တာဝန်ရှိသူတစ်ဦးက မတ် ၂၂ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။လေယာဉ်မှာ အကြီးအကျယ် ပျက်စီးသွားခဲ့ပြီး စုံစမ်းစစ်ဆေးမှုမှာ အလွန်ခက်ခဲနေကြောင်း CAAC လေကြောင်းဘေးကင်းလုံခြုံမှုရုံး၏ အကြီးအကဲ Zhu Tao က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် လုပ်ထုံးလုပ်နည်းများနှင့်အညီ စုံစမ်းစစ်ဆေးမှုများကို အစွမ်းကုန် လုပ်ဆောင်လျက်ရှိကြောင်း ၊ ကယ်ဆယ်ရေးသမားများနှင့်အတူ စုံစမ်းစစ်ဆေးသူများသည် လေယာဉ်ပျက်ကျသည့်နေရာအား စူးစမ်းရှာဖွေလျက် ရှိပြီး Black Boxes များကို ရှာဖွေမှုများအား အစွမ်းကုန် လုပ်ဆောင်လျက် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါစုံစမ်းစစ်ဆေးရေးအဖွဲ့သည် လေယာဉ်ပျံသန်းမှု ၊ ပြုပြင်ထိန်းသိမ်းမှု ၊ လေကြောင်းသွားလာရေးထိန်းချုပ်မှု ၊ မိုးလေဝသ ၊ လေယာဉ်ပုံစံ နှင့် ထုတ်လုပ်မှုတို့အပါအဝင် အခြားရှုထောင့်များအား စေ့စေ့စပ်စပ်စုံစမ်းစစ်ဆေးနေကြောင်းလည်း Zhu Tao က ပြောကြားခဲ့သည်။

သိရှိထားသည့်သတင်းအချက်အလက်များအပေါ် အခြေခံ၍ တာဝန်ရှိသူများသည် ခရီးသည်တင်လေယာဉ်ပျက်ကျမှုအကြောင်းရင်းအား ရှင်းလင်းသည့် သဲလွန်စ မရရှိသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————-
(English Version)
Update: All-out search for black boxes of crashed passenger plane underway: official

NANNING, March 22 (Xinhua) — Rescuers are making all-out efforts to retrieve the black boxes of a passenger plane with 132 people aboard that crashed in south China’s Guangxi Zhuang Autonomous Region Monday afternoon, an official with the Civil Aviation Administration of China (CAAC) said Tuesday night.

The plane was severely damaged and the investigation is very difficult, Zhu Tao, head of CAAC aviation safety office, told a press briefing.
At present, the investigation team is carrying out a full probe in accordance with the procedures, with rescuers exploring the crash site and going all out to search the black boxes, Zhu said.
The team is also thoroughly investigating other aspects, including flight, maintenance, air traffic control, meteorology, aircraft design and manufacturing, Zhu said.
Based on known information, the authorities do not yet have a clear clue to the cause of the passenger plane crash, the official said. ■
Photo – Photo taken with a mobile phone shows rescuers searching for the black boxes at a plane crash site in Tengxian County, south China’s Guangxi Zhuang Autonomous Region, March 22, 2022. (Xinhua/Zhou Hua)