Connect with us

Eastern Europe

ယူကရိန်းရှိ အမေရိကန်၏ ဇီဝဗေဒဆိုင်ရာလှုပ်ရှားမှုများသည် မကောင်းဆိုးဝါးအစီအစဉ်တစ်ခု ဖြစ်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ကက်ပီတိုလွှတ်တော်အဆောက်အဦအား ဖေဖော်ဝါရီ ၂၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ မတ် ၂၉ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ယူကရိန်းနိုင်ငံရှိ အမေရိကန်နိုင်ငံ၏ စစ်ဘက်ဆိုင်ရာဇီဝဗေဒလှုပ်ရှားမှုများသည် မကောင်းဆိုးဝါးအစီအစဉ်တစ်ခု ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ရုရှားနိုင်ငံ၏ RIA Novosti သတင်းအေဂျင်စီက မတ် ၂၇ ရက်တွင် ဖော်ပြခဲ့သည်။“ ဒီဆိုးယုတ်လွန်းတဲ့အစီအစဉ်ထဲမှာ ကွာဟချက်ကြီးကြီးမားမားရှိနေပြီး ထပ်ဖြည့်ဖို့လိုအပ်နေဆဲဖြစ်ပါတယ်”ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံသည် ယူကရိန်းဇီဝဓာတ်ခွဲခန်းများတွင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ရင်းနှီးမြှုပ်နှံထားကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သည်ဟု အေဂျင်စီ၏ ဖော်ပြမှုအရ သိရသည်။

ယင်းအခြေအနေတွင် ရုရှားနိုင်ငံသည် ဇီဝဗေဒ နှင့် အဆိပ်လက်နက်များ သဘောတူညီချက်အောက်တွင် စိစစ်အတည်ပြုခြင်းယန္တရားတစ်ခု စတင်ခြင်း ဖြစ်နိုင်ခြေအား ထည့်မတွက်ဘဲထားလိမ့်မည် မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က အစောပိုင်းတွင် ပြောကြားခဲ့သည်။

ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က ယူကရိန်းနိုင်ငံရှိ ဓာတ်ခွဲခန်းများသည် လက်ရှိ ကမ္ဘာတစ်ဝှမ်းလုံးတွင် ပျံ့ကြဲနေသော အမေရိကန်ငွေကြေးထောက်ပံ့ထားသည့် ဓာတ်ခွဲခန်း ၃၀၀ ကျော်၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုသာ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရုရှားနိုင်ငံသည် ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်၍ သက်သေအထောက်အထားအသစ်များအား ထုတ်ဖော်သွားမည် ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်ဟု အေဂျင်စီက ဖော်ပြထားသည်။ (Xinhua)

——————————-
(English Version)

U.S. biological activities in Ukraine a “devil’s plan”: Russian Foreign Ministry
MOSCOW, March 28 (Xinhua) — Russian Foreign Ministry spokesperson Maria Zakharova called Washington’s military biological activities in Ukraine a “devil’s plan,” Russia’s RIA Novosti news agency reported Sunday.
“There are too many gaps in this diabolical plan that still have to be filled,” Zakharova said.
Russia’s Defense Ministry said earlier that the United States invested more than 200 million U.S. dollars in Ukrainian biolaboratories, according to the report.
In this context, Russia will not rule out the possibility of launching a verification mechanism under the Biological and Toxin Weapons Convention, Zakharova said earlier.
Russian Deputy Foreign Minister Sergei Ryabkov said that the laboratories in Ukraine were only a small fraction of more than 300 U.S.-funded laboratories currently scattered all over the world, adding that Russia would reveal new documents on their activities, the report said. ■
Photo – Photo taken on Feb. 28, 2022 shows the U.S. Capitol building, seen through a barrier fence, in Washington, D.C., the United States. (Xinhua/Liu Jie)