Connect with us

Asia

တရုတ်ကုမ္ပဏီက တာဝန်ယူတည်ဆောက်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏အကြီးဆုံးတံတားကို ဇွန်လတွင် ဖွင့်လှစ်မည်ဟု ဝန်ကြီးပြော

တရုတ်နိုင်ငံကုမ္ပဏီက တာဝန်ယူတည်ဆောက်ပေးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးတံတား(Padma တံတား) ကို ၂၀၂၁ ခုနှစ်စက်တင်ဘာ ၁၂ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဒါကာ ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးတံတားကြီးကို ယခုနှစ် ဇွန်လတွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ လမ်းတံတားတည်ဆောက်ရေးဝန်ကြီးဌာနဝန်ကြီး Obaidul Quader က ဧပြီ ၃ရက်တွင် ပြောကြားခဲ့သည်။
တံတားတည်ဆောက်ရေးစီမံကိန်းတိုးတက်မှုအခြေအနေနှင့်ပတ်သက်၍ ဒါကာမြို့၌ ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် ဝန်ကြီးက အထက်ပါအတိုင်းမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အိပ်မက်တံတားကြီး ပတ်မာတံတားကြီး” ဟူ၍တင်စားခေါ်ဝေါ်ကြသည့် ကားလမ်း-ရထားလမ်း ပုံစံအမျိုးမျိုးအသုံးပြုနိုင်သောဧရာမတံတားစီမံကိန်းကြီး၏ လုပ်ငန်းဆောင်တာအားလုံးအနက် ၉၂ ရာခိုင်နှုန်းမှာ ပြီးစီးသွားပြီဖြစ်ကြောင်း ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

တရုတ်နိုင်ငံကုမ္ပဏီက တာဝန်ယူတည်ဆောက်ပေးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးတံတား(Padma တံတား) ကို ၂၀၂၁ ခုနှစ်စက်တင်ဘာ ၁၂ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံကုမ္ပဏီက တာဝန်ယူတည်ဆောက်ပေးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးတံတား(Padma တံတား) ကို ၂၀၂၁ ခုနှစ်စက်တင်ဘာ ၁၂ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံကုမ္ပဏီက တာဝန်ယူတည်ဆောက်ပေးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးတံတား(Padma တံတား) ကို ၂၀၂၁ ခုနှစ်စက်တင်ဘာ ၁၂ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံကုမ္ပဏီက တာဝန်ယူတည်ဆောက်ပေးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးတံတား(Padma တံတား) ကို ၂၀၂၁ ခုနှစ်စက်တင်ဘာ ၁၂ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံကုမ္ပဏီက တာဝန်ယူတည်ဆောက်ပေးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးတံတား(Padma တံတား) ကို ၂၀၂၁ ခုနှစ်စက်တင်ဘာ ၁၂ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

အဓိကပင်မတံတားကြီ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင် တည်ဆောက်မှုအပိုင်းသည် ၉၇ ရာခိုင်နှုန်း ပြီးစီးသွားပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင်ဂတ်စ်ပိုက်လိုင်းတပ်ဆင်ခြင်းလုပ်ငန်းမှာ ၉၉ ရာခိုင်နှုန်းပြီးစီးသွားပြီဖြစ်ကြောင်း နှင့် ၄၀၀ KVA လျှပ်စစ်ဓာတ်အားလိုင်းတပ်ဆင်ခြင်းလုပ်ငန်းမှာလည်း ၇၉ ရာခိုင်နှုန်းပြီးစီးသွားပြီဖြစ်ကြောင်း ဝန်ကြီး၏ပြောကြားချက်အရ သိရသည်။

ဘက်စုံသုံးပတ်မာတံတားကြီး(Padma) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမြို့မှ အနောက်တောင်ဘက် ၄၀ ကီလိုမီတာအကွာ၌ တည်ရှိကြောင်း သိရသည်။

ပင်မတံတားအစွန်းနှစ်ဖက်ကြား ၆.၁၅ ကီလိုမီတာ ရှည်လျားသည့် ဧရာမတည်ဆောက်ရေးလုပ်ငန်းစီမံကိန်းကြီးကို တရုတ်နိုင်ငံရထားပို့ဆောင်ရေး တံတားအင်ဂျင်နီယာအုပ်စု(MBEC) ကုမ္ပဏီလီမိတက်မှ တာဝန်ယူတည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။

ယင်းမှာဘင်္ဂလားဒေ့ရှ်နိုင်ငံသမိုင်းတွင် အကြီးဆုံး နှင့် စိန်ခေါ်မှုအများဆုံး အခြေခံအဆောက်အဦတည်ဆောက်ရေးစီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။
ပတ်မာမြစ်ကိုဖြတ်၍ တည်ဆောက်ထားသော ယင်းတံတားကြီးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်မြောက်ပိုင်း နှင့် အရှေ့တောင်ပိုင်းဒေသများကို လမ်းခရီးသယ်ယူပို့ဆောင်ရေးအတွက် ပေါင်းကူးချိတ်ဆက်ပေးနိုင်မည်ဖြစ်သည်။ ထို့ပြင် အာရှဒေသတွင်း (trans-Asian) ရထားပို့ဆောင်ရေးကွန်ရက်အတွက် အဓိက အစိတ်အပိုင်းတစ်ရပ်အဖြစ်လည်း ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် ပြုလုပ်သည့် ပတ်မာတံတား၏ ပင်မတံတားတည်ဆောက်ရေး ပန္နတင်ခြင်းအခမ်းအနားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ်ရှိတ်ဟာစီနာ ကိုယ်တိုင် တက်ရောက်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………
(English Version)
Bangladesh’s largest bridge to open to traffic in June: miခnister
DHAKA, April 4 (Xinhua) — Bangladeshi Road Transport and Bridges Minister Obaidul Quader on Sunday said the country’s largest Padma bridge will open to traffic in June this year.
He made the remarks at a meeting in Dhaka on the progress of the project.
According to the minister, the overall work in the project of building the mega multipurpose road-rail bridge dubbed the “Dream Padma Bridge of Bangladesh” is currently 92 percent completed.
Construction work of the main bridge is 97 percent completed, he said.
According to the minister, installation work of the gas pipeline is 99 percent completed, and the 400 KVA power lines 79 percent completed.
The Padma multipurpose bridge is located about 40 km southwest of Bangladesh’s capital Dhaka.
The huge infrastructure project, with the main bridge spanning 6.15 km in length, is undertaken by China Railway Major Bridge Engineering Group Co, Ltd (MBEC). It is the largest and most challenging infrastructure project in Bangladesh’s history.
The bridge standing across the Padma river to link the northeastern and southwestern areas of Bangladesh, is also a key part in an anticipated trans-Asian railway network.
Bangladeshi Prime Minister Sheikh Hasina inaugurated the main construction work of the bridge in December 2015.

Photo taken on Sept. 12, 2021 shows a view of Padma Multipurpose Bridge Project under construction in Munshiganj on the outskirts of Dhaka, Bangladesh.