Connect with us

North America

ရုရှားနိုင်ငံက အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်အရေးယူမှုအသစ်အား ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမည်ဟု ကတိပြု

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနအား ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ ဒဏ်ခတ်အရေးယူမှုအသစ်အား ပြင်းထန်သည့်တုံ့ပြန်မှုတစ်ခု ပြုလုပ်သွားမည် ဖြစ်ပြီး အမေရိကန်နိုင်ငံအတွက် သေချာပေါက်ခေါက်ချိုးညီအနေအထား မဟုတ်ဘဲ ထိလွယ်ရှလွယ်ဖြစ်စေမည် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။ယူကရိန်းနိုင်ငံ အရှေ့ဘက် Donbass ဒေသ၌ သမ္မတနိုင်ငံ နှစ်နိုင်ငံအား ရုရှားနိုင်ငံက အသိအမှတ်ပြုပြီးနောက် အမေရိကန်နိုင်ငံသည် ရုရှားနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍအား ရည်ရွယ်၍ ကန့်သတ်ချက်တစ်ရပ်အား ကြေညာခဲ့ကြောင်း သိရသည်။

ဒဏ်ခတ်အရေးယူမှုသည် ရုရှားနိုင်ငံ၏ လမ်းကြောင်းအား ပြောင်းလဲပစ်ရန် အမေရိကန်နိုင်ငံ၏ လက်ရှိဆောင်ရွက်နေသည့် ကြံစည်အားထုတ်မှုများဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံအနေဖြင့် အနောက်နိုင်ငံများ၏ ဒဏ်ခတ်အရေးယူမှုမှ ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြစ်အောင် စွမ်းဆောင်နိုင်သည်ကို သက်သေပြခဲ့ကြောင်း နှင့် ဖိအားပေးခြင်းဖြင့် ရုရှား၏ မိမိအကျိုးစီးပွါးကို ကာကွယ်ရန် သန္နိဌာန်ကို အားလျော့သွားအောင် လုပ်နိုင်စွမ်း ရှိမည်မဟုတ်ကြောင်း ဝန်ကြီးဌာနက အလေးအနက်ဆိုသည်။
“အမေရိကန်နိုင်ငံခြားရေးပေါ်လစီရဲ့ ပုပ်ခတ်တဲ့ စကားလုံး မှန်သမျှ အကုန်ထုတ်သုံးပြီး တိုက်ခိုက်တဲ့အခါမှာ အကျပ်ကိုင်တာ ၊ ခြိမ်းခြောက်တာ နဲ့ ကြိမ်းဝါးတာအပြင်အခြားနည်းလမ်း မရှိပါဘူး ။ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ၊ အဓိကအားဖြင့် ရုရှားနိုင်ငံ နဲ့ အခြား အဓိကနိုင်ငံတကာခေါင်းဆောင်တွေနဲ့ ပတ်သက်လို့ကတော့ ဒါက အလုပ်မဖြစ်ပါဘူး။”ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံသည် အပြန်အလှန်လေးစားမှု ၊ တန်းတူညီမျှမှု နှင့် တစ်ဦးကိုတစ်ဦး၏ အကျိုးစီးပွားများအား ထည့်သွင်းစဉ်းစားခြင်းများပေါ်တွင် အခြေခံပြီး သံခင်းတမန်ခင်းအား ဖွင့်လှစ်ထားဆဲ ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ (Xinhua)

———————————————–
(Chinese Version)
Russia vows “strong response” to new U.S. sanctions

MOSCOW, Feb. 23 (Xinhua) — Russia will give “a strong response” to new U.S. sanctions, “not necessarily symmetrical” but “sensitive” to Washington, the Russian Foreign Ministry said in a statement on Wednesday.

Following Moscow’s recognition of the two “republics” in east Ukraine’s Donbass, the United States announced a package of restrictions targeting Russia’s financial sector.

The statement said that the sanctions are in line with Washington’s ongoing attempts to “change Russia’s course.”
Russia has proven that it is able to minimize the damage from the Western sanctions, and the pressure has failed to undermine Russia’s determination to firmly defend its interests, the ministry stressed.

“In the arsenal of American foreign policy … there are no other means left than blackmail, intimidation and threats. With regard to world powers, primarily Russia and other key international players, this does not work,” it read.

Russia remains open to diplomacy based on the principles of mutual respect, equality and consideration of each other’s interests, said the ministry. ■
Photo – Photo taken on April 16, 2021 shows the Ministry of Foreign Affairs of Russia in Moscow. (Xinhua/Evgeny Sinitsyn)