Connect with us

North America

အမေရိကန်နိုင်ငံ စခရမ်မန်တိုမြို့၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူ ၆ ဦးသေဆုံး ၊ အနည်းဆုံး ၉ ဦးဒဏ်ရာရ

အမေရိကန်နိုင်ငံ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

ဆန်ဖရန်စစ္စကို ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မြို့တော် စခရမ်မန်တိုမြို့(Sacramento) မြို့လယ်ခေါင်၌ သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၆ ဦးသေဆုံးပြီး အနည်းဆုံးအခြား ၉ ဦးထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။

“ သေဆုံးသူ ၆ ယောက်အပါအဝင် အနည်းဆုံး လူ ၁၅ ယောက်လောက် သေနတ် အပစ်ခံလိုက်ရပါတယ်” ဟု စခရမ်မန်တိုရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကြေညာချက်တွင်ပြောကြားခဲ့သည်။
သံသယရှိသူ သေနတ်သမားသည် စားသောက်ဆိုင်တစ်ခု၏ ဆိုင်ပြင်ပမှနေ၍ ပစ်ခတ်မှုကျူးလွန်ခဲ့ပြီးနောက် ယင်းနေရာမှ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ရဲတပ်ဖွဲ့ ကဆိုသည်။

စခရမ်မန်တိုမြို့လယ်ခေါင်ရှိ ၁၀ လမ်း နှင့် K လမ်းအနီးတစ်ဝိုက်တွင် သေနတ်ပစ်ခတ်မှုတစ်ခုဖြပွားနေကြောင်း ရဲတပ်ဖွဲ့က ဖုန်းသတင်းပေးပို့မှုလက်ခံရရှိချိန်သည် နံနက် ၂ နာရီ (ဂရင်းနစ်စံတော်ချိန် ၀၉၀၀ နာရီ) ဖြစ်ကြောင်း သိရသည်။အဆိုပါပစ်ခတ်မှုဖြစ်ပွားပြီးနောက် အနီးအနားရှိ အဝင်အထွက်လမ်းများစွာကို ပိတ်ထားခဲ့ကြောင်း သိရသည်။
မျက်မြင်သက်သေများ၏ ပြောကြားချက်အရ အမျိုးသားတစ်ဦးသည် မော်တော်ကားပေါ်မှနေ၍ El Santo စားသောက်ဆိုင်အနီးရှိလူအုပ်ကြီးကို အလိုအလျောက်မောင်းပြန်သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။ သေနတ်သံ အချက်ပေါင်း ၅၀ ခန့် ကြားလိုက်ရကြောင်း ဒေသမီဒီယာတွင်ဖော်ပြထားသည်။

အဆိုပါသေနတ်သမားမှာ မည်သူမည်ဝါဖြစ်သည်ကို ချက်ချင်းမသိရှိရသေးကြောင်း နှင့် ရဲတပ်ဖွဲ့ကလည်း မည်သည့် ဖြစ်နိုင်ခြေကောက်ချက်ချမှုမျိုးကိုမှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလမတည်ငြိမ်မှုမှတည် ကိုဗစ်-၁၉ ကပ်ရောဂါထိတိုင် လူမှုရေး နှင့် စီးပွားရေး ပေါက်ကွဲမှုများ စသည့် အကြောင်းတရားပေါင်းများစွာ ပေါင်းဆုံစုမိရာမှ အမေရိကန်နိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း သေနတ်ပစ်ခတ်သည့်အကြမ်းဖက်မှု သိသိသာသာမြင့်တက်လာခဲ့သည့်အပြင် သေနတ်ရောင်းအားလည်း မြင့်တက်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် အမေရိကန်နိုင်ငံတစ်ဝှမ်း၌ သေနတ်ပစ်ခတ်မှုများကြောင့် လူပေါင်း ၁၇,၀၀၀ ကျော်သေဆုံး သို့မဟုတ် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၊ ယင်းကာလအတွင်း အနည်းဆုံး လူအစုပြုံလိုက်သေဆုံးခဲ့ရသည့် ပစ်ခတ်မှု ၁၁၀ ကြိမ်ထက် မနည်းရှိခဲ့ကြောင်း အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် သေနတ်အကြမ်းဖက်မှုမှတ်တမ်းမှတ်ရာအဖွဲ့ (Gun Violence Archive) ၏ အချက်အလက်များအရ သိရသည်။ (Xinhua)

……………………………
(English Version)
6 dead, at least 9 wounded in Sacramento shooting
SAN FRANCISCO, April 3 (Xinhua) — Six people were killed and at least nine others were wounded in a shooting in downtown Sacramento, the capital city of the U.S. state of California, local police said Sunday.
“Officers located at least 15 shooting victims, including six who are deceased,” a spokesperson for the Sacramento Police Department said in a statement.
The suspect opened fire outside a restaurant and fled the scene, the police said.
The incident occurred at 2 a.m. (0900 GMT) when police officers were called for an active shooter in the area of 10th Street and K Street in downtown Sacramento. They closed several streets after the shooting happened.
Witnesses said a man in a car fired with an automatic weapon at a crowd near El Santo restaurant. As many as 50 gunshots were heard, local media reported.
The identity of the suspect was not immediately known and police have not released any details about a possible motive.
Gun violence has been on the rise across the United States in the past few years, a trend fueled by a confluence of factors, from the economic and social disruptions caused by the COVID-19 pandemic to the unrest during the 2020 elections, as well as a surge in gun sales.
More than 17,000 people have died or been injured due to gun violence in the country so far this year, during which America has seen at least 110 mass shootings, according to a database run by the nonprofit research group Gun Violence Archive.