Connect with us

Europe

ပူတင်၊ အာဒိုဂန် ယူကရိန်းအရေးနှင့် လုံခြုံရေးအာမခံချက် အား ဖုန်းမှ တဆင့်ဆွေးနွေး

တူရကီနိုင်ငံ၊ အစ်စတန်ဘူလ်မြို့ ၌ တူရကီသမ္မတ ရီဆပ် တေရစ်ပ် အာဒိုဂန် (Recep Tayyip Erdoga) သည် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)နှင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၈ ရက်တွင် တွေ့ဆုံခဲ့စဉ် (ဓာတ်ပုံ-- Turkish Presidency/Handout via Xinhua)

မော်စကို၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)နှင့် တူရကီသမ္မတ ရီဆပ် တေရစ်ပ်အာဒိုဂန် (Recep Tayyip Erdoga) တို့ သည် ယူကရိန်းအကျပ်အတည်း နှင့် ရုရှားနှင့် အနောက်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ အာမခံချက်များနှင့်စပ်လျဉ်း၍ ဖေဖော်ဝါရီ ၂၃ ရက်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။Minsk သဘောတူညီချက်များကို အကောင်အထည်ဖော်ရန် ၎င်းတို့၏ မာမာထန်ထန် ငြင်းဆန်မှုပြုနေခြင်း နှင့် Donbass ဒေသတွင် “ယူကရိန်းအာဏာပိုင်များ၏ ရန်လိုမှုပြုနေခြင်း” တို့ကြောင့် ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသတွင် “သမ္မတနိုင်ငံနှစ်ခု”အား ရုရှားက အသိအမှတ်ပြုခဲ့ခြင်းဖြစ်ကြောင်း ပူတင်၏ မှတ်ချက်ပြုမှုကို ကရင်မလင်၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မော်စကို၏ လုံခြုံရေး အဆိုပြုချက်များနှင့် ပတ်သက်၍ ရုရှား၏ တရားဝင် စိုးရိမ်မှုများနှင့် တောင်းဆိုချက်များကို လျစ်လျူရှုခဲ့သည့် အမေရိကန်နှင့် မြောက်အတ္တလန်တိတ် စာချုပ်ဝင် နိုင်ငံများအဖွဲ့ (NATO) တို့၏ တုံ့ပြန်မှုအပေါ် စိတ်ပျက်မိကြောင်း ပူတင်က ထုတ်ဖော် ပြောကြားခဲ့သည်။ရုရှ-တူရကီ ဆက်ဆံရေးကို ပုံစံအမျိုးမျိုးဖြင့် ဆက်လက်ဆောင်ရွက်ရန် ခေါင်းဆောင်များက သဘောတူခဲ့ကြကြောင်း သိရသည်။ (Xinhua)
———————————————–
(English Version)

Putin, Erdogan discuss Ukraine, security guarantees over phone

MOSCOW, Feb. 23 (Xinhua) — Russian President Vladimir Putin and Turkish President Recep Tayyip Erdogan held a phone conversation on Wednesday to discuss the Ukrainian crisis and security guarantees between Russia and the West.
With regard to Russia’s recognition of the two “republics” in east Ukraine’s Donbass, Putin noted “the Ukrainian authorities’ aggression in Donbass and their categorical refusal to implement the Minsk Agreements,” according to a Kremlin statement.
As for Moscow’s security proposals, Putin expressed his disappointment with the response from the United States and the North Atlantic Treaty Organization as they ignored Russia’s legitimate concerns and demands.
The leaders agreed to continue Russian-Turkish contacts in various formats. Enditem