Connect with us

Europe

ယူကရိန်းနိုင်ငံက ကိဗ်ဒေသတစ်ခုလုံးကို ပြန်လည်ရယူလိုက်ပြီ ဖြစ်ကြောင်း ဒုတိယကာကွယ်ရေးဝန်ကြီး ပြောကြား

ယူကရိန်းနိုင်ငံ ကိဗ်မြို့အတွင်း ပျက်စီးသွားသည့် အဆောက်အဦတစ်ခုအတွင်း မီးငြှိမ်းသတ်နေသည့် မီးသတ်သမားတစ်ဦးအား မတ် ၂၃ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကိဗ် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံက ကိဗ်ဒေသတစ်ခုလုံးကို ထိန်းချုပ်မှု ပြန်လည်ရရှိသွားပြီ ဖြစ်ကြောင်း ယူကရိန်းနိုင်ငံ၏ ဒုတိယကာကွယ်ရေးဝန်ကြီး Maliar က ဧပြီ ၂ ရက်တွင် ဖေဘွတ်ခ်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။ယူကရိန်းနိုင်ငံက Irpin ၊ Bucha ၊ Gostomel နှင့် ကိဗ်ဒေသတစ်ခုလုံးကို ပြန်လည်သိမ်းပိုက်ရယူလိုက်ပြီ ဖြစ်ကြောင်း ဒုတိယကာကွယ်ရေးဝန်ကြီး Maliar က ပြောကြားခဲ့သည်။

ရုရှားစစ်တပ်သည် ယူကရိန်းနိုင်ငံရှိ ပစ်မှတ်များကို စနစ်တကျဒုံးကျည်များဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေသော်လည်း ပြင်းထန်မှုမှာ ကျဆင်းသွားကြောင်း ယူကရိန်းကြည်းတပ်၏ စစ်ဦးစီးချုပ်က ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ၌ တိုက်ပွဲများတွင် ပါဝင်ရန် ရုရှားစစ်တပ်က နောက်တိုးတပ်ဖွဲ့ဝင်များ ပြင်ဆင်နေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

—————————
(English Version)

Ukraine retakes “whole Kiev region”: deputy defense minister
KIEV, April 3 (Xinhua) — Ukraine has regained control of the “whole Kiev region,” Deputy Minister of Defense of Ukraine Hanna Maliar said on Facebook on Saturday.
Ukraine has retaken “Irpin, Bucha, Gostomel and the whole Kiev region,” said Maliar.
The Russian military continues to carry out systematic missile and aviation strikes on targets in Ukraine, but the intensity has decreased, said the General Staff of the Armed Forces of Ukraine.
Additional units of the Russian military are preparing to participate in combat in Ukraine, it added. ■
Photo – A firefighter works inside a damaged building in Kiev, Ukraine, March 23, 2022. (Photo by Diego Herrera/Xinhua)