Connect with us

Asia

မြောက်ကိုရီးယားက အရှေ့ဘက်ပင်လယ်ပြင်ထဲသို့ ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသည့် ဒုံးကျည် ပစ်ခတ်ကြောင်း တောင်ကိုရီးယား စစ်တပ်ပြောကြား

မြောက်ကိုရီးယားနိုင်ငံက ဗျူဟာမြောက်ပဲ့ထိန်းဒုံးကျည်တစ်စင်းအား ဇန်နဝါရီ ၁၄ ရက်တွင် ပစ်လွှတ်နေစဉ်(KCNA via Xinhua)

ဆိုးလ် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ(DPRK) သည် အရှေ့ဘက်ပင်လယ်ရေပြင်ထဲသို့ ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသည့် သံသယဖြစ်ဖွယ်ဒုံးကျည်တစ်စင်းအား ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) က ဖေဖော်ဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ဒေသစံတော်ချိန် နံနက် ၇ နာရီ ၅၂ မိနစ်တွင် ပြုံးယမ်းအနီးဝန်းကျင်မှ ပစ်လွှတ်လိုက်သည့် ပဲ့ထိန်းဒုံးကျည်အား ထောက်လှမ်းမိခဲ့ကြောင်း JCS က ပြောကြားခဲ့ပြီး ထပ်မံ၍ အသေးစိတ်အချက်အလက်များ ရည်ညွှန်းဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

ယခုနောက်ဆုံးစမ်းသပ်ပစ်လွှတ်မှုဖြစ်ပွားပြီးနောက်တွင် တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်၌ အမျိုးသားလုံခြုံရေးရုံး အကြီးအကဲ Suh Hoon က ဦးဆောင်၍ အမျိုးသားလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးအား ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားနိုင်ငံသည် ဇန်နဝါရီ ၅ ရက် နှင့် ဇန်နဝါရီ ၁၁ ရက်တို့တွင် အသံထက်မြန်သော ဒုံးကျည်တစ်စင်းစီ ၊ ဇန်နဝါရီ ၁၄ ရက်တွင် မီးရထားမှ သယ်ဆောင်ပစ်ခတ်သော တာတိုပစ် ပဲ့ထိန်းဒုံးကျည် ၂ စင်း ၊ ဇန်နဝါရီ ၁၇ ရက်တွင် နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည် ၂ စင်း ၊ ဇန်နဝါရီ ၂၅ ရက်တွင် တာဝေးပစ် ခရုဇ်ဒုံးကျည် တစ်စင်း ၊ ဇန်နဝါရီ ၂၇ ရက်တွင် မြေပြင်မှမြေပြင်ပစ်သို့ ပစ်ခတ်နိုင်သော ဗျူဟာမြောက်ပဲ့ထိန်းဒုံးကျည်တစ်စင်း နှင့် ဇန်နဝါရီ ၃၀ ရက်တွင် တာလတ်နှင့် တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်း အပါအဝင် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု ၇ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………………
(English Version)
DPRK fires suspected ballistic missile toward eastern waters: S. Korean military
SEOUL, Feb. 27 (Xinhua) — The Democratic People’s Republic of Korea (DPRK) fired a suspected ballistic missile toward its eastern waters, South Korea’s Joint Chiefs of Staff (JCS) said Sunday.

The JCS said it detected the ballistic missile launched from Pyongyang vicinity at 7:52 a.m. local time without providing any details.
Following the latest test, South Korea’s presidential office Blue House convened an emergency meeting of its National Security Council presided over by National Security Office chief Suh Hoon.

The DPRK conducted seven missile tests in January, including a hypersonic missile on Jan. 5 and Jan. 11 each, two railway-borne short-range ballistic missiles on Jan. 14, two tactical guided missiles on Jan. 17, a long-range cruise missile on Jan. 25, a surface-to-surface tactical guided missile on Jan. 27 and an intermediate- and long-range ballistic missile on Jan. 30. ■
Photo – Photo provided by the Korean Central News Agency (KCNA) shows the Democratic People’s Republic of Korea (DPRK) launching a tactical guided missile during a firing drill, Jan. 14, 2022. (KCNA via Xinhua)