Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ယူကရိန်းအရေးတွင် ပါဝင်သည့် သက်ဆိုင်သူများအားလုံးကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် တိုက်တွန်း

ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် Zhang Jun က နယူးယောက်မြို့၌ ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြုလုပ်သည့် ယူကရိန်းအရေး လုံခြုံရေးကောင်စီအရေးပေါ်အစည်းအဝေးတွင် ပြောဆိုဆွေးနွေးနေစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

တရုတ်သံတမန်က ယူကရိန်းအရေးတွင် ပါဝင်သည့် သက်ဆိုင်သူများအားလုံးကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြရန် ဖေဖော်ဝါရီ ၂၃ ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။“လက်ရှိအခြေအနေမှာ သက်ဆိုင်တဲ့အဖွဲ့တွေအားလုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်သင့်ပြီးတော့ တင်းမာမှုတွေကို ပိုပြီးဆိုးရွားစေတဲ့နိုင်တဲ့ ဘယ်လိုလုပ်ရပ်မျိုးမဆို ပြောဆိုတာကို ရှောင်ကြည်သင့်ပါတယ်။”ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် Zhang Jun က ယူကရိန်းအရေးဆိုင်ရာ ၇၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံ၌ ပြောင်းလဲဖြစ်ပေါ်နေသည့် အခြေအနေအား အထူးဂရုပြုနေခဲ့ကြောင်း ၊ နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာ နှင့် ပိုက်နက်တည်တံ့ခိုင်မြဲမှုကို အကာအကွယ်ပေးရေးအပေါ်တွင် တရုတ်နိုင်ငံ၏ သဘောထားရပ်တည်ချက်သည် တစ်သမတ်တည်း ဖြစ်ခဲ့ပြီး ကုလသမဂ္ဂပဋိညာဉ် စာတမ်း၏ ရည်ရွယ်ချက်များ နှင့် အခြေခံမှုများအား ပူးတွဲထိန်းသိမ်းသင့်ကြောင်း သံအမတ်က အလေးအနက်ပြောကြားခဲ့သည်။

“ယူကရိန်းနိုင်ငံရဲ့ အရေးကိစ္စက သမိုင်းနောက်ခံနဲ့ ပစ္စုပ္ပန်အကြောင်းရင်းတွေရဲ့ရှုပ်ထွေးတဲ့ ကွန်ရက်တစ်ခုမှာ အမြစ်တွယ်နေခဲ့တာကို သတိပြုမိပါတယ်။ အဲဒီအကြောင်းရင်းတွေရဲ့ အပြန်အလှန်သက်ရောက်မှုတွေက အခြေအနေကို ဒီနေရာအထိ မောင်းနှင်ခဲ့ပါတယ်။လက်ရှိအခြေအနေမှာ သက်ဆိုင်တဲ့အဖွဲ့တွေအားလုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်သင့်ပြီးတော့ တင်းမာမှုတွေကို ပိုပြီးဆိုးရွားစေတဲ့နိုင်တဲ့ ဘယ်လိုလုပ်ရပ်မျိုးမဆို ပြောဆိုတာကို ရှောင်ကြည်သင့်ပါတယ်။”ဟု တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် Zhang Jun က ထောက်ပြပြောဆိုခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် ခွဲခြားမရနိုင်သောလုံခြုံရေးအခြေခံသဘောတရားကို အကောင်အထည်ဖော်ရေး အရေးပါမှုကို အသိအမှတ်ပြုရန် ၊ အပြန်အလှန်ဆွေးနွေးခြင်း နှင့် ညှိနှိုင်းတိုင်ပင်မှုမှာ ဆက်လက်ထိတွေ့စေရန် နှင့် တန်းတူညီမျှမှုနှင့် အပြန်အလှန်လေးစားမှုအခြေခံပေါ်တွင် ငြိမ်းချမ်းသောနည်းလမ်းမှတစ်ဆင့် တစ်ဦးကိုတစ်ဦး၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းနိုင်မည့် ကျိုးကြောင်းဆီလျော်သောဖြေရှင်းချက်များအား ရှာဖွေရန် သက်ဆိုင်သူများအားလုံးကို တိုက်တွန်းကြောင်း ၊ သံတမန်ရေးဖြေရှင်းနည်းတစ်ခုဖြင့် လွယ်ကူချောမွေ့စေရေး ရည်ရွယ်သည့် ကြိုးပမ်းမှုများအားလုံးကို ကြိုဆိုအားပေးကြောင်း သံအမတ်က ပြောကြားခဲ့သည်။ (Xinhua)

———————————————–
(English Version)

China urges all parties involved in Ukraine issue to exercise restraint
UNITED NATIONS, Feb. 23 (Xinhua) — A Chinese envoy on Wednesday called on all parties involved in Ukraine issue to exercise restraint.
“In the current context, all parties concerned should exercise restraint, and avoid taking any action that may aggravate tensions,” Zhang Jun, China’s permanent representative to the United Nations, told the plenary meeting of the 76th session of the UN General Assembly on Ukraine.
“China has been paying attention to the evolving situation in Ukraine. China’s position on safeguarding the sovereignty and territorial integrity of all states has been consistent. The purposes and principles of the UN Charter should be jointly upheld,” the ambassador stressed.
Zhang pointed out that at the same time, “we note that the issue of Ukraine is rooted in a complex web of historical and present factors. An interplay of those factors has driven the situation to this point. In the current context, all parties concerned should exercise restraint, and avoid taking any action that may aggravate tensions.”
“China calls on all parties to recognize the importance of implementing the principle of indivisible security, to continue to engage in dialogue and consultation, and to seek reasonable solutions that address each other’s concerns through peaceful means on the basis of equality and mutual respect. We welcome and encourage all efforts aimed at facilitating a diplomatic solution,” said the ambassador. ■
Photo – Zhang Jun (C, front), China’s permanent representative to the United Nations, speaks during the Security Council emergency meeting on Ukraine at the UN headquarters in New York, Feb. 21, 2022. (Xinhua/Wang Ying)