Connect with us

Europe

ရုရှားအား SWIFT ငွေပေးချေမှုစနစ်မှ ဖယ်ရှားရန် ကနေဒါဝန်ကြီးချုပ်တောင်းဆို

ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုး (Justin Trudeau) က ၂၀၁၈ ခုနှစ် ဧပြီ ၁၃ ရက်တွင် ပီရူးနိုင်ငံ၊ လီမာမြို့ ၌ ကျင်းပခဲ့သော တတိယအကြိမ် အမေရိကထိပ်သီးစီးပွားရေးညီလာခံတွင် မိန့်ခွန်းပြောကြားခဲ့စဉ် (ဆင်ဟွာ)

အော့တဝ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုး (Justin Trudeau) က ရုရှားနိုင်ငံအားSWIFT ငွေပေးချေမှုစနစ်မှ ဖယ်ရှားရန် တောင်းဆိုလျက် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအသစ်တစ်ရပ်ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။

ရုရှားသမ္မတ ဗလာတီမာပူတင် (Vladimir Putin )နှင့် ၎င်း၏ အတွင်းစည်း အကြံပေးများအပေါ် တိုက်ရိုက် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်မည့် အခြားနိုင်ငံများနှင့်အတူ ကနေဒါနိုင်ငံကလည်း ပူးပေါင်းသွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထရူးဒိုက ပြောကြားခဲ့သည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် ပူတင်၏ ဝန်ထမ်းရေးရာအကြီးအကဲများထံ ပိတ်ဆို့အရေးယူမှုများကိုလည်း သက်တမ်းတိုးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတကာငွေကြေးလွှဲပြောင်းမှုအများစုအတွက်အသုံးပြုသည့် ငွေပေးချေမှုစနစ်ဖြစ်သော SWIFT ငွေပေးချေမှုစနစ်မှ ရုရှားအား ဖယ်ရှားရန် ထရူးဒို က ဖြည့်စွက်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ကနေဒါအစိုးရအနေဖြင့် ကနေဒါကြက်ခြေနီအသင်းမှတစ်ဆင့် ယူကရိန်းကယ်ဆယ်ရေးလုပ်ငန်းများအတွက် အများဆုံး ကနေဒါဒေါ်လာ ၁၀ သန်းအထိ လှူဒါန်းရန်လည်း ပြင်ဆင်ထားကြောင်း ၎င်းကဆိုသည်။ (Xinhua)

…………………..
(English Version)
Canadian PM calls for Russia’s removal from SWIFT payment system
OTTAWA, Feb. 25 (Xinhua) — Canadian Prime Minister Justin Trudeau on Friday announced a new round of sanctions on Russia, calling for Russia’s removal from the SWIFT payment system.
Trudeau said at a press conference that Canada will join some other nations to impose sanctions directly on Russian President Vladimir Putin and his inner circle of advisers. The sanctions will also extend to Russian Foreign Minister Sergei Lavrov and Putin’s chief of staff, he said.
In addition, Trudeau called for Russia’s removal from SWIFT, the payment system used for most international financial transactions.
The Canadian government is also prepared to match donations to Ukrainian relief efforts via the Canadian Red Cross to a maximum for 10 million Canadian dollars, he said. Enditem
Photo-Canadian Prime Minister Justin Trudeau speaks at the third Business Summit of the Americas in Lima, Peru, April 13, 2018. (Xinhua/Xu Rui)