Connect with us

North America

အမေရိကန်က ယူကရိန်းအကျပ်အတည်း၏ “အစပျိုးသူ”ဖြစ်

ယူကရိန်းနိုင်ငံ မရီဥပိုလ်ရှိ ယာယီနေရာချထားရေးစခန်းတစ်ခုအား မတ် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

ယူကရိန်းအကျပ်အတည်း ပေါက်ကွဲလာခြင်းသည် တစ်နေ့တစ်ည တစ်ရက်တည်းကြောင့် မဟုတ်ဘဲ၊ ကာလကြာရှည် ဖြစ်တည်လာသည့် အကြောင်းတရားများကြောင့် ဖြစ်သည်။ ယခုအကျပ်အတည်းသည် အကြောင်းအရင်းအမျိုးမျိုး ရောယှက်ရာမှ ဖြစ်ပွားခြင်း ဖြစ်သလို နှစ်ပေါင်းများစွာ ကိန်းအောင်းနေသည့် ပဋိပက္ခ ပေါက်ကွဲထွက်လာခြင်းဖြစ်သော်လည်း အကျပ်အတည်း “အစပျိုးသူ”ဟု ဆိုလျှင် အမေရိကန်တွင် ရှောင်လွှဲ၍မရသော တာဝန်ရှိပေသည်။

ယူကရိန်းနိုင်ငံ မရီဥပိုလ်ရှိ ယာယီနေရာချထားရေးစခန်းတစ်ခုအား မတ် ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်စေသည့် တိုက်ရိုက်အကြောင်းအရင်းမှာ အမေရိကန်ဦးဆောင်သည့် နေတိုးအဖွဲ့ အရှေ့သို့ မပြတ်ချဲ့ထွင်ခြင်း၊ ရုရှား၏လုံခြုံရေးကဏ္ဍ လျော်ကန်မှုရှိသော ဂရုပြုမှုကို ဥပေက္ခာပြုခြင်း၊ ရုရှား၏မဟာဗျူဟာ နောက်ဆုံးစည်းကို အဖန်တစ်လဲလဲ စိန်ခေါ်ခြင်းများကြောင့် ဖြစ်သည်။ ထူးခြားသည့် ပထဝီတည်နေရာနှင့်ရုရှားသမိုင်းယဉ်ကျေးမှုနှင့်ဆက်နွယ်နေသည့် ယူကရိန်းသည် အမေရိကန် ရုရှားကို တားဆီးရာတွင် အားကောင်းသည့် “ချုပ်ကိုင်ရာလက်တံ” ဖြစ်နေရာ ယူကရိန်းကို ထိန်းချုပ်ခြင်းက ရုရှား၏ လည်မြိုကို ဖိညှစ်ထားသလို ဖြစ်စေသည်။ ရုရှားအတွက်ဆိုရသော် အနောက်ဘက်စစ်အုပ်စုတွင် ယူကရိန်း အပြည့်အဝထည့်သွင်းခံရပါက ရုရှားပထဝီနိုင်ငံရေးလုံခြုံမှုကို တိုက်ရိုက်ခြိမ်းခြောက်မည်ဖြစ်ရာ ယင်းဖြစ်ရပ်သည် ရုရှား မည်သို့မျှလက်ခံနိုင်စရာမရှိသည့် အကြောင်းအရာ ဖြစ်သည်။ ဥပေဒနည်းလမ်းအရ နေတိုးအဖွဲ့ အရှေ့သို့မချဲ့ထွင်ရန် အာမခံချက်ရရှိရေး ရုရှားဘက်က အစဉ်တစ်စိုက် ကြိုးပမ်းအဖြေရှာခဲ့သော်လည်း အမေရိကန် ဦးဆောင်သည့် နေတိုးအဖွဲ့၏ လျစ်လျူရှုခြင်းခံခဲ့ရသည်။ ရုရှား သမ္မတ ပူတင်က နှစ်ပေါင်း ၃၀ ကြာ ရုရှားသည် နေတိုးအရှေ့သို့မချဲ့ထွင်ရေး သဘောတူညီချက်ရရန် အစဉ်ကြိုးပမ်းသော်လည်း လိမ်ညာခြင်း၊ ဖိအားပေးခြင်းနှင့် ခြိမ်းခြောက်အကျပ်ကိုင်ခြင်းခံခဲ့ရကြောင်း ဆိုသည်။

နေတိုးအဖွဲ့ အရှေ့ဘက်သို့မပြတ်ချဲ့ထွင်ရန် အမေရိကန် တွန်းအားပေးရခြင်းမှာ ရုရှားကို ဖိနှိပ်ရန်အတွက်ဖြစ်သလို ၎င်း၏ ကမ္ဘာအာဏာကြီးစိုးရေးကို ကာကွယ်ရန်အတွက် ပို၍ပင် ဖြစ်သည်။ စစ်အေးခေတ်ကာလတွင် အမေရိကန်သည် အနောက်ဥရောပလုံခြုံရေး ဆိုဗီယက်ခြိမ်းခြောက်မှုဟုဆိုကာ ထိုအကြောင်းအရာများကို မပြတ် ဖြန့်ဝေပြီး အနောက်ဥရောပနိုင်ငံများ၏ စိုးရိမ်ထိတ်လန့်မှုဖြင့် အမေရိကန် အစ်ကိုကြီး၏ ကာကွယ်ရေးလောင်းရိပ်အောက်တွင် ခိုလှုံလာအောင် ဖော်ဆောင်ခဲ့သည်။ စစ်အေးတိုက်ပွဲပြီးဆုံးသည့်အခါ အမေရိကန်အတွက် နေတိုးအဖွဲ့ ကျိုးကြောင်းဆီလျော်စွာ တည်ရှိနိုင်ရေး စိတ်ကူးယဉ် ရန်သူသစ်ကို ရှာဖွေရန်လိုအပ်ရာ ရုရှားက မြှားဦးတည်ရာ ဖြစ်လာသည်။
နေတိုးအဖွဲ့ မပြတ် အရှေ့သို့ ချဲ့ထွင်ရေးကို အမေရိကန် ဦးဆောင်ကာ ရုရှားအနီးတစ်ဝိုက်တွင် “ဆေးရောင်ဆိုးတော်လှန်ရေး(Colour revolution)”အကြီးအကျယ်လုပ်ဆောင်ပြီး ရုရှား၏ လုံခြုံရေးအာရုံခံကြောကို အဆက်မပြတ်ထိုးဆွကာ ရုရှား၏တုံ့ပြန်ချက်ကို အကြောင်းပြပြီး မဟာမိတ်များနှင့်ပူးတွဲ၍ ရုရှားအပေါ် ပိတ်ဆို့မှုများ ပြုလုပ်ခြင်းဖြင့် ရုရှား-ဥရောပ၏ ထိပ်တိုက်ဖြစ်မှုကို နက်ရှိုင်းအောင်၊ဥရောပ၏ အမေရိကန်အပေါ် အားထားမှုကို ဆက်လက်ဖြည့်တင်းရန် ဆောင်ရွက်ခဲ့သည်။

စည်းလုံးညီညွတ်၍တည်ငြိမ်မှုရှိသော၊ လွတ်လပ်၍သီးခြားရပ်တည်မှုရှိသော ဥရောပတိုက်သည် အမေရိကန်၏ ဥရောပရေးရာ၌ ဦးဆောင်ခွင့်အာဏာကို ပျက်ပြားစေနိုင်ခြင်းကြောင့် ထိုသို့ဖြစ်လာမည်ကို အမေရိကန်တို့အနေဖြင့် မတွေ့မြင်လိုပေ။ ယူကရိန်းအခြေအနေကို အသုံးချ၍ “ထိန်းချုပ်၍ရသော မတည်ငြိမ်မှု”ဖန်တီးခြင်းက ဥရောပတိုက်ကို အမေရိကန် ကြီးစိုးခွင့်လိုအပ်ချက်နှင့် ကိုက်ညီစေခဲ့သည်။ အမေရိကန်အာဏာကြီးစိုးရေးသမိုင်းတစ်လျှောက်ကို ပြန်ပြောင်းကြည့်မည်ဆိုလျှင် ဒေသအသီးသီးတွင် “ထိန်းချုပ်၍ရသည့် မတည်ငြိမ်မှုများ”ဖန်တီးခြင်းသည် ကမ္ဘာတစ်ဝန်း ဩဇာကြီးစိုးအောင် ဆောင်ရွက်သည့် နည်းလမ်းတစ်ခုအဖြစ်ထားရှိခဲ့ရာ ၎င်းတိုက်ခိုက်ခဲ့သည့် အီရတ်၊ အာဖဂန်၊ ဆီးရီယားစသည့်စစ်ပွဲများ၏ ခြေရာများတွင် ယင်းအတွေးအခေါ်ကို ရှင်းလင်းစွာ တွေ့မြင်ရမည် ဖြစ်သည်။

အမေရိကန် သမ္မတ ဘိုင်ဒန် အာဏာရပြီးနောက်ပိုင်း ယူကရိန်းသို့ ပံ့ပိုးမှုကို အားသွန်ထပ်ဖြည့်ဆောင်ရွက်ခဲ့သည်။ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစပြီး ရုရှား-ယူကရိန်းပဋိပက္ခ အရှိန်အဟုန်ဖြင့် ဆိုးဝါးလာချိန်တွင် အမေရိကန်က တင်းမာမှုအခြေအနေများကို လျော့နည်းအောင်ဆောင်ရွက်ခြင်းမရှိဘဲ ယူကရိန်းသို့ စစ်လက်နက်အကူအညီများ ပေးပို့ခြင်း၊ ယူကရိန်းစစ်တပ်ကို လေ့ကျင့်ပေးခြင်း နှင့် ပိုလန်စသည့် အနီးတဝိုက်နိုင်ငံများတွင် စစ်အင်အားတိုးချခြင်းများကို အလျင်စလို လုပ်ဆောင်ခဲ့သည်။ ရုရှားအဆိုပြုသည့် လုံခြုံရေးအာမခံမှုဆိုင်ရာ အကြံပြုချက်ကို အမေရိကန်နှင့်နေတိုးအဖွဲ့က ဆက်လက်လျစ်လျူရှုပြီး မင့်စ်ခ်သဘောတူညီချက်သစ်ကို အချိန်ဆွဲကာ ထိရောက်စွာအကောင်အထည်ဖော်မှုမရှိခဲ့ပေ။ အထိန်းအကွပ်ကင်းမဲ့သည့် အခြေအနေအရပ်ရပ်သည် တင်းမာသည့်အခြေအနေကို ပို၍ဆိုးဝါးစေပြီး လောင်စာမီးထိုးသည့် လုပ်ရပ်က နောက်ဆုံးတွင် အကျပ်အတည်း ပေါက်ကွဲမှု ဖြစ်စေခဲ့သည်။

ယူကရိန်း၏စစ်မီးလျှံသည် အမေရိကန်အစိုးရ၏ မပြတ် လောင်စာမီးထိုးသည့်ရလဒ်ဖြစ်သလို အမေရိကန်အာဏာကြီးစိုးရေးလိုအပ်ချက်အရ ရည်ရွယ်ချက်ရှိရှိ အထိန်းအကွပ်မဲ့လွှတ်ထားခြင်း၊ ဖန်တီးခြင်း၏ အကျပ်အတည်းဖြစ်သည်။
အမေရိကန်အနေဖြင့် အပြစ်မဲ့သလို ဟန်ဆောင်နေသော်လည်း နိုင်ငံတကာအသိုက်အဝန်းတွင် ဖုံးကွယ်လိမ်ညာ၍မရသည့်အရာဖြစ်သည်။ အမေရိကန် ချီကာဂို တက္ကသိုလ် နိုင်ရေးသိပ္ပံ ပါမောက္ခ John J. Mearsheimer၏ ယခုကာလများတွင် ရေးသားသောဆောင်းပါး၌ ဖော်ပြသကဲ့သို့ပင် အမေရိကန်သည် ရုရှား၏”မျဉ်းနီ”ကို လျစ်လျူရှုပြီး ယူကရိန်းကို ရုရှားနယ်စပ် အနောက်အုပ်စု၏ခံတပ်အဖြစ် သဘောထားရာ အနောက်နိုင်ငံ အထူးသဖြင့် အမေရိကန်သည် ယင်းပဋိပက္ခ၏ အဓိက တာဝန်ယူရမည့်သူဖြစ်သည်။

အမေရိကန် အာဏာကြီးစိုးရေးသည် ကမ္ဘာ့နေရာအများအပြား၌ စစ်မက်မီးလျှံ၏ အဓိက “မီးစ”ဖြစ်ပြီး ကမ္ဘာကြီး “ငြိမ်သက်အေးချမ်းမရှိအောင် ဖော်ဆောင်သော အရင်းအမြစ်” ဖြစ်သည်ကို ယူကရိန်းအကျပ်အတည်းက ထပ်မံလှစ်ဟပြသခဲ့သည်။ အမေရိကန်အနေဖြင့် ဗိုလ်ကျစိုးမိုးရေး အတွေးတွင် နစ်မျောနေမှုကို စွန့်လွှတ်ပြီး ပထဝီနိုင်ငံရေး အားပြိုင်မှုအတွေးကို စွန့်လွှတ်မှသာ ကမ္ဘာ့ငြိမ်ချမ်းရေး မျှော်လင့်ချက်ကို မြင်နိုင်ရမည် ဖြစ်ပေသည်။ (Xinhua)

#Ukraine, #US, #Europe,#xinhua, #xinhuamyanmar, ##အမေရိကန်, #ဥရောပ,#ဆင်ဟွာ
—————————
(English Version)
美国是乌克兰危机的“始作俑者”——俄乌冲突系列评论之三
2022-04-02 10:52:02
新华社北京4月2日电题:美国是乌克兰危机的“始作俑者”——俄乌冲突系列评论之三
新华社记者谢彬彬
乌克兰危机的爆发,“非一朝一夕之故,其所由来者渐矣”。这场危机是各种因素综合作用的结果,也是多年积累矛盾的爆发,但要论这场危机的“始作俑者”,美国难逃其咎。
引发俄乌冲突最直接的原因,是美国主导的北约不断东扩,无视俄罗斯在安全问题上的合理关切,一再挑战俄战略底线。由于自身特殊的地理位置以及与俄罗斯的历史文化渊源,乌克兰成为美国遏制俄罗斯的有力“抓手”,掌控了乌克兰无异于遏制住了俄罗斯的“咽喉”。对俄罗斯而言,如果乌克兰被完全纳入西方阵营,将直接威胁到俄地缘政治安全,这是俄无论如何都不能接受的。俄罗斯一直寻求北约以法律形式保证不再东扩,然而始终被以美国为首的北约无视。俄罗斯总统普京说,30年来俄罗斯一直试图就北约不东扩达成协议,但却受到欺骗、施压和讹诈。
美国之所以推动北约不断东扩,既是为了打压俄罗斯,更是为了维护自己的全球霸权。冷战时期,美国不断渲染苏联对西欧的安全威胁,借此维持西欧多国的恐惧情绪,令其甘愿聚集在美国“老大哥”的保护伞下。随着冷战的结束,美国需要为北约的合理存在寻找新的假想敌,俄罗斯这个大国首当其冲。通过主导北约不断东扩,在俄周边大搞“颜色革命”,美国不仅持续刺激俄罗斯的“安全神经”,还以俄罗斯的回应为借口,联合盟友制裁俄罗斯,加深俄欧对立,继而强化欧洲对美国的依赖。一个团结稳定、独立自主的欧洲是美国不愿看到的,因为这会让美国丧失对欧洲事务的主导权。利用乌克兰局势制造“可控的动荡”,符合美国掌控欧洲的霸权需求。纵观美国霸权史,在全球各个地区制造“可控的动荡”正是其推行全球霸权的“法宝”之一,从其发动伊拉克、阿富汗、叙利亚等战争的轨迹中,这样的思路清晰可见。
美国拜登政府上台以来,加大了对乌克兰的支持力度。去年年底以来,在俄乌矛盾加速恶化之际,美国非但没有缓和紧张局势,反而抓紧向乌提供军火援助,培训乌军队,并向波兰等周边国家增兵。俄提出的安全保障建议继续遭到美国和北约的忽视,新明斯克协议迟迟未能有效执行。种种放任局势紧张加剧乃至拱火浇油的举动,终于导致了危机的爆发。
乌克兰的战火,是美国政府持续“添柴加薪”的结果,更是美国为了霸权的需要而刻意放任乃至制造出来的危机。尽管美方力图将自己打扮成无辜者,但是欺骗不了国际社会。正如美国芝加哥大学政治学教授约翰·米尔斯海默近期撰文所说,美国无视俄罗斯的“红线”,把乌克兰作为俄边境上的西方堡垒,西方,尤其是美国要对这场冲突负主要责任。
乌克兰危机再次向世界表明,美国霸权是世界多地战火最主要的“导火索”,是造成这个世界不安的最大“动荡源”。只有美国放弃霸权的迷思,放弃地缘政治争夺的执念,世界和平才能看到希望。(完)
图说1:
图说2: 3月17日,人们在马里乌波尔附近一处临时安置点休息。新华社发(维克托摄)