Connect with us

Europe

ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်က ဒုတိယသက်တမ်းအတွက် ပြန်လည်အရွေးခံမည်ဟု ကြေညာ

ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန်အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ မတ် ၄ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) က ဧပြီလတွင်း ကျင်းပရန်လျာထားသော သမ္မတရွေးကောက်ပွဲ၌ ဒုတိယသက်တမ်းအတွက် ဝင်ရောက်အရွေးခံမည်ဟု မတ် ၃ ရက်၌ တရားဝင်ကြေညာခဲ့ကြောင်း သိရသည်။ပြင်သစ်ပြည်သူများအား ပေးပို့သည့် သဝဏ်လွှာတွင် မက်ခရွန်က အစိုးရ၏ အမျိုးမျိုးသော ပြုပြင်ပြောင်းလဲမှုများနှင့် နိုင်ငံက ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖော်ပြခဲ့သည်။ “ဒါတွေအားလုံးက ယုံကြည်မှုရှိခဲ့ပြီး အားကောင်းတဲ့ ဥရောပတစ်ခု စတင်ထူထောင်ဖို့ ကျွန်တော်တို့ရဲ့ အဓိကအိမ်နီးချင်းတွေကို အခိုင်အမာလက်ခံလာအောင် ကျွန်တော်တို့ကို ခွင့်ပြုပေးခဲ့လို့ပါပဲ”“ဒါကြောင့် ပြင်သစ်နိုင်ငံရဲ့ သမ္မတအဖြစ် သက်တမ်းအသစ်အတွက် ခင်ဗျားတို့ရဲ့ ယုံကြည်မှုကို ကျွန်တော် တောင်းဆိုရတာဖြစ်ပါတယ်။ ကျွန်တော်ဟာ ရာစုနှစ်ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး ခင်ဗျားတို့နဲ့အတူ ဖန်တီးမယ့် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပါတယ်” ဟု ၎င်းက ရေးသားခဲ့သည်။

ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန်အား ပဲရစ်မြို့ရှိ la Grande Halle de la Villette ခန်းမတွင် စတုတ္ထအကြိမ်မြောက် ပဲရစ် ငြိမ်းချမ်းရေးဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒုတိယသက်တမ်းအတွက် ၎င်း၏ ရည်မှန်းချက်များအား ပြောကြားရာတွင် မက်ခရွန်က ၎င်းအနေဖြင့် “ ပြင်သစ်နိုင်ငံကို ဓာတ်ငွေ့၊ ဓာတ်ဆီနဲ့ ကျောက်မီးသွေးတွေအပေါ် မှီခိုမှုကနေ ထွက်ပြီး ကြီးမြတ်တဲ့ ဂေဟဗေဒစနစ်ရှိသော နိုင်ငံတစ်ခုဖြစ်လာရေး” ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန်အား ပဲရစ်မြို့ရှိ la Grande Halle de la Villette ခန်းမတွင် စတုတ္ထအကြိမ်မြောက် ပဲရစ် ငြိမ်းချမ်းရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိလာသည်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန်အား ပဲရစ်မြို့၌ နှစ်စဉ် အမျိုးသားနေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်လာသည်ကို ၂၀၂၁ ခုနှစ် ဇူလိုင် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန်အား ပဲရစ်မြို့ရှိ la Grande Halle de la Villette ခန်းမတွင် စတုတ္ထအကြိမ်မြောက် ပဲရစ် ငြိမ်းချမ်းရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိလာသည်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန်အား ပဲရစ်မြို့ Elysee နန်းတော်တွင် ဧည့်သည်တော်များအား စောင့်ဆိုင်နေသည်ကို ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် ၎င်းသည် အခွန်များ လျှော့ချရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။မက်ခရွန်သည် ၂၀၁၇ ခုနှစ်က ကျင်းပခဲ့သော ပြင်သစ်နိုင်ငံ သမ္မတ ရွေးကောက်ပွဲ၌ ၎င်း၏ ပြိုင်ဘက် လက်ယာယိမ်း Marine Le Pen အား အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ (Xinhua)

………………………………………………

(English Version)

France’s Macron announces bid for presidential re-election

Source: XinhuaEditor: huaxia2022-03-04 06:30:16
PARIS, March 3 (Xinhua) — French President Emmanuel Macron officially announced on Thursday that he would run for a second term in office in the upcoming presidential elections scheduled for April.

In a letter addressed to the French people, Macron described the different reforms of the government and the challenges faced by the country. “All of this has allowed us to be credible and to convince our main neighbors to start building a powerful Europe.”

“This is why I request your trust for a new term as President of the Republic. I am a candidate to invent with you, in the face of the challenges of the century,” he wrote.

Speaking of his goals for a possible second term, Macron said that he would try to make France “become a great ecological nation that will be the first to exit its dependence on gas, petroleum and coal.”

He also promised to continue to lower taxes.
Macron won France’s presidential election runoff in 2017, beating his far-right rival Marine Le Pen. ■

Photo 1 : File photo taken on Dec. 10, 2021 shows French President Emmanuel Macron greeting German Federal Chancellor Olaf Scholz (not in picture) at the Elysee Palace in Paris, France. French President Emmanuel Macron

Photo 2 : File photo taken on Nov. 11, 2021 shows French President Emmanuel Macron delivering a speech at the opening ceremony of the 4th Paris Peace Forum at la Grande Halle de la Villette in Paris, France. French President Emmanuel Macron officially announced on Thursday that he would run for a second term in office in the upcoming presidential elections scheduled for April. (Xinhua/Gao Jing)
Photo 3 : File photo taken on Nov. 11, 2021 shows French President Emmanuel Macron arriving to attend the opening ceremony of the 4th Paris Peace Forum at la Grande Halle de la Villette in Paris, France. French President Emmanuel Macron officially announced on Thursday that he would run for a second term in office in the upcoming presidential elections scheduled for April. (Xinhua/Gao Jing)
Photo 4 : File photo taken on July 14, 2021 shows French President Emmanuel Macron attending the annual Bastille Day military parade in Paris, France. French President Emmanuel Macron officially announced on Thursday that he would run for a second term in office in the upcoming presidential elections scheduled for April. (Xinhua/Gao Jing)
Photo 5 : File photo taken on Nov. 11, 2021 shows French President Emmanuel Macron arriving to attend the opening ceremony of the 4th Paris Peace Forum at la Grande Halle de la Villette in Paris, France. French President Emmanuel Macron officially announced on Thursday that he would run for a second term in office in the upcoming presidential elections scheduled for April. (Xinhua/Gao Jing)
Photo 6 : File photo taken on Feb. 28, 2022 shows French President Emmanuel Macron waiting for guests at the Elysee Palace in Paris, France. French President Emmanuel Macron officially announced on Thursday that he would run for a second term in office in the upcoming presidential elections scheduled for April. (Xinhua/Gao Jing)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.