Connect with us

International Organizations

ကုလသမဂ္ဂအကြီးအကဲက ယူကရိန်းနိုင်ငံသမ္မတနှင့် ဖုန်းပြောဆိုမှုအတွင်း လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပိုမိုပေးအပ်သွားမည်ဟု ကတိပြု

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်အား နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ယူကရိန်းနိုင်ငံသမ္မတ Volodymyr Zelensky နှင့် ဖုန်းပြောဆိုမှုတစ်ခုအတွင်း ယူကရိန်းပြည်သူများအား လူသားချင်းစာနာထောက်ထားမှုအကူအညီ များ ပိုမိုပေးအပ်သွားရန် ဖေဖော်ဝါရီ ၂၆ ရက်တွင် ကတိပြုခဲ့ကြောင်း သိရသည်။“ယူကရိန်းပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ တိုးမြှင့်ပေးဖို့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို အထွေထွေအတွင်းရေးမှူးချုပ်က ယူကရိန်းနိုင်ငံသမ္မတကို ပြောကြားခဲ့ပါတယ်။”ဟု အထွေထွေအတွင်းရေးမှူးချုပ်၏ ယူကရိန်းနိုင်ငံသမ္မတနှင့် ဖုန်းပြောဆိုမှုနှင့်ပတ်သက်၍ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။
ယူကရိန်းနိုင်ငံ၌ ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ဆောင်မှုများအား ရန်ပုံငွေပေးအပ်ရန် မေတ္တာရပ်ခံချက်တစ်ရပ်အား ကုလသမဂ္ဂက စတင်ဆောင်ရွက်သွားမည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် က ယူကရိန်းနိုင်ငံသမ္မတအား အသိပေးခဲ့ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံ၌ ပို၍ပြင်းထန်လာသည့်အခြေအနေများကြောင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်သည် စီစဉ်ထားသည့်အတိုင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့သို့ သွားရောက်မည့် ခရီးစဥ်ကို ဖျက်သိမ်းလိုက်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က သတင်းထောက်များအား အီးမေးလ်ဖြင့် ဖြေကြားခဲ့သည်။ ယင်းအစား ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်သည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် လူ့အခွင့်အရေးကောင်စီအစည်းအဝေးသို့ ရုပ်သံအမှာစကားပေးပို့သွားမည် ဖြစ်ကြောင်း ဖြည့်စွက်ဖြေကြားခဲ့သည်။ (Xinhua)

#UN #AntonioGuterres #Ukraine #ကုလသမဂ္ဂ #အန်တိုနီယိုဂူတာရက်စ် #ယူကရိန်းနိုင်ငံ #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar
——————————————
(English Version)

UN chief promises more humanitarian aid to Ukrainians in phone call with Zelensky

UNITED NATIONS, Feb. 26 (Xinhua) — UN Secretary-General Antonio Guterres promised on Saturday to provide more humanitarian assistance to the Ukrainian people during a phone call with Ukrainian President Volodymyr Zelensky.

“The secretary-general conveyed to the president the determination of the United Nations to enhance humanitarian assistance to the people of Ukraine,” according to a readout about the secretary-general’s call with Zelensky.

The UN chief informed Zelensky that the world body “would launch on Tuesday an appeal to fund UN’s humanitarian operations in Ukraine.”

In an email, Stephane Dujarric, spokesman for the secretary-general, told reporters that because of the escalating situation in Ukraine, Guterres will not travel to Geneva as planned. Instead, “he will send a video message to Monday’s meeting of the Human Rights Council,” he added. Enditem

Photo – United Nations Secretary-General Antonio Guterres speaks to the press at the UN headquarters in New York, on Feb. 24, 2022. (Xinhua/Xie E)