Connect with us

CHINA

ရှန်ဟိုင်းမြို့၌ မြို့လုံးကျွတ် ခန္ဓာကိုယ်ခုခံအားစနစ် စစ်ဆေးမှုပြုလုပ်

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြို့၌ ကိုဗစ်-၁၉ ရောဂါစမ်းသပ်စစ်ဆေးမှုခံယူရန် ပြည်သူများတန်းစီစောင့်ဆိုင်းနေသည်ကို ၂၀၂၂ ခုနှစ်မတ် ၂၆ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ရှန်ဟိုင်း ၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ မကြာသေးခင်က COVID-19 ကပ်ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားလာခြင်းကို ကာကွယ်ထိန်းချုပ်ရန် ကြိုးပမ်းလုပ်ဆောင်နေစဉ်အတွင်းမှာပင် ယနေ့ ဧပြီ ၃ ရက်တွင် မြို့လုံးကျွတ် ခန္ဓာကိုယ် ခုခံအားစနစ်စစ်ဆေးမှု နှင့် မနက်ဖြန် ဧပြီ ၄ ရက်တွင် နျူကလိစ်အက်စစ်ဆေးမှုများ အသီးသီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များအား၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ လုပ်ဆောင်ချက်များသည် ဖြစ်လာနိုင်သောရောဂါအန္တရာယ်အလားအလာကို အလုံးစုံရှင်းလင်းဖယ်ရှားရန် ၊ ရောဂါကူးစက်မှု ကွင်းစက်ကို ဖြတ်တောက်ရန် ၊ ဗိုင်းရပ်စ်ပြန့်နှံ့မှုကို ထိန်းချုပ်ရန် နှင့် တက်နိုင်သမျှ အမြန်ဆုံး ကိုဗစ်-၁၉ ရောဂါလုံးဝကင်းစင်ရေး အမြင့်ဆုံးရည်မှန်းချက်ကို ဖော်ဆောင်ရန်အတွက်ဖြစ်ကြောင်း ရှန်ဟိုင်းမြို့တော် ကျန်းမာရေးကော်မရှင်မှ အရာရှိတစ်ဦးဖြစ်သူ Wu Qianyu က ယနေ့ ဧပြီ ၃ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရှန်ဟိုင်းမြို့တွင် ဧပြီ ၂ ရက်(စနေနေ့) တွင် ပြည်တွင်း ကူးစက်မှု အတည်ပြုလူနာ ၄၃၈ ဦး စစ်ဆေးတွေ့ရှိခြင်းနှင့်အတူ ရောဂါလက္ခဏာမပြကူးစက်မှု ၇,၇၈၈ ဦး ရှိခဲ့ကြောင်း သိရသည်။(Xinhua)

————————–
(English Version)

Shanghai launches citywide antigen testing

SHANGHAI, April 3 (Xinhua) — Shanghai will conduct citywide antigen testing on Sunday and nucleic acid testing on Monday amid efforts to contain the recent resurgence of COVID-19 cases in the metropolis, according to local authorities.

The measures were aimed at completely eliminating potential risks, cutting off the chain of transmission, curbing the spread of the virus, and achieving dynamic zero-COVID as soon as possible, Wu Qianyu, an official with the Shanghai Municipal Health Commission, told a press conference on Sunday.

Shanghai reported 438 confirmed locally transmitted COVID-19 cases and 7,788 asymptomatic carriers on Saturday. Enditem

Photo- Citizens wait to take COVID-19 nucleic acid test in east China’s Shanghai, March 26, 2022.