Connect with us

Europe

ယူကရိန်းက ရုရှားနှင့် တင်းမာမှုများအကြား နိုင်ငံအရေးပေါ်အခြေအနေကြေညာ

ဘီလာရုစ်နိုင်ငံ လေ့ကျင့်ကွင်းတွင် ရုရှားနိုင်ငံနှင့် ဘီလာရုစ်နိုင်ငံမှ "Zapad-2021" ပူးတွဲမဟာဗျူဟာမြောက် စစ်ရေးလေ့ကျင့်ခြင်းအား ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိယက်ဗ်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံနှင့် လက်ရှိဖြစ်ပွားနေသော တင်းမာမှုများအကြား ဖေဖော်ဝါရီ ၂၄ ရက်မှစတင်၍ ယူကရိန်းနိုင်ငံအတွင်း အရေးပေါ်အခြေအနေကြေညာရန် ဥပဒေတစ်ရပ်အား လွှတ်တော်က ဖေဖော်ဝါရီ ၂၃ ရက်၌ ထောက်ခံခဲ့ကြောင်း လွှတ်တော် ပြန်ကြားရေးအရ သိရသည်။ပဋိပက္ခဖြစ်ပွားနေသော Lugansk နှင့် Donetsk ဒေသများမှလွဲ၍ ယူကရိန်းရှိဒေသများအားလုံးတွင် ရက်ပေါင်း ၃၀ ကြာ အရေးပေါ်အခြေအနေ ကြေညာမည့် ဥပဒေအား လွှတ်တော် ဥပဒေပြုအမတ်နေရာ ၄၅၀ အနက် ၃၃၅ က ထောက်ခံခဲ့ကြခြင်း ဖြစ်သည်။

ပူးတွဲတပ်ဖွဲ့များဆောင်ရွက်လျက်ရှိရာ Lugansk နှင့် Donetsk ဒေသများတွင်မူ အထူးဥပဒေစနစ် သက်ရောက်မှုရှိပြီးဖြစ်ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံရှိ ဒေသ ၂၂ ခုရှိ အရေးပေါ်အခြေအနေတွင် လူထုစုဝေးခြင်းများနှင့် ဆန္ဒပြပွဲများအား ကိုင်တွယ်ခြင်း၊ ဥပဒေအရစစ်မှုထမ်းမည့်သူများဖြင့် နေထိုင်ရာပြောင်းလဲခြင်းနှင့် နိုင်ငံအတွင်း အခြေအနေ တည်ငြိမ်မှုပျက်ပြားစေနိုင်မည့် သတင်းအချက်အလက် ကိရိယာများ ထုတ်လုပ်ခြင်း စသည်တို့အပေါ် တားမြစ်ချက် ပြဌာန်းထားကြောင်း သိရသည်။

အဆိုပါ ဥပဒေအသစ်သည် လွတ်လပ်စွာလှုပ်ရှားမှုအား ကန့်သတ်မှု၊ နိုင်ငံသားများ၏ မော်တော်ယာဉ်များ၊ အကြောင်းပြချက်များနှင့် တစ်ကိုယ်ရေပိုင်ဆိုင်မှုများအပေါ် စစ်ဆေးမှုများနှင့် လိုအပ်ချက်မြင့်မားလာပါက ညမထွက်ရအမိန့်ပြဌာန်းခြင်းများ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ပြည်သူများ၏ အသက်အိုးအိမ် အန္တရာယ်ကျရောက်နိုင်ခြေရှိသော နေရာများမှ ဒေသခံများကို ရွှေ့ပြောင်းခြင်းများလည်း ယင်းဥပဒေက ပံ့ပိုးပေးလျက်ရှိသည်။

ယူကရိန်းနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီက ယူကရိန်းနယ်စပ်အနီး ရုရှားတပ်ဖွဲ့ဝင်များ တပ်ချထားခြင်းကြောင့် နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာရန် လွှတ်တော်ကို အဆိုပြုထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့အစောပိုင်း၌ ယူကရိန်းနိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ (SBGS) က ရုရှား၊ ဘီလာရုစ်နှင့် ပင်လယ်သို့ ဝင်ရောက်နိုင်သည့်နိုင်ငံများနှင့် နယ်မြေချင်းထိစပ်နေသော ဒေသများ၌ အထူးအစီအမံဆောင်ရွက်ချက်များ သတ်မှတ်ခဲ့သည်။

၎င်းဆောင်ရွက်ချက်များတွင် ကိုယ်ပိုင်မော်တော်ယာဉ်များနှင့် အသက်ကယ်ကိရိယာများ၊ လေယာဉ်ငယ်များ ပျံသန်းခြင်းများနှင့် မောင်းသူမဲ့ဝေဟင်ပျံသန်းယာဉ်များ လှုပ်ရှားမှုများအပေါ် ကန့်သတ်ခြင်းများအပြင် တိကျသောအရာဝတ္ထုများအား ရုပ်ရှင်ရိုက်ကူးခြင်းနှင့် ဓာတ်ပုံရိုက်ကူးခြင်းများအပေါ် ကန့်သတ်ခြင်းများလည်း ပါဝင်ကြောင်း သိရသည်။

နိုဝင်ဘာလမှစ၍ ကိယက်ဗ်နှင့် အချို့သော အနောက်နိုင်ငံများက ဘီလာရုစ်နိုင်ငံအတွင်း အပါအဝင် ယူကရိန်းနယ်စပ်အနီး၌ ရုရှားက “ကျူးကျော်ရန်” ရည်ရွယ်ချက်ရှိဖွယ်ဖြင့် တပ်ဖွဲ့ဝင်အင်အား အများအပြား ဖြန့်ကျက်ထားကြောင်း စွပ်စွဲထားခဲ့သည်။

ရုရှားကလည်း မည်သည့်နိုင်ငံကိုမျှ ကျူးကျော်မည့်ရည်ရွယ်ချက်တစ်စုံတစ်ရာ မရှိကြောင်း ငြင်းဆိုလျက် မြောက်အတ္တလန္တိတ်စာချုပ်ဝင်နိုင်ငံများအဖွဲ့က ရုရှားနယ်စပ်လုံခြုံရေးအား ခြိမ်းခြောက်လာဖွယ်ရှိသော စစ်ရေးလှုပ်ရှားမှုများ တိုးမြင့်လာသဖြင့် ၎င်း၏ ပိုက်နက်နယ်မြေအား ကာကွယ်ရန် ၎င်းတို့၏နယ်စပ်အတွင်း တပ်ဖွဲ့ဝင်များစုစည်းထားခွင့်ရှိကြောင်း တုန့်ပြန်ပြောကြားခဲ့သည်။ (Xinhua)

———————————————–
(English Version)

Ukraine imposes state of emergency over tensions with Russia
Source: Xinhua
Editor: huaxia
2022-02-24 05:23:43
KIEV, Feb. 23 (Xinhua) — The Ukrainian Parliament on Wednesday supported a bill to introduce a state of emergency in the country starting Feb. 24 amid the ongoing tensions with Russia, according to the parliament’s press service.
The legislation, introducing the state of emergency in all Ukrainian regions except for the conflict-hit Lugansk and Donetsk regions, for 30 days, was supported by 335 lawmakers in the 450-seat parliament.
In the Donetsk and Lugansk regions, where a Joint Forces Operation is underway, a special legal regime has been already in effect.
According to Interfax-Ukraine news agency, the state of emergency in 22 Ukrainian regions envisages a ban on holding mass meetings and protests, on changing the place of residence by those liable for military service, and on the production of information materials that can destabilize the situation in the country.
The new law also stipulates for restriction of freedom of movement, inspections of vehicles, premises and personal belongings of citizens, and the introduction of a curfew if the need arises.
Besides, it provides for the evacuation of residents from places where there is a danger to the lives of people.
Ukraine’s National Security and Defense Council proposed the parliament introduce a state of emergency across the country due to the buildup of Russian troops near the Ukrainian border.
Earlier in the day, the State Border Guard Service (SBGS) of Ukraine imposed special measures in regions bordering Russia, Belarus and those having access to the seas.
The measures include the limitation of movement of private vehicles and floating devices, flights of light planes and unmanned aerial vehicles, as well as restrictions on filming and photographing of certain objects.
Since November, Kiev and some Western countries have accused Russia of assembling heavy troops near the Ukrainian border, including in Belarus, with a possible intention of “invasion.”
Denying any intention to attack any country, Russia said it has the right to mobilize troops within its borders to defend its territory, as the North Atlantic Treaty Organization’s increasing military activities near Russia’s borders constitute a threat to Russia’s border security. ■
Photo : Photo taken on Sept. 12, 2021 shows a scene of the joint strategic exercise “Zapad-2021” by Russian and Belarusian armed forces at a training ground in Belarus. (Photo by Henadz Zhinkov/Xinhua)