Connect with us

Europe

သမ္မတပူတင်က ချစ်ကြည်ရင်းနှီးမှုမရှိသောနိုင်ငံများအား ရုရှားငွေရူဘယ်ဖြင့်သာ ဓာတ်ငွေ့ရောင်းချပေးမည်ဟု ပြောကြား

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က အစိုးရအဖွဲ့ဝင်များနှင့်အတူ ရုပ်သံလင့်ခ်မှတစ်ဆင့် အစည်းအဝေး တက်ရောက်နေသည်ကို မတ် ၂၃ ရက်တွင် တွေ့ရစဉ်(ဓာတ်ပုံ - Kremlin)

မော်စကို ၊ မတ် ၂၄ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က ဥရောပသမဂ္ဂ(EU) အဖွဲ့ဝင်နိုင်ငံများ နှင့် အမေရိကန်နိုင်ငံတို့အပါအဝင် ချစ်ကြည်ရင်းနှီးမှုမရှိသော နိုင်ငံများအား သဘာဝဓာတ်ငွေ့ တင်ပို့ ရောင်းချရာတွင် ရုရှားငွေ ရူဘယ်တစ်ခုတည်းဖြင့်သာ လက်ခံတော့မည် ဖြစ်ပြီး အမေရိကန်ဒေါ်လာ သို့မဟုတ် ယူရို ငွေကြေးအား ပယ်ချသွားမည် ဖြစ်ကြောင်း မတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။ပြီးခဲ့သည့်ရက်သတ္တပတ်အနည်းငယ်တွင် အနောက်နိုင်ငံတစ်ချို့က ရုရှားပိုင်ဆိုင်မှုများအား ထိန်းချုပ်ရန် “တရားမဝင်သောဆုံးဖြတ်ချက်များ”လုပ်ဆောင်ခဲ့ရာ ၎င်းတို့ ငွေကြေးများ၏ ယုံကြည်စိတ်ချရမှုကို လျော့ပါးစေကြောင်း သမ္မတပူတင်က ရုပ်သံလင့်ခ်မှတစ်ဆင့် အစိုးရအဖွဲ့ဝင်များနှင့် ပြုလုပ်သော အစည်းအဝေး၌ ပြောကြားခဲ့သည်။

“ဒေါ်လာ ၊ ယူရို ၊ အခြားငွေကြေးတွေနဲ့ ပေးချေတာတွေကို လက်ခံပြီးတော့ EU နဲ့ အမေရိကန်နိုင်ငံကို ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေ ထောက်ပံ့ပေးဖို့ဆိုတာ ကျွန်တော်တို့အတွက် အဓိပ္ပာယ်မရှိပါဘူး။”ဟု ၎င်းက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ သမ္မတ ပူတင်က ငွေပေးချေမှုများအား ရူဘယ်ငွေကြေးသို့ လွှဲပြောင်းရေး အစီမံတစ်ခုအား အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့ပြီး မကြာမီကာလအတွင်း ရုရှားသဘာဝဓာတ်ငွေ့တင်ပို့မှုဖြင့် စတင်သွားမည် ဖြစ်ကြောင်း ဆိုသည်။

သို့သော်လည်း ရုရှားနိုင်ငံသည် ဓာတ်ငွေ့ကို ချုပ်ဆိုထားပြီးသော သဘောတူစာချုပ်များတွင် ဖော်ပြထားသည့် ပမာဏများ အတိုင်း ၊ ဈေးနှုန်းများအတိုင်း ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သမ္မတ ပူတင်က ကတိပြုခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံ သမ္မတ ပူတင်က “ပြောင်းလဲမှုတွေက ပေးချေတဲ့ငွေကြေးတစ်ခုတည်းသာ သက်ရောက်မှာ ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။ ချုပ်ဆိုထားပြီး ဖြစ်သည့် စာချုပ်များ ပြင်ဆင်နေခြင်းနှင့်ပတ်သက်၍ ရုရှားနိုင်ငံ၏ အကြီးစား ဓာတ်ငွေ့လုပ်ငန်း Gazprom ထံသို့ သက်ဆိုင်ရာညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ရန် အစိုးရအဖွဲ့အား ပြောကြားခဲ့ကြောင်း ၎င်းကဆိုသည်။
သမ္မတ ပူတင်က ရက်သတ္တပတ်အတွင်း ရူဘယ်ငွေကြေးဖြင့် ပေးချေမှုများအတွက် လုပ်ထုံးလုပ်နည်းများချမှတ်ရန် ဗဟိုဘဏ် နှင့် အစိုးရအဖွဲ့အား ညွှန်ကြားခဲ့ကြောင်း သိရသည်။ (Xinhua)

—————————
(English Version)
Russia to sell gas to “unfriendly countries” in rubles: Putin
MOSCOW, March 23 (Xinhua) — Russia will reject U.S. dollars or euros and only accept rubles for its natural gas supplied to “unfriendly countries,” including the European Union (EU) members and the United States, President Vladimir Putin said Wednesday.
Over the past few weeks, some Western countries have taken “illegitimate decisions” to freeze Russian assets, thus undermining the reliability of their currencies, Putin said at a meeting with government members via video link.
“It makes no sense for us to supply our goods to the EU, the United States and receive payments in dollars, euros and other currencies,” he said.
Putin decided to implement a set of measures to transfer payments to rubles, starting with Russian natural gas in the shortest possible time.
He promised that Russia, nevertheless, will continue to supply gas in accordance with the volumes and prices in existing contracts.
“The changes will affect only the payment currency,” Putin said. “I ask the government to issue a relevant directive to (Russian gas industry giant) Gazprom on amending existing contracts.”
The president instructed the central bank and the government to determine the procedure for settlement in rubles within a week. ■
Photo – Russian President Vladimir Putin attends a meeting with government members via video link on March 23, 2022. (Kremlin)