Connect with us

China

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ဟု ပြောကြား

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အုပ်ချုပ်ရေးမှူးကယ်ရီလမ်းအား တရုတ်နိုင်ငံတောင်ပိုင် ဟောင်ကောင်၌ ၂၀၂၁ ခုနှစ် မတ် ၃၀ ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အုပ်ချုပ်ရေးမှူး ကယ်ရီလမ်း(Carrie Lam ) က ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဆဌမ-သက်တမ်းအုပ်ချုပ်ရေးမှူးရာထူးအတွက် လာမည့်ရွေးကောက်ပွဲတွင် သူ(မ)အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ယနေ့ ဧပြီ ၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ငါးနှစ်လျှင်တစ်ကြိမ် ကျင်းပသည့် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးရာထူးအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းမှုကာလကို ဧပြီ ၃ ရက်တွင် စတင်ပြီး အမည်စာရင်းပေးသွင်းမှုကို ဧပြီ ၁၆ ရက်အထိ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲကို လာမည့် မေ ၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။  (Xinhua)

……………………………..
(English Version)
HKSAR Chief Executive Carrie Lam says not to run in upcoming election
HONG KONG, April 4 (Xinhua) — Chief Executive of the Hong Kong Special Administrative Region (HKSAR) Carrie Lam said on Monday that she would not run in the upcoming election of the HKSAR’s sixth-term chief executive.
The nomination period for the once-in-five-year chief executive election of the HKSAR began on Sunday and will run through April 16. The election will be held on May 8. Enditem

Photo – Carrie Lam (C), Chief Executive of the Hong Kong Special Administrative Region (HKSAR), speaks to the press in south China’s Hong Kong, March 30, 2021.